images
UN
UN
မန္တလေးမြို့လယ်ခေါင်တွင် သေနတ်ဖြင့်လူသတ်မှုကျူးလွန်သူများကို ဖမ်းမိစစ်ဆေးနေ
ရွှေမြင့်ဦး(ရွှေပြည်သာ) Monday, 29 June 2020

မန္တလေးမြို့လယ်ခေါင်တွင် သေနတ်ဖြင့်လူသတ်မှုကျူးလွန်ရန် အားထုတ်သူများကို ဖမ်းဆီးရမိ စစ်ဆေးနေကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
ယမန်နေ့ ည ၈နာရီခွဲခန့်က ပြည်ကြီးတံခွန်မြို့နယ် စက်မှု (၁) နယ်မြေနေအသက် (၁၇နှစ်)အရွယ် အမျိုးသားသည်ရည်းစားဖြစ်သူနှင့် အတူ ဆိုင်ကယ်ဖြင့် ကျုံးတောင် ဘက်ခြမ်းအရှေ့မှအနောက်၂၆လမ်း အတိုင်း မောင်းနှင်လာစဉ်၇၈လမ်း နှင့် ၇၉လမ်းကြားအရောက် မီးပွိုင့် တွင် မီးနီ၍ရပ်စောင့်နေစဉ် အမည် မသိ အမျိုးသားနှစ်ဦးစီးနင်းလာ သည့် ဆိုင်ကယ်တစ်စီး ၄င်းတို့ နောက်မှရောက်ရှိလာကာ သေနတ် ဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၁၇နှစ်) အရွယ်အမျိုးသားတွင်နံဘေးဖောက် ဝင်ထိခိုက်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ ဆောင်၍ ဆေးဝါးကုသမှု ခံယူ လျက်ရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ဒဏ်ရာ ရသူ၏ဖခင်က အမှတ်(၂) နယ် မြေရဲစခန်းတွင် အမှုဖွင့်တိုင်တန်း ခဲ့သဖြင့်ရဲစခန်းက(ပ)၁၁၆/၂ဝ၂ဝ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃ဝ၇/ ၃၂၆/၁၁၄တို့ဖြင့်ကနဦး အမှုဖွင့် လှစ်ပေးခဲ့ပြီး ကျုးလွန်သူများအား ဖမ်းဆီးရမိရေးအတွက်တိုင်းဒေသ ကြီးနှင့်ခရိုင်မှုခင်းအကူဌာနစိတ်၊ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများမှ နယ်ထိန်းတပ်ဖွဲ့ဝင်များကချက်ချင်း လိုက်လံဖမ်းဆီးရာ လမင်းနိုင်(ခ) ဝမ်းဝမ်း၊ စိုင်းသူရဦး၊ မင်းသူရိန်ခန့် တို့အား မဟာအောင်မြေမြို့နယ် တွင် ဖမ်းဆီးရမိခဲ့ပြီး သေနတ်ဖြင့် ပစ်ခဲ့သူ ရဲမာန်(ခ)ဝေယံကျော်ကို စစ်ကိုင်းတိုင်းဒေသကြီး ညောင်ပင် ဝန်း နယ်မြေရဲစခန်းအပိုင်ဖြစ်သော ဒီပဲ ယင်းခွဲကျေးရွာတွင် ဖမ်းဆီး ရမိခဲ့ခြင်းဖြစ်ကြောင်း သိသည်။