images
UN
UN
ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ မှီခိုသူသုံးဦးအား AA အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီး
Thursday, 25 June 2020
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ မိသားစုဝင် ကျားသုံးဦးအား ယမန်နေ့ မွန်းလွဲ ၃နာရီခွဲတွင် AA အကြမ်းဖက်သောင်းကျန်းသူများက ဖမ်းဆီးခေါ်ဆောင် သွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်သည်။
နယ်မြေခံတပ်ရင်းမှ စစ်သည်များ၏ မိသားစုဝင် ကျားသုံးဦးသည် ဆိုင်ကယ်နှစ်စီးဖြင့် ကြိမ်သာ ရွာဘက်သို့သွားရောက်ခဲ့ရာ ကြိမ်သာကျေးရွာသို့ရောက်ရှိစဉ် AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ၄င်းတို့၏ အမာခံများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များက ဖမ်းဆီးခံရသူ သုံးဦးအား ပြန်လည်ရှာဖွေကယ်ဆယ်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
AA အကြမ်းဖက်သောင်းကျန်းသူများနှင့် ၄င်းတို့၏အမာခံများသည် လက်နက်အားကိုးဖြင့် ၄င်းတို့ ၏ခိုင်းစေမှုအား ငြင်းဆန်သော အုပ်ချုပ်ရေးအဖွဲ့များနှင့်ဒေသခံများ၊ ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့်မိသားစုဝင်များ၊ အပြစ်မဲ့ပြည်သူများအားသတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် မတရားဖမ်းဆီးခေါ် ဆောင်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန်လျက်ရှိကြောင်း တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ထက်မြက်အောင်