images
UN
UN
ဆီရာလီယွန်နိုင်ငံတွင် ၇ဝ၆ ကာရက်ရှိ စိန်ရိုင်းတုံးကြီးအား ဘာသာရေးဆရာတစ်ဦးမှတွေ့ရှိ
KK(IR) Monday, 29 June 2020
အာဖရိကတိုက်အနောက်ပိုင်းတွင်တည်ရှိသည့် ကမ္ဘာ့အကြီးဆုံး စိန်များထွက်ရှိရာ ဆီရာလီယွန်နိုင်ငံရှိ ရာကဒူ(Yakadu)ရွာမှ ဘာသာ ရေးဆရာတစ်ယောက်သည် အမေရိကန်ဒေါ်လာသန်းနှင့်ချီကာ တန်ဖိုးရှိသည့် ၇ဝ၆ ကာရက်ရှိ စိန်ရိုင်းတုံးတစ်ခုကို တွေ့ရှိခဲ့ကြောင်း ဂါးဒီးယန်းသတင်းဌာနက ဖော်ပြသည်။
အဆိုပါ စိန်ရိုင်းတုံးကြီးအား ရှာဖွေတွေ့ရှိခဲ့သည့် ဘာသာရေး ဆရာ Emmanuel Momoh သည် ၄င်းစိန်တုံးကို ဆီရာလီယွန် သမ္မတ Ernest BaiKoroma ထံသို့ပေးပို့ခဲ့ပြီး လျှပ်စစ်မီးမရရှိသည် မှာ နှစ်ပေါင်း ၃ဝကျော်ကြာနေပြီဖြစ်သည့် ၄င်း၏ဒေသတွင် လျှပ်စစ် မီးရရှိရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် ဆောင်ရွက်ပေးရန် တောင်းဆိုခဲ့သည်။ ယခုတွေ့ရှိခဲ့သည့် စိန်တုံးကြီးသည် ဆီရာလီယွန် နိုင်ငံတွင်တွေ့ရှိခဲ့သည့်စိန်တုံးကြီးများအနက်ဒုတိယမြောက်အကြီးဆုံး ဖြစ်သည်။ အကြီးဆုံးစိန်တုံးကြီးမှာ ၉၆၈ ဒသမ ၉ ကာရက်ရှိပြီး ၁၉၇၂ ခုနှစ်တွင် မိုင်းလုပ်သားများက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါစိန်တုံးကို ဆီရာလီယွန်၏ကြယ်ပွင့်ဟုအမည်ပေးခဲ့ပြီး အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၅သန်းဖြင့် ရောင်းချခဲ့သည်။ ယခု ရှာဖွေ တွေ့ရှိခဲ့သည့် စိန်တုံးကြီးသည် ကမ္ဘာ့ဒဿမမြောက် အကြီးဆုံးစိန် ဖြစ်ပြီး လက်ရှိပေါက်ဈေးအရ ပေါင် သန်း ၅ဝ အထိရရှိဖွယ်ရှိသည်။
ဆီရာလီယွန်နိုင်ငံသည် သဘာဝသယံဇာတအရင်းအမြစ်များ ပေါကြွယ်ဝသည့်နိုင်ငံဖြစ်သော်လည်း ကြာရှည်စွာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ပွဲကြောင့် နိုင်ငံသည်ချွတ်ချုံကျခဲ့ခြင်းဖြစ်သည်။ ၂ဝဝ၂ ခုနှစ်တွင် ပြည်တွင်းစစ်ပြီးဆုံးခဲ့သော်လည်း ယခုချိန်အထိ အစိုးရ ဘက်မှ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို လုပ်ဆောင်ပေးနိုင်ခြင်း မရှိခဲ့သေးဘဲ အာဖရိကဒေသတွင်းနိုင်ငံများထဲတွင် ဆီရာလီယွန် နိုင်ငံသည် ဆင်းရဲမွဲတေသည့်နိုင်ငံအဖြစ် သတ်မှတ်ခံထားရနေဆဲ ဖြစ်သည်။ သမ္မတ၏ပြောရေးဆိုခွင့်ရှိသူ Bayraytay က သမ္မတ အနေဖြင့် Momoh ၏တောင်းဆိုမှုကို အလေးနက်ထားဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံအတွက် အကျိုးရှိသည့်ကိစ္စဖြစ်သည့် အတွက် ပွင့်လင်းမြင်သာစွာ ရောင်းချသွားမည်ဖြစ်ကြောင်းပြောကြား ခဲ့သည်။ အဆိုပါစိန်တုံးကြီးကို ဈေးဖြတ်ရခြင်းမရှိသေးဘဲ၊ ဆီရာလီ ယွန်ဘဏ်တွင်ထိန်းသိမ်းထားပြီး သတ္တုတွင်းဝန်ကြီးဌာနက ရောင်း ဝယ်မှုကို ဦးဆောင်ပြုလုပ်သွားမည်ဖြစ်သည်။ Ref: The Guardian