images
UN
UN
နျူကလီးယားစက်ရုံများသည် ဓာတ်ရောင်ခြည်ယိုစိမ့်ရာ အရင်းအမြစ်မဟုတ်ဟု ရုရှားငြင်းဆို
KK(IR) Monday, 29 June 2020
စကန်ဒီနေးဗီးယားဒေသတွင် နျူကလီးယား ပစ္စည်းယိုစိမ့်မှု ရှာ ဖွေတွေ့ရှိခဲ့မှုသည် ၄င်း၏နျူကလီး ယားစက်ရုံတစ်ရုံမှ ဖြစ်ပေါ်လာ ခြင်းမဟုတ်ဟု ရုရှားကတုံ့ပြန် ခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ဖင်လန်၊ နော်ဝေနှင့် ဆွိဒင် နိုင်ငံများရှိ နျူကလီးယားဘေး ကင်းလုံခြုံမှုဆိုင်ရာ စောင့်ကြည့် လေ့လာရေးအဖွဲ့များက ပြီးခဲ့ သည့်သီတင်းပတ်အတွင်းတွင် ၄င်းတို့အနေဖြင့် လေထုထဲတွင် ရေဒီယိုသတ္တြိ<ွက အိုင်ဆိုတုပ်ပမာ ဏများ ပုံမှန်ထက် ပိုမိုမြင့်မားနေ သည်ကိုတွေ့ရှိခဲ့ရသည်ဟုအတည် ပြုခဲ့ကြသည်။ အဆိုပါအချက် အလက်များကို သုံးသပ်လေ့လာပြီး နောက် ၄င်းအနေဖြင့် အဆိုပါ ပစ္စည်းများသည် ရုရှားအနောက် ဘက်ခြမ်းမှ ထွက်ပေါ်လာသည် ဟုယူဆကြောင်း နယ်သာလန် ပြည်သူ့ကျန်းမာရေးအဖွဲ့ အစည်း တစ်ခုက သတင်းထုတ်ပြန်ခဲ့ သည်။ အဆိုပါ ဒြပ်ပစ္စည်းများ သည် လောင်စာဒြပ်စင်တစ်ခု ပျက်စီးမှုကို ညွှန်ပြနေဖွ ယ်ရှိသည် ဟုလည်းခန့်မှန်းခဲ့သည်။ သို့သော် လည်း ထုတ်ပြန်ကြေညာချက်ထဲ တွင်မူ ရုရှားနျူကလီးယားစွမ်းအင် အဖွဲ့က ၄င်း၏နိုင်ငံအနောက် မြောက်ဘက်ရှိ နျူကလီးယားစွမ်း အင်စက်ရုံနှစ်ခုဖြစ်သည့်Leningrad NPP နှင့်Kola NPPတို့သည် ပုံမှန်အတိုင်းလည်ပတ်ဆောင်ရွက် နေလျက်ရှိပြီး ယိုစိမ့်မှုဖြစ်ပွားခြင်း မျိုးများ ဖြစ်ပေါ်နေခြင်းမရှိဟု ငြင်းဆန်ခဲ့သည်။ အဆိုပါ နျူက လီးယားစက်ရုံများ အနီးဝန်းကျင် ရှိ ဓာတ်ရောင်ခြည်ထုတ်လွှတ်မှု အဆင့်များသည် ဇွန်လအတွင်း တွင် ပြောင်းလဲမှုမရှိဘဲ ပုံမှန် အတိုင်းပင်ဖြစ်သည်ဟု လည်းဖော် ပြထားသည်။ နျူကလီးယားစမ်း သပ်မှုမလုပ်ရန် လုံးဝပိတ်ပင်တား မြစ်သည့် စာချုပ်ဆိုင်ရာအဖွဲ့ အစည်း(CTBTO) မှ အတွင်းရေး မှူးချုပ်Lassina Zerbo က ၄င်း၏ စတော့ခ်ဟုမ်းရှိ စောင့်ကြည့်လေ့ လာရေးဌာနမှ ပုံမှန်ထက် ပိုမိုမြင့် မားနေသော်လည်း လူသားများ၏ ကျန်းမာရေးကို ဥပဒ်မဖြစ်စေ သည့် Cs-134 ç Cs-137ç Ru-103 အိုင်ဆိုတုပ်သုံးမျိုးကို ရှာဖွေ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ယခုလ ၂၆ ရက်တွင် ပြောကြားခဲ့သည်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက ၄င်းအနေဖြင့် အဆိုပါ အစီရင်ခံစာများကို သိရှိပြီးဖြစ် ကြောင်းနှင့် အဖွဲ့ဝင်နိုင်ငံများထံမှ နောက်ထပ်သတင်းအချက်အလက် များကို ရှာဖွေစစ်ဆေးနေလျက် ရှိသည်ဟု အတည်ပြုခဲ့သည်။
Ref: BBC News