images
UN
UN
စစ်တွေ-ရေချမ်းပြင်သွားကားလမ်း၌ AA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ဒေသန္တရလက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွား
Monday, 29 June 2020

ရခိုင်ပြည်နယ် စစ်တွေ-ရေ ချမ်းပြင်သွားကားလမ်းပေါ်၌ AAအကြမ်းဖက်သောင်းကျန်းသူများ က ဒေသန္တရလက်လုပ်ရီမုမိုင်း များထောင်ထားကြောင်း သတင်း ရရှိသဖြင့် တပ်မတော်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များက ယမန်နေ့က လိုက်လံရှင်းလင်းဖော်ထုတ်စဉ် ဒေသန္တရလက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့ပြီး
ဒေသန္တရလက်လုပ် ရီမုမိုင်းငါးလုံး ဖော်ထုတ်ရရှိခဲ့ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ယမန်နေ့ ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ စစ်တွေ-ရေချမ်း ပြင်သွားကားလမ်းတွင်AAအကြမ်း ဖက်သောင်းကျန်းသူများက မိုင်း ထောင်ထားကြောင်းတာဝန်သိပြည် သူများက သတင်းပေးပို့ခဲ့သဖြင့် ယမန်နေ့မွန်းလွဲပိုင်းတွင်တပ်မတော် အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များဖြင့် လိုက်လံရှင်းလင်း ဖော်ထုတ်ခဲ့ ကြောင်း၊ ထိုသို့ရှင်းလင်းဖော်ထုတ် စဉ် စစ်တွေမြို့နည်းပညာကောလိပ် (GTC) ရှေ့ရှိ စစ်တွေ-ရေချမ်း ပြင်သွားကားလမ်း၏ ဝဲယာဘက် ခြမ်းများ၌ ဒေသန္တရလက်လုပ် ရီမုမိုင်းနှစ်လုံးတွေ့ရှိခဲ့သဖြင့် ရှင်း လင်းဆောင်ရွက်ချိန်တွင်ကားလမ်း ၏ယာဘက်ခြမ်းရှိ ဒေသန္တရလက် လုပ် ရီမုမိုင်းတစ်လုံး ပေါက်ကွဲခဲ့ ကြောင်း၊ အဆိုပါမိုင်းပေါက်ကွဲမှု ကြောင့် ထိခိုက်မှုမရှိကြောင်းနှင့် အများပြည်သူများ အန္တရာယ်မဖြစ် စေရေး စစ်မြေပြင်အင်ဂျင်နီယာ တပ်ဖွဲ့ဝင်များကဆက်လက်စစ်ဆေး ဆောင်ရွက်စဉ် ဒေသန္တရလက်လုပ် ရီမုမိုင်း သုံးလုံး ထပ်မံတွေ့ရှိခဲ့ရပြီး သက်မဲ့ပြုလုပ်၍ စနစ်တကျသိမ်း ဆည်းခဲ့ကြောင်း အဆိုပါထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
AAအကြမ်းဖက်သောင်းကျန်းသူ များအနေဖြင့် ကျေးရွာများအနီးနှင့် အများပြည်သူများ အသုံးပြုလျက် ရှိသည့် ကားလမ်းများတွင် မိုင်း ထောင်၊ မိုင်းဆွဲတိုက်ခိုက်ခြင်းများ ဆောင်ရွက်လျက်ရှိခြင်းကြောင့်၂ဝ၁၇ ခုနှစ် နိုဝင်ဘာ ၃ဝရက်မှ ယနေ့ အထိ အပြစ်မဲ့ပြည်သူ၁၆ဦးသေဆုံး ခဲ့ကာ ၅၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။
မေနဒီမြနွယ်