images
UN
UN
မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက်နေ အမျိုးသမီးတစ်ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ
ကချင်မြေနဂါး Sunday, 28 June 2020

ကချင်ပြည်နယ် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃)မှတပ်ဖွဲ့ဝင်များ က မူးယစ်ဆေးဝါးရောင်းဝယ် သယ်ဆောင်လက်ဝယ်ထားရှိသူများ အား ဖော်ထုတ်ဖမ်းဆီးလျက်ရှိရာ မိုးညှင်းမြို့ နားခါမြောက်ရပ်ကွက် နေအမျိုးသမီးတစ်ဦးထံမှ မူးယစ် ဆေးဝါးများဖမ်းဆီးရမိသဖြင့် ဥပဒေ နှင့်အညီအရေးယူထားခဲ့သည်။
ဖြစ်ပွားပုံမှာ ယမန်နေ့ နံနက် ၉ နာရီမိနစ် ၅ဝ တွင် မိုးညှင်းမြို့ မူးယစ်တပ်ဖွဲ့စု(၃)မှ ရဲအုပ်ဝင်း ကျော်ကျော်၊တပ်ကြပ်ကြီးငွေထွန်း၊ တပ်ကြပ်ကြီးတင်မျိုး၊တပ်ကြပ်ကြီး အောင်မျိုးထွန်းတို့သည် မိုးညှင်း မြို့မရဲစခန်းမှ ဒုရဲအုပ်စန္ဒာစိုးနှင့်ပူး ပေါင်း၍ သက်သေများဖြစ်သော ဦးတင်အေး၊ ဦးဇော်ဝင်း၊ ဦးဝင်းဖေ တို့နှင့်အတူ မူးယစ်ဆေးဝါးသတင်း အရ မိုးညှင်းမြို့ နားခါမြောက် ရပ်ကွက် အိမ်အမှတ်(၁၁၄)နေ မစန်းစန်းမြင့်(ခ)မအစီကြီး၏နေ အိမ်အား ဝင်ရောက်ရှာဖွေခဲ့ကြ သည်။
မစန်းစန်းမြင့်(ခ)မအစီကြီး အား နေအိမ်တွင်အသင့်တွေ့ရ သဖြင့် ရဲအုပ်ဝင်းကျော်ကျော်နှင့် အဖွဲ့သည် သက်သေများရှေ့တွင် ရှာဖွေစစ်ဆေးကြရာ မစန်းစန်း မြင့်(ခ)မအစီကြီး၏အိပ်ခန်းအတွင်း ခုတင်ခေါင်းရင်းဝဲဘက်ရှိ အပြာ ရောင်ဆပ်ပြာခွက်ထဲမှဘိန်းဖြူဟု ယူဆရသည့်ဖြူ/ဝါမှုန့် အလေးချိန် (၇)ဂရမ်ပါတစ်ခွက်၊ မူးယစ်ဆေး ဝါးရောင်းချရငွေဟုယူဆရသည့် ငွေကျပ် ၂၅ဝဝဝဝ၊ ခုတင်ခြေရင်း အောက်ကြမ်းပြင်ပေါ်ရှိ အပြာ ရောင်ဆပ်ပြာခွက်ထဲမှ ဘိန်းဖြူဟု ယူဆရသည့် ဖြူ/ဝါမှုန့်အလေး ချိန်(၉)ဂရမ်ပါတစ်ခွက်နှင့်ပန်းရောင် ဆပ်ပြာခွက်ထဲမှ (၉) ဂရမ်ပါတစ် ခွက်၊ ခုတင်ဝဲဘက်ရှိသစ်သား စား ပွဲအောက်သေတ္တာပေါ်ရှိ ကတ်ထူ စက္ကူဘူးထဲမှ ဘိန်းဖြူဟု ယူဆ ရသည့်ဖြူ/ဝါမှုန့်အလေးချိန်သုည ဒသမ(၇)ဂရမ်ပါတစ်ဘူး၊ ခုတင် ခေါင်းရင်းသစ်သားတန်းပေါ်ရှိ ကတ်ထူဘူးအတွင်းရှိ အပြာရောင် ကပ်ခွာအိတ်ထဲမှ တံဆိပ်မပါ ပန်းရောင်စိတ်ြ<ွကဆေးပြား ၁၉ဝ ပါတစ်ထုပ်နှင့် ၁၂၅ ပြားပါ တစ်ထုပ်တို့အား ရှာဖွေတွေ့ရှိခဲ့ သဖြင့် ရဲအုပ်ဝင်းကျော်ကျော်က သက်သေခံပစ္စည်းများအား ဥပဒေ နှင့်အညီ သိမ်းဆည်းခဲ့သည်။
ထို့ကြောင့်မစန်းစန်းမြင့်(၄၄နှစ်) အိမ်အမှတ်(၁၁၄) နားခါမြောက် ရပ်ကွက် မိုညှင်းမြို့နေထိုင်သူအား မိုးညှင်းမြို့မရဲစခန်းမှ မယ(ပ) ၁ဝ၃/၂ဝ၂ဝပုဒ်မ၁၉(က)/၂ဝ(က) ဖြင့် အမှုရေးဖွင့်ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သိရသည်။