images
UN
UN
ကော်မရှင်ဟာ သမာသမတ်ကျတယ် မကျဘူးဆိုတာ ရွေးကောက်ပွဲပြီးမှဆုံးဖြတ်နိုင်မယ် ဘာပဲပြောပြော ပြီးခဲ့တဲ့ ယခင်ကော်မရှင်ကို မမီဘူးလို့ပြောချင်တယ်
နေထက်ဝေ Thursday, 25 June 2020
နိုင်ငံရေးပါတီ၃ဝက ရွေးကောက်ပွဲကော်မရှင်နှင့်တွေ့ဆုံရန် တောင်းခံစာပေးပို့သည့်အပေါ် အင်းအမျိုး သားဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့်တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြပေးလိုက်ပါသည်။
မေး။ ။ နိုင်ငံရေးပါတီ ၃ဝ က ရွေးကောက်ပွဲကော်မရှင်
နဲ့တွေ့မယ်ဆိုပြီး တောင်းဆိုထား တာရှိတယ်။ အချက် ၁၂ချက်ပေါ့။အရင်ကလည်း ပေးပို့တာတွေရှိ တယ်။ ဘာကြောင့်ပေးပို့ရသလဲ ဆိုတာကို သိလိုပါတယ်။
ဖြေ။ ။ အဓိကတော့ ကျွန်တော် တို့ကော်မရှင်နဲ့တွေ့ချင်ပါ
တယ်။ ရွေးကောက်ပွဲနီးလာပြီဖြစ် တဲ့အတွက် ကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေနဲ့ တွေ့သင့်ပါ တယ်။ အဲ့ဒါအပြင် ဦးသိန်းစိန် အစိုးရလက်ထက်နဲ့ နှိုင်းယှဉ်မယ် ဆိုရင် ဦးတင်အေးကော်မရှင်ဟာ တစ်နှစ်မှာ တစ်ခါ၊ နှစ်ခါလောက် တွေ့တယ်။ တွေ့ပြီးတော့မှ ရွေး ကောက်ကိစ္စရော၊ပါတီစည်းရုံးရေး ကိစ္စရော လိုအပ်သလို ညှိနှိုင်း ပြောဆိုမှုတွေရတယ်။ ဒီကော်မရှင် အသစ်မှာကတော့ သက်တမ်းက ငါးနှစ်ပြည်တော့မယ်။ ကျွန်တော် တို့ကသုံးကြိမ်၊ လေးကြိမ်လောက် ပဲ တွေ့သေးတာ။ သုံးကြိမ်၊ လေး ကြိမ်လောက်တွေ့ပြီးတော့မှ ပါတီ တွေရဲ့ လိုအပ်ချက်တွေကို တင်ပြ ရတာ။ အထူးသဖြင့် ရွေးကောက် ပွဲကော်မရှင်က ခေါ်မတွေ့ရင် တော့ မဖြစ်တော့ဘူးဆိုပြီးတော့ ကျွန်တော်တို့သဘောထားအရ ကော်မရှင်ကို တွေ့ခွင့်တောင်း လိုက်ရတာပါ။ နိုင်ငံရေးပါတီ အပေါ်မှာ ကျွန်တော်တို့နိုင်ငံရေး ပါတီတွေအနေနဲ့ အကြိမ်ကြိမ် သဘောထားထုတ်ပြန်ချက်တွေရှိခဲ့ တယ်။နိုင်ငံတော်သမ္မတကြီးနဲ့တွေ့ ခွင့်တောင်းတာလည်းကျွန်တော်တို့ တွေ့ခွင့်မရဘူး။ တကယ်လို့သာ ကော်မရှင်နဲ့မတွေ့ရဘူးဆိုရင် ရွေး ကောက်ပွဲကြီးက အောင်အောင် မြင်မြင်နဲ့ဖြစ်သွားမှာမဟုတ်ဘူး။ကျွန်တော်တို့ပါတီတွေမရှိရင်ကော် မရှင်ဆိုတာလည်း ရှိမှာမဟုတ် ဘူး။ ကော်မရှင်ရဲ့လိုအပ်ချက်ကို ကျွန်တော်တို့က ဖြည့်ဆည်းပေး ရမယ်။ ကျွန်တော်တို့လိုအပ်ချက် ကို သူက ဖြည့်ဆည်းပေးရမယ်။ ကျွန်တော်တို့တွေ့ဆုံခြင်းဟာ ရွေး ကောက်ပွဲအောင်မြင်ရေးအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တဲ့ အတွက် ကျွန်တော်တို့ တွေ့ချင်ပါ တယ်။ တွေ့ချင်တာတောင် ဆော လျင်စွာတွေ့ချင်တယ်။ အဲ့ဒီမှာ အောက်ခြေမှာရှိတဲ့ အခက်အခဲ၊ ရွေးကောက်ပွဲမှာ လိုအပ်ချက်လေး တွေပြောမှာဖြစ်တဲ့အတွက်တောင်း ဆိုထားခြင်းဖြစ်ပါတယ်။
မေး။ ။ ဒီတောင်းဆိုထားတဲ့ အချက် (၁၂)ချက်ထဲမှာ
နိုင်ငံခေါင်းဆောင်တွေရဲ့ ပုံရိပ်ကို အသုံးချပြီး မဲဆွယ်ဆောင်ရွက်တာ တို့ ဘာတို့ ပါပါတယ်။ဒီအချက် တွေထဲမှာ ဘယ်အချက်တွေနဲ့ ပတ်သက်ပြီးပြောလိုပါသလဲ။
ဖြေ။ ။ ဗိုလ်ချုပ်အောင်ဆန်းက တော့ တစ်ဦးတည်း၊တစ်
ပါတီတည်းပိုင်ဆိုင်တာမဟုတ်ဘူး။ ကျွန်တော်တို့ နိုင်ငံတော်နဲ့ပါတီ တွေအားလုံးက လေးစားရတဲ့ ခေါင်းဆောင်လည်းဖြစ်တယ်။အဲ့ဒီပုံရိပ်ကို တစ်ပါတီတည်းကနေ ပြီးတော့မှသုံးနေတာကတော့ မတော်ပါဘူး။
မေး။ ။ လာမယ့် ၂၇ ရက်နေ့ဆို ရင် ရွေးကော်ပွဲကော်မရှင်
နဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံမယ် ပေါ့။ ဆရာတို့အနေနဲ့ရော ဘာ တွေတင်ပြဖို့ရှိပါသလဲ။
ဖြေ။ ။ကျွန်တော်တို့ နိုင်ငံရေး ပါတီ ၃ဝ ကတော့ ကော်
မရှင်နဲ့တွေ့ပြီးတော့ အချက် (၁၂) ချက်တင်ပြပါ့မယ်။ တရားဝင် တင်ပြပါ့မယ်။ ကျွန်တော်တို့ ပါတီကလည်း အဲ့ဒီအချက် ၁၂ ချက်ထဲမှာ မပါတဲ့ကိစ္စလေးတွေ လည်းအနည်းငယ်ရှိပါတယ်။
မေး။ ။ ဒီအချက်(၁၂)ချက်ထဲ မှာ ရွေးကော်အနေနဲ့ ဆောင်
ရွက်မပေးနိုင်တဲ့ အချက်အလက် တွေ၊ သဘောထားမညီညွတ်တဲ့ ကိစ္စတွေပါလာခဲ့ရင် ဘာများပြော လိုပါသလဲ။

ဖြေ။ ။ ကျွန်တော်တို့ကတော့ တင်ပြမှာပဲပေါ့။ မလိုက်
လျောလို့ရှိရင် သမိုင်းမှာ တရားခံ ဖြစ်ပြီးတော့ ကျွန်တော်တို့ပါတီ ၃ဝ ဆိုရင်လည်း ဒီနိုင်ငံရဲ့ ပါတီ ပေါင်း ၉ဝ ကျော်မှာအရေအတွက် အားဖြင့် ရှိရင်သုံးပုံတစ်ပုံလောက် ရှိပါတယ်။ ကျွန်တော်တို့တိုင်းရင်း သားပါတီတွေကလည်း ပြောထား တဲ့ စံ(၅)ချက်အတိုင်း လုပ်မယ် ဆိုရင် ကျွန်တော်တို့အလေးအနက် ထားစဉ်းစားပေးရမှာ သူ့တာဝန်ပဲ ဖြစ်ပါတယ်။
မေး။ ။ ကျွန်တော်တို့ရွေးကောက် ပွဲကော်မရှင်ဟာ အစိုးရ၊
ပါတီတစ်ရပ်ရပ်အတွက်အထောက် အပံ့ပေးတဲ့ပုံစံမျိုး ဖြစ်နေတယ်လို့ ဝေဖန်သုံးသပ်တာတွေရှိပါတယ်။ ဒါတွေနဲ့ပတ်သက်ပြီး လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ပြည် သူကို ဘယ်လိုသတင်းစကားမျိုး ပြောလိုပါသလဲ။
ဖြေ။ ။ ဖွဲ့စည်းပုံမှာဆို အနိုင်ရတဲ့ ပါတီက ရွေးချယ်ခံကိုယ်
စားလှယ်ဖြစ်ခဲ့တယ်။ ဦးတင်အေး ခေါင်းဆောင်တဲ့ ကော်မရှင်တုန်း က ပြတ်ပြတ်သားသား၊ တည် တည်ငြိမ်ငြိမ်၊ မှန်မှန်ကန်ကန်နဲ့ ဆုံးဖြတ်ခဲ့တာတွေ့ရပါတယ်။ ဒီကနေ့ရွေးကောက်ပွဲကော်မရှင်ဟာ ၂ဝ၁၅၊ ၂ဝ၁၇၊ ၂ဝ၁၈ အဲ့ဒီအတွေ့ အကြုံတွေနဲ့ ကျွန်တော်တို့ သုံး သပ်ကြည့်လိုက်တော့ ကန့်ကွက် လွှာတွေမှာ ပြည်ခိုင်ဖြိုးက အမြဲ တမ်းရှုံးတယ်လို့ ကျွန်တော်တို့ သိ ရတယ်။ အရင်၂ဝ၁ဝ ရွေးကောက် ပွဲမှာ ကျွန်တော်တို့လည်း ပြည်ခိုင် ဖြိုးနဲ့ ပြိုင်ခဲ့တယ်။ ပြည်ခိုင်ဖြိုး ပါတီက အင်းအမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီကို ကန့်ကွက် ခဲ့တယ်။ အဲ့ဒီတုန်းက ရွေးကောက် ပွဲကော်မရှင်က အင်းအမျိုးသားကို အနိုင်ပေးခဲ့တယ်။ ကျွန်တော်တို့ကို ပြည်ခိုင်ဖြိုးက ကန့်ကွက်ခဲ့တယ် ဆိုပေမယ့် ပြည်ခိုင်ဖြိုးက ရွေးပေး တဲ့ကော်မရှင်က ကျွန်တော်တို့ကို အနိုင်ပေးတယ်။ ဒီကော်မရှင် အသစ်လက်ထက်မှာ ကန့်ကွက် တာတွေကို သတင်းတွေမှာဖတ် ရတယ်။ နောက်ပြီးတော့ မကျေ လည်စရာအချက်တွေရှိတယ်။ဒါကြောင့် ၂ဝ၂ဝ ရွေးကောက်ပွဲ ပြီးရင် နောင်လာမယ့်ကော်မရှင် ဟာအနိုင်ရတဲ့ပါတီက မရွေးချယ် ဘဲနဲ့ တကယ့် သမာသမတ်ကျတဲ့ ဟာကို ရွေးချယ်လို့ရှိရင် နိုင်ငံရေး ပါတီတွေမှာအဲ့ဒီလိုပြဿနာရှိသွား မှာ မဟုတ်ဘူး။ ဦးသိန်းစိန်လက် ထက်က ဦးတင်အေးက သမာ သမတ်ကျစွာ လုပ်ခဲ့တယ်ဆိုတာ ကို သမိုင်းမှတ်တမ်းတင်သွားပြီ။ ကော်မရှင်ဟာလည်း သမာသမတ် ကျတယ်။ မကျဘူးဆိုတာ ရွေး ကောက်ပွဲပြီးမှ ဆုံးဖြတ်နိုင်မယ်။ ဘာပဲပြောပြော ပြီးခဲ့တဲ့ယခင်ကော် မရှင်ကို မမီဘူးလို့ပြောချင်တယ်။