images
UN
UN
ပြည်သူတွေကောင်းစေချင်ရင် အညာမခံရအောင် အတွေ့အကြုံရှိတဲ့သူတွေနဲ့ဖလှယ်ပါ ပြည်သူတွေ အညာမခံရအောင် အလိမ်မခံရဖို့ဆိုတာ ပြည်သူတွေဒီမိုကရေစီစံနှုန်းနဲ့ ထိုက်တန်တဲ့သူတွေကို မဲထည့်ပါ
နေထက်ဝေ Monday, 22 June 2020
နိုင်ငံရေးပါတီ ၃ဝက ရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံရန်တောင်းခံစာပေးပို့သည့်အပေါ် ဒီမိုကရက် တစ်ပါတီ(မြန်မာ)ဒုတိယဥက္ကဋ္ဌ ဦးတင်ဆွေနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။

မေး။ နိုင်ငံရေးပါတီ ၃ဝက ရွေး ကောက်ပွဲကော်မရှင်နဲ့တွေ့
ဆုံဖို့ တောင်းခံစာပေးပို့တယ်။ ဘာ ကြောင့် ပေးပို့တယ်ဆိုတာ အဲဒီ အပေါ်မှာ သဘောထားမှတ်ချက် လေးလိုချင်ပါတယ်။
ဖြေ။ စာပေးပို့တာနဲ့ပတ်သက် ပြီးပြောချင်တာက ၁၂ရက်
နေ့မှာUECကအမိုးလုံဟောကြီးထဲ မှာ Demonstrationလုပ်ပြတယ် ကွာ။Demonstration လုပ်ပြတဲ့ အချိန်ကျတော့ ပါတီတွေကို မဖိတ် ဘဲနဲ့နိုင်ငံခြား NGOတစ်ခုကို ဖိတ် ပြီးတော့ကျွန်တော်တို့ဒီလိုလုပ်မယ်။ ကိုဗစ်ကာလမှာ ရွေးကောက်ပွဲကို ဒီလိုလုပ်မယ်။သူကမဲရုံတွေရဲ့ကိုယ် စားလှယ်ပုံတွေလုပ်ပြတယ်။လုပ်ပြ တော့အန်ကယ်က ဘာသွားသတိရ သလဲဆိုတော့အဲဒါကတို့ပါတီတွေ အပေါ်မှာယုံကြည်အောင်လုပ်ပြရ မှာလေ။ မဲထည့်မှာရယ်၊ ထောက် ခံမှာရယ်၊ ကန့်ကွက်မှာရယ်၊ ပြော မှာတွေက ပါတီတွေလေ။ ဒီNGOက ပြောမှာ မဟုတ်ဘူးလေ။၂ဝ၁၅ တုန်းကနိုင်ငံရေးပါတီတွေ ဦးတင် အေးက အားလုံးကိုခေါ်ပြီးတော့ တိုင်းရင်းသားကိုယ်စားလှယ်ဆိုရင် ဘယ်လိုဟာမျိုးထည့်တယ်။ Demonstration လုပ်ပြတော့ နိုင်ငံရေး ပါတီတွေက ထောက်ပြလို့ရတာ ပေါ့နော်။ထောက်ပြတော့ပြောလိုက် ပါသေးတယ်။ဦးတင်အေး ခင်ဗျား ကတော့ ၂ဝ၁၅မှာ နာမည်ကောင်း နဲ့တက်ရမယ့်သူပဲ။ သူကပြန်ပြော တယ်။ ဦးတင်ဆွေရာ မဆဲရင် ကံကောင်းပေါ့။ တို့ပြောချင်တာ သူတို့လုပ်တာ သဘောကျလား။ ဘာတွေလိုလဲ။ ဖြည့်စွက်လို့ရတာ ပေါ့နော်။ အခုက တို့ပါတီတွေနဲ့ ဆိုင်တဲ့Issue ကို နိုင်ငံခြားNGO တစ်ခုကိုလုပ်ပြတယ်ဆိုတော့ ဒါက ပြိုင်ပွဲဝင်မှာတို့လေ။ ပြိုင်ပွဲဝင်မယ့် သူတွေကိုမပြောဘဲနဲ့ နိုင်ငံခြားက ထောက်ပံ့တဲ့ NGOတစ်ဖွဲ့ကိုလုပ် ပြတယ်ဆိုတော့နိုင်ငံရေးပါတီတွေ တောင်းဆိုတယ်ဆိုတာလည်း ယုံ ကြည်မှု၊သူတို့ပြောတဲ့ စံ(၅)စံပေါ့။ စံ (၅) စံက အင်မတန်ကောင်းပါ တယ်။ စံ(၅)စံကို လိုက်နာဖို့က အပေါ်မဟုတ်ဘူး။ မဲရုံမှာ မဲထည့် တဲ့အောက်ခြေမှာရှိတဲ့ ရပ်ကွက်၊ ကျေးရွာအုပ်စု၊ မြို့နယ်၊ အဲဒီမဲရုံမှာ ရှိတဲ့လူကြီးတွေကို အဲ့ဒီ စံ(၅)စံနဲ့ ညီလား၊မညီလား၊ သူတို့က အရေး ကြီးတာ။ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က စံ(၅)စံ ထုတ်ပြန် တာကို အောက်က သူ့ရဲ့ညွှန်ကြား ချက်အတိုင်းလိုက်နာမလား၊မလိုက် နာဘူးလားဆိုတာ ငါတို့က စိုးရိမ် တာ။ ဒါကို ဘယ်လိုပေတံနဲ့တို့က ထိန်းမလဲ။တို့ကဒါတွေမေးချင်တာ ပေါ့။ဒါကြောင့်ဒီကိစ္စနဲ့ပတ်သက်လို့ ရွေးကောက်ပွဲလည်းနီးတဲ့အတွက် တို့ရဲ့သဘောထားကတော့ ပါတီ တွေများများနဲ့တောင်းဆိုရင်တော့ တွေ့ပါလိမ့်မယ်ဆိုပြီးတော့ တို့က တောင်းဆိုတာပါ။

မေ။ UECအနေနဲ့ ရန်ကုန်မှာ နိုင်ငံရေးပါတီတွေနဲ့တွေ့
မယ်လို့လည်းပြောထားတယ်။ အဲဒီ လိုတွေ့ရင်ရော နိုင်ငံရေးပါတီတွေ အနေနဲ့ဘာတွေကို အဓိကထား တင်ပြဖို့ ရှိနိုင်သလဲခင်ဗျ။
ဖြေ။ ဟုတ်တယ်။ ဖိတ်စာလည်း ပို့ထားပြီးပြီ။အဲဒီလိုတွေ့ရင်
တော့တို့ပါတီ ၃ဝကျော်က အချက် ၁ဝ ချက်ကျော်လောက်တင်ထား တယ်လေ။ ဒါက ယေဘုယျလေ။တစ်ပါတီချင်းမှာလည်းIssue တွေ ရှိတယ်။ ဥပမာ-ချင်းပြည်နယ်ဆို ချင်းပြည်နယ်Issue က ပါလာ မယ်လေ။မဟုတ်ဘူးလား။တိုင်း ရင်းသားတွေဒေါက်တာတူးဂျာတို့ ဆိုရင်လည်း သုံးပါတီပေါင်းထား တယ်။ မွန်လည်း သုံးပါတီပေါင်း ထားတော့ သုံးပါတီရဲ့အမြင် သူတို့ ဒေသရဲ့အခက်အခဲတွေပါလာမှာ ပေါ့နော်။ ဒီ ၁ဝချက်ကျော်ဆိုတာ လည်းတော်တော်များများက လက် ရှိဖြစ်နေတဲ့အပေါ်မှာ မူတည်တာ ပေါ့။ တို့မသိနိုင်တဲ့ တစ်ပါတီချင်း မှာလည်း ရှိဦးမှာပေါ့နော်။ ဒါ ကြောင့်မို့ ၁ဝချက်မကဘူးလို့ပြော ချင်တာ။
မေး။ အခုUECကို မတွေ့ရသေး ဘူး။
ဖြေ။ မတွေ့ရသေးဘူး။ လာမယ့် ၂၆ ရက်နေ့မှာ စစ်သံရုံးက
Code of Conduct လုပ်တယ်လေ။ Code of Conduct ကိုMelia Hotel အဲ့ဒီမှာ ပါတီခေါင်းဆောင် တွေနဲ့အသိအမှတ်ပြုလက်မှတ်ထိုး မယ်။UEC နဲ့ ။ အဲ့ဒီမှာ ဝမ်းသာ စရာတစ်ခုကမင်းကိုကြိုပြောလိုက် မယ်။ ဘာဖြစ်ဖို့များလဲဆိုတော့ နိုင်ငံတော်အမျိုးသားခေါင်းဆောင် တွေရဲ့ အမှတ်လက္ခဏာတို့၊ သင်္ကေတတို့နဲ့ဆိုင်တဲ့ ရွေးကောက် ပွဲကို ပြိုင်ဆိုင်တာတော့ တို့ဘက် ကနေ လက်မခံဘူးပေါ့နော်။အဲ့ဒါ လေးများUEC ကအတည်ပြုလိုက် ရင်တော့ဝမ်းသာစရာပဲ။ဘာဖြစ်လို့ လဲဆိုတော့ ၁၉၅၈ မတိုင်ခင် အိမ် စောင့်အစိုးရလက်ထက်မှာ တို့ရွေး ကောက်ပွဲ လုပ်သေးတယ်လေ။တည်မြဲ၊ သန့်ရှင်း၊ ရွေးကောက်ပွဲ လုပ်တဲ့အခါကျတော့ တည်မြဲက ဖဆပလကြီးတည်ရှိနေရမယ်ဆိုပြီး တော့ သူကရွေးကောက်ပွဲကျတော့ တည်မြဲ ဖဆပလခေါင်းဆောင်တွေ က ဖဆပလ ခေါင်းဆောင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို ကပ်ခွင့် တောင်းတယ်။တောင်းတဲ့အခါကျ တော့ ဗိုလ်နေဝင်းလက်ထက်လေ။သူကလည်း မျှမျှတတမှန်မှန်ကန် ကန်လုပ်တဲ့သူလေ။သူကိုယ်တိုင်က ရွေးကောက်ပွဲကို မျှမျှတတ မှန်မှန် ကန်ကန်လုပ်မယ်ဆိုပြီး မင်းလည်း သိတဲ့အတိုင်းဗိုလ်မှူးကြီးတော်တော် များများလည်းပြုတ်သွားတယ်လေ။ ဘက်လိုက်လို့။ အဲဒီတော့သူကဘာ လုပ်လဲ။ ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားခေါင်းဆောင်တဲ့။
ပါတီ တစ်ခုရဲ့ ခေါင်းဆောင်မဟုတ်ဘူး ဆိုပြီးတောင်းတာခွင့်ပြုချက်မရဘူး ပေါ့နော်။ အဲဒီတော့ တို့ကလည်း ဦးနေဝင်းလုပ်ပေးတဲ့ဟာကိုသွားပြီး သတိရလို့ ပြီးခဲ့တဲ့ ၂ဝ၁၅မှာ ပါတီ ကြီးတစ်ခုကအမျိုးသားခေါင်းဆောင် ကြီးရဲ့ပုံရိပ်တွေကိုချိတ်တာတို့၊ဘာ တို့လုပ်တဲ့အခါရှိတဲ့အခါကျတော့ ဦးနေဝင်းလက်ထက်က မှန်မှန်ကန် ကန်ဘက်မလိုက်ဘဲ လုပ်တဲ့အခါ ကျတော့ ဒါလေးတွေ ထောက်ပြဖို့ ရှိတယ်ပေါ့။
မေး။ လာမယ့် ၂ဝ၂ဝရွေးကောက် ပွဲအတွက် ဘာများပြည်သူ
ကို သတင်းစကားပါးချင်ပါသလဲ ခင်ဗျ။
ဖြေ။ ဒီမိုကရေစီစနစ်ဆိုတာက အမေရိကန်သမ္မတကြီးသော
မတ်စ်ဂျက်ဖဆင်ပြောခဲ့တာလေးကို အရမ်းသဘောကျတာ။ အခုဆန္ဒပြ လို့ သောမတ်စ်ဂျက်ဖဆင်ရဲ့ကြေး ရုပ်တောင်လဲသွားတယ်။စိတ်တောင် မကောင်းဘူး။ ဒါဒီမိုကရေစီသွား မယ့်နေရာမှာ စံပြပုဂ္ဂိုလ်ကြီးလို တော်တော်လေးကိုလေးစားတယ်။ ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင် လွတ်လပ်ရေးကြေညာစာတမ်းကို ရေးခဲ့တယ်။ဒီမိုကရေစီနဲ့ပတ်သက် ပြီးတော့လည်းအဓိပ္ပာယ်ဖွင့်ဆိုခဲ့ တယ်လေ။ဒီမိုကရေစီဆိုတာဘယ် လိုထိုက်တန်သလဲဆိုတာအဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်လေ။ ဒီမိုကရေစီသွား မယ့်သူတွေက အင်မတန်မှတ်သား သင့်တယ်။အဲ့ဒါကြောင့်မို့ ပြည်သူ တွေကိုပြောချင်တာ။ ပြည်သူတွေ က မိမိနဲ့တန်တဲ့အစိုးရကို မိမိတို့ရ တာပါ။ တည်မြဲ၊ သန့်ရှင်းကွဲတဲ့ အခါကျတော့ တည်မြဲရှုံးတဲ့အခါ ကျတော့ ဦးဘဆွေက ပြောခဲ့တယ် လေ။ ခင်ဗျားတို့နဲ့တန်တဲ့အစိုးရ ခင်ဗျားတို့ရွေးလိုက်တာလို့။ သော
မတ်စ်ဂျက်ဖဆင်ရဲ့အဆိုအမိန့်ရယ်၊ ဦးဘဆွေရဲ့ ပြောလိုက်တဲ့စကား ရယ်ကိုအရမ်းကြိုက်တာပဲ။ ပြည် သူတွေတော်နေရင် ညံ့တဲ့သူတက် လို့မရဘူး။ဒါဒီမိုကရေစီစနစ်၊ပါတီ စုံစနစ်မှာ အာဏာရှင်စနစ်မဟုတ် ဘူး။ အာဏာရှင်စနစ်က ပြည်သူ ညံ့တာတော်တာနဲ့မဆိုင်ဘူး။တက် လာတဲ့ အာဏာရှင်ပေါ်မူတည် တယ်။ ဒါကြောင့် ပြည်သူတွေကို ပြောချင်တာကိုယ်နဲ့တန်တဲ့အစိုးရပဲ ကိုယ်ရမယ်။ လောဘကြီးလို့မရ ဘူး။ အဲ့ဒါကြောင့် ကိုယ်မြင့်ရင် အစိုးရမြင့်မယ်။ပြည်သူတွေကောင်း စေချင်ရင်အညာမခံရအောင်အတွေ့ အကြုံရှိတဲ့သူတွေနဲ့ဖလှယ်ပါ။ လာ မယ့်ရွေးကောက်ပွဲမှာ ပြည်သူတွေ အညာမခံရအောင် အလိမ်မခံရဖို့ ဆိုတာပြည်သူတွေဒီမိုကရေစီစံနှုန်း နဲ့ ထိုက်တန်တဲ့သူတွေကို မဲထည့် ပါလို့ပဲ ပြောချင်ပါတယ်။