images
UN
UN
မန်စီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အိုင်အိုဒင်းဆား ကာဘော်လစ်ဆပ်ပြာ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
ဝါဝါ(ဗန်းမော်) Monday, 29 June 2020
ကချင်ပြည်နယ် မန်စီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မနက်ခင်းဈေး များ၌ အိုင်အိုဒင်းဆား၊ ကာဘော် လစ်ဆပ်ပြာ၊ နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ယနေ့ နံနက် ၆ နာရီကမန်စီမြို့နယ်ဟန် ထက်ကျေးရွာနှင့် ကုန်းတိန်ကျေး ရွာနံနက်ခင်းဈေး၌ပြုလုပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပါတီဥက္ကဋ္ဌ ဦးထွန်း ကြိုင်၊ မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံဒေါ်ခင်ဆန်းဦးနှင့်အဖွဲ့ဝင် ဒေါ်နန်းတိုးတိုးအောင်၊ ရုံးအဖွဲ့ ဝန်ထမ်းများက ကျေးရွာပါတီ ဥက္ကဋ္ဌ ဦးမြသောင်းနှင့် ပါတီဝင် များပူးပေါင်း၍ ဟန်ထက်ကျေးရွာ နံနက်ခင်းဈေးတွင် ဈေးရောင်းဈေး ဝယ်များအား အိုင်အိုဒင်းဆား အထုပ်၁ဝဝ၊ကာဘော်လစ်ဆပ်ပြာ ခဲ ၁ဝဝ၊ နှာခေါင်းစည်း၁ဝဝတို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပါတီဥက္ကဋ္ဌ နှင့်အဖွဲ့သည် ကုန်းတိန်ကျေးရွာ နံနက်ခင်းဈေးသို့သွားရောက်၍ ဈေးရောင်းဈေးဝယ်များအား အိုင် အိုဒင်းဆား အထုပ် ၁ဝဝ၊ကာဘော် လစ်ဆပ်ပြာခဲ ၁ဝဝ၊နှာခေါင်းစည်း ၁ဝဝ တို့ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြ သည်။ ဖြန့်ဝေပေးသည့်ပစ္စည်းများ ၏ စုစုပေါင်းတန်ဖိုးမှာ ငွေကျပ် ၁၁ဝဝဝဝ ဖြစ်ကြောင်း သိရသည်။