images
UN
UN
အောင်ပွဲခံမှုများကို ပရိသတ်များဘက်မှ ရပ်တန့်ခြင်းမရှိပါက ရာသီလက်ကျန်အိမ်ကွင်းပွဲစဉ်များကို လီဗာပူးပိတ်ပင်ခံရနိုင်ဖွယ်ရှိ
Sunday, 28 June 2020

လီဗာပူးပရိသတ်များ၏အောင် ပွဲခံမှုအစီအစဉ်များကို ရပ်တန့်ခြင်း မရှိပါက အသင်းအနေဖြင့် ရာသီ လက်ကျန်အိမ်ကွင်းပွဲများကို ကြား ကွင်းတွင်ယှဉ်ပြိုင်ကစားရမည့် အခြေအနေတွင်ရှိနေသည်။ လီဗာ ပူးအသင်းချန်ပီယံဖြစ်ပြီးနောက် ပိုင်း ပရိသတ်များ၏အောင်ပွဲခံမှု များမှာ လက်ရှိအချိန်ထိ မရပ်တန့် နိုင်ဖြစ်နေသည်။ လီဗာပူးအသင်း က မြို့တော်ခန်းမရှေ့တွင် များပြား သောလူစုလူဝေးဖြင့် ပရိသတ်များ အောင်ပွဲခံခဲ့ခြင်းကို သတင်းထုတ် ပြန်ချက်ဖြင့် ရှုတ်ချခဲ့ပြီးဖြစ်သည်။ သို့သော် လီဗာပူးပရိသတ်များ သည် အထင်ကရနေရာများတွင် အောင်ပွဲခံမှုများရပ်တန့်သွားသော် လည်း လမ်းများအတွင်း၌ အောင် ပွဲခံမှုများ ဆက်လက်ပြုလုပ်နေဆဲ ဖြစ်သည်။
လီဗာပူးအသင်းသည် မာဆေး ဆိုက်ဒ်ရဲအဖွဲ့၊ မြို့တော်ကောင်စီ၊ မြို့တော်ဝန်ဂျိုးအန်ဒါဆန်တို့နှင့် ပူး ပေါင်း၍ ပရိသတ်များ၏ကျန်းမာ ရေးဆိုင်ရာ လုံခြုံမှုမကင်းသော အောင်ပွဲခံမှုများကို တားဆီးနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။ သို့သော် အသင်းအနေဖြင့် ပွဲကစားသည့် ရက်များတွင် ကွင်းအနီး၌ ပရိ သတ်များ လာရောက်အောင်ပွဲခံကြ မည့် အခြေအနေကို စိုးရိမ်နေဆဲ ဖြစ်သည်ဟု သိရသည်။ လီဗာပူး သည် ယခုရာသီတွင် အိမ်ကွင်းပွဲ စဉ် သုံးပွဲယှဉ်ပြိုင်ကစားရန် ကျန် ရှိနေသေးသည်။
ဗီလာအသင်းအား လာမည့် တနင်္ဂနွေနေ့တွင် လက်ခံကစားရ မည်ဖြစ်ပြီး ဘန်လေနှင့် ချဲလ်ဆီး တို့ကိုလည်း လက်ခံကစားရဦး မည်ဖြစ်သည်။ မူလအစီအစဉ်များ အရ ချဲလ်ဆီးနှင့်ကစားမည့် အိမ် ကွင်းနောက်ဆုံးပွဲစဉ်တွင် ပရီးမီး ယားလိဂ်ဆုဖလားအား လက်ခံရ ယူရန်ဖြစ်သည်။ သို့သော် ပရိသတ် များ၏အပြုအမူများကို ထိန်းချုပ် နိုင်ခြင်းမရှိပါက ဒေသတွင်းကျန်း မာရေးဆိုင်ရာလုံခြုံမှုကို ဦးစားပေး သည့်အနေဖြင့် ကြားကွင်းတွင်သာ ပရီးမီးယားလိဂ်ဖလားအား လက် ခံရဖွယ်ရှိနေသည်။ လက်ရှိတွင် အသေးစိတ်ညှိနှိုင်းမှုများပြုလုပ်နေ ပြီဖြစ်ကြောင်း သိရသည်။
Ref; Dailymail