images
UN
UN
ကော်မရှင်နဲ့နိုင်ငံရေးပါတီတွေ ကင်းကွာနေတာဖြစ်တဲ့အတွက် လာမယ့် ၂ဝ၂ဝ မှာ မှန်မှန်ကန်ကန် တိတိကျကျနဲ့ နောင်တက်လာမယ့် အစိုးရကို ရွေးချယ်ပေးနိုင်ဖို့ရည်ရွယ်ပြီး တောင်းဆိုရတာဖြစ်ပါတယ်
နေထက်ဝေ Wednesday, 24 June 2020
နိုင်ငံရေးပါတီ ၃ဝ က ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံရန် တောင်းခံစာပေးပို့သည့်အပေါ် ဇွန် ၂၄ ရက် (ယနေ့)တွင် ပြည်ထောင်စုလယ်သမား၊ အလုပ်သမားအင်အားစုပါတီဥက္ကဋ္ဌ ဦးမင်းသူနှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။
မေး။ နိုင်ငံရေးပါတီ ၃ဝ က ရွေးကောက်ပွဲကော်မရှင်နဲ့
တွေ့မယ်ဆိုပြီး တောင်းဆိုထား တာရှိတယ်။အချက် ၁၂ ချက်ပေါ့။အရင်ကလည်းတောင်းဆိုမှုတွေ ရှိတယ်။ဘာကြောင့်ပေးပို့ရတယ် ဆိုတဲ့ရည်ရွယ်ချက်ပေါ့။အဲ့ဒါကို သိချင်ပါတယ်။
ဖြေ။ ဘာကြောင့်ပေးပို့ရလဲဆို တော့ ကျွန်တော်တို့နိုင်ငံ
တစ်နိုင်ငံမှာအထွေထွေရွေးကောက် ပွဲကျင်းပတော့မယ်ဆိုရင် ကော်မရှင် ကအဓိကပဲဗျ။ အဲ့လိုကော်မရှင် အဓိကဆိုတဲ့နေရာမှာ ကျွန်တော်တို့ နိုင်ငံမှာက အစိုးရနှစ်ဆက်ပေါ့။ ၂ဝဝ၈ ဖွဲ့စည်းပုံနဲ့ အစိုးရနှစ်ဆက် ပေါ်ပေါက်လာပြီးသွားပြီ။ နံပါတ် (၁)အချက်ကသမ္မတကြီးဦးသိန်းစိန် ခေါင်းဆောင်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီပေါ့ နော်။ ပြည်ခိုင်ဖြိုးပါတီဦးဆောင် သော သမ္မတလက်ထက်မှာတုန်း ကဆိုရင် ကျွန်တော်တို့ပြည်သူတွေ အားလုံးက စစ်အာဏာရှင်၊ စစ် အာဏာရှင် ခေါ်ဝေါ်သုံးစွဲပြီးတော့ မှ တစ်ဖက်ပြောင်းလာတဲ့ ဗိုလ်ချုပ် ကြီးတင်အေး ကော်မရှင်လက် ထက်တုန်းကတောင်မှ ကျွန်တော် တို့အပေါ်ကို ကျောသား၊ ရင်သား မခွဲခြားဘဲနဲ့ အမြဲတမ်းတွေ့တယ်။ ဒီမိုကရေစီစနစ်ကို ကောင်းစွာ ဖော်ဆောင်ပေးနိုင်ခဲ့တယ်ပေါ့။ လက်ရှိအရပ်သားအစိုးရနဲ့ အရပ် သားကော်မရှင် လက်ထက်အခါ ကျတော့ မတူတော့ဘူးဖြစ်သွား တယ်ဗျ။ ကျွန်တော်တို့ မျှော်လင့်ခဲ့ တာတွေက အလကားဖြစ်ကုန် တယ်။ကျွန်တော်တို့နိုင်ငံရေးပါတီ တွေကို လျစ်လျူရှုထားတယ်လို့ လည်းတွေ့မြင်နေရတယ်။နောက် ဘာအဆိုးဆုံးလဲဆိုတော့ လက်ရှိ အစိုးရဖွဲ့ထားတဲ့ ပါတီဝင်တွေနဲ့ တချို့သော ပါတီခေါင်းဆောင် တွေမှာတောင် ဥပဒေအနည်းငယ် ချိုးဖောက်တာလေးတွေရှိတယ်ဗျ။အဲဒီမှာကျတော့ ပြောမယ်ဆိုရင် ကျောသားရင်သားခွဲခြားတာလေး တွေ တွေ့နေရတယ်။ကော်မရှင်က ပြတ်ပြတ်သားသားဆောင်ရွက်တာ တွေ မတွေ့ရဘူးပေါ့။ ကျွန်တော် တို့နိုင်ငံရေးပါတီတွေနဲ့လည်းကင်း ကွာနေတယ်ပေါ့ဗျာ။ပြောရမယ် ဆိုရင် ကော်မရှင်နဲ့နိုင်ငံရေးပါတီ တွေကင်းကွာနေတာဖြစ်တဲ့အတွက် လာမယ့် ၂ဝ၂ဝ မှာ မှန်မှန်ကန်ကန် တိတိကျကျနဲ့နောင်တက်လာမယ့် အစိုးရကို ရွေးချယ်ပေးနိုင်ဖို့ရည် ရွယ်ပြီး တောင်းဆိုရတာဖြစ်ပါ တယ်။
မေး။ လာမယ့် ၂၇ ရက် နေ့မှာ နိုင်ငံရေးပါတီတွေနဲ့ ရွေး
ကောက်ပွဲကော်မရှင်နဲ့တွေ့မယ်။အစ်ကိုတို့တင်ပြထားတာလည်း ၁၂ ချက်ပေါ့။ တွေ့ပြီဆိုရင်ရော အစ်ကိုတို့အနေနဲ့ဘာတွေများ ထပ် ပြီး တောင်းဆိုဖို့ရှိသေးလဲ။
ဖြေ။ ဒါကတော့ ရွေးကောက် ပွဲကော်မရှင်ကနေ ဘယ်
လိုတုံ့ပြန်မလဲပေါ့။ အဲ့ဒီအပေါ်မှာ မူတည်ပြီးတော့ တောင်းဆိုရမှာ ပါဗျ။ ဒီအချက် ၁၂ ချက်ထဲက ပေါ့နော်။

မေး။ အဲ့ဒါဆိုရင် ရွေးကောက် ပွဲကော်မရှင်က အစိုးရတစ်
ရပ်ပါတီတစ်ရပ်ကို ထောက်ပံ့ ပေးတဲ့ပုံစံမျိုးဖြစ်သွားနိုင်တာပေါ့။လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ အဲဒါနဲ့ပတ်သက်ပြီး ဖြည့်စွက် ပြောပေးပါလားဗျ။
ဖြေ။ ကျွန်တော်က ဘယ်ဘက် မှ ဘက်မလိုက်ဘဲပြော
ရရင်တော့ ဗိုလ်ချုပ်ကြီးတင်အေး လက်ထက်တုန်းကလည်း အယုံ အကြည်မရှိပါတို့၊ ဘာတို့ ဝိုင်းပြီး တော့ပြောကြတာပဲ။ ဒါပေမဲ့ လက်ရှိ ဒီအစိုးရလက်ထက်မှာကျ တော့ မျက်ဝါးထင်ထင်မတွေ့ရ သော်ငြားလည်း တချို့သောမီဒီယာ တွေရဲ့ အားနည်းမှုကြောင့် ဘာမှ မပြောချင်တော့တဲ့ နိုင်ငံရေးပါတီ တွေလည်း အများကြီးပေါ့ဗျာ။ပြောရမယ်။ အဲတော့ ကျွန်တော် တို့က ယုံကြည်နိုင်၏၊ မယုံကြည် နိုင်၏ဆိုတာ ဒီကော်မရှင်ရဲ့ လက် တွေ့ကျကျလုပ်ဆောင်နေတာကို မီဒီယာတွေဖော်ပြပေးမှသာလျှင် ပိုပြီးအဆင်ပြေမယ်လို့ပဲပြောချင် ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ရပ် ကို စောင့်ကြည့်ရမယ်လို့ပြောချင် တာပေါ့။
မေး။ လာမယ့် ၂ဝ၂ဝ ရွေး ကောက်ပွဲမတိုင်ခင်မှာပေါ့။
အစ်ကို့အနေနဲ့ ပြည်သူကို ဘာများ သတင်းစကား ပြောချင်ပါသလဲ ခင်ဗျ။
ဖြေ။ ကျွန်တော်ကတော့ ပြည် သူတွေကိုပေါ့နော်။ အမျိုး
သားနိုင်ငံရေးနဲ့ အစဉ်အမြဲ အုပ်ချုပ် နိုင်မယ့်ပါတီတွေနဲ့ ကျွန်တော်တို့ ပြည်သူတွေကို ကျောသား၊ ရင် သားမခွဲခြားဘဲ၊ လူမျိုး၊ ဘာသာ မခွဲခြားဘဲ အုပ်ချုပ်နိုင်မယ့် မင်း အစိုးရကောင်းဖြစ်နိုင်မယ့်ပါတီတွေ ကို မဲပေးပါလို့ပဲ ပြောချင်တာပေါ့။