images
UN
UN
ရာမို့စ်အား စာချုပ်သက်တမ်းတိုးပေးရန် ဇီဒန်းတောင်းဆို
Ref; Marca Thursday, 25 June 2020
ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်း ကနောက်ခံလူရာမို့စ်သည် အသင်း နှင့်အတူ ကစားသမားဘဝကုန်ဆုံး ရန်အထိ ထိုက်တန်မှုရှိသူဖြစ်သည် ဟု ပြောကြားလိုက်ပြီး ¤င်းအား စာချုပ်သက်တမ်း တိုးပေးရန် ဥက္ကဋ္ဌပီရက်ဇ်အား တောင်းဆို လိုက်သည်။ ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ရာမို့စ်၏ စာ ချုပ်သက်တမ်းသည်၂ဝ၂ဝ-၂ဝ၂၁ ဘောလုံးရာသီအကုန်တွင် ကုန် ဆုံးတော့မည်ဖြစ်သည်။ အသက် ၃၅ နှစ်ရှိပြီဖြစ်သော နောက်ခံလူ အား စာချုပ်သက်တမ်းတိုးရန် ရီး ရဲလ်မက်ဒရစ်ဘက်မှ တက်ြ<ွက သောလှုပ်ရှားမှုများ မရှိသေးသဖြင့် ဇီဒန်းကယခုကဲ့သို့သတိပေးစကား ပြောလိုက်ခြင်းလည်းဖြစ်သည်။
'' ရာမို့စ်ဟာ ဘယ်လိုကစား သမားမျိုး ဖြစ်တယ်ဆိုတာနဲ့ အသင်းအတွက် သူရဲ့ ပတ်သက်မှု က ဘယ်လောက်အထိရှိတယ်ဆို တာကို အားလုံးသိကြပါတယ်။ သူ ဒီမှာ ဆက်ရှိနေဖို့အတွက် ကျွန် တော်ကတော့ အမြဲတမ်းထောက် ခံနေမှာပါ။ သူဟာ ရီးရဲလ်မက် ဒရစ်အသင်းမှာ ကစားသမားဘဝ ကုန်ဆုံးချိန်အထိ ဆက်ပြီးရှိနေဖို့ ထိုက်တန်တဲ့သူလည်းဖြစ်ပါတယ်'' ဟု ရီးရဲလ်မက်ဒရစ်နည်းပြ ဇီဒန်း က ပြောကြားခဲ့သည်။
ရီးရဲလ်မက်ဒရစ်သည်မာယော့ ကာအား အိမ်ကွင်းတွင် အနိုင်ရရှိ ခဲ့ပြီးနောက် အမှတ်ပေးဇယားအား ဆက်လက်ဦးဆောင်ထားနိုင်သည်။ ¤င်းတို့သည် ယခုလ ၂၉ ရက်တွင် အက်စ်ပန်ညိုကွင်း၌ ယှဉ်ပြိုင်ရ မည်ဖြစ်ပြီး အမှတ်တူ ဘာစီလိုနာ မှာ ဆဲလ်တာဗီဂိုကွင်း၌ကစားရ မည်ဖြစ်သည်။