images
UN
UN
မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အရန်ပါတီကော်မတီဝင်နှင့်အဖွဲ့ ကျေးရွာသုံးရွာ၌ Mask များ လိုက်လံဖြန့်ဝေ
ဝင်းအောင်(မိုးကောင်း) Monday, 29 June 2020
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အရန်ပါတီ ကော်မတီဝင် မြို့နယ်ပါတီစည်းရုံးရေးနယ်မြေ(၃)တွဲဖက်တာဝန်ခံ ဦးသန်းစိုးဦးဆောင်သောအဖွဲ့သည် ယနေ့ နံနက်ပိုင်းက လွဲလော၊ မန်ပင်နှင့် လွဲဆွန်းကျေးရွာတို့၌ ကျေးလက်နေပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်ရေးအထောက်အကူပြု နှာခေါင်းစည်း ၅ဝဝ ကို လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။