images
UN
UN
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ နတ်မောက်မြို့နယ်တွင် ဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်း
ထွန်းမှီ(နတ်မောက်) Monday, 29 June 2020
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် တိုင်းရင်းသားစည်း လုံးညီညွတ်ရေးပါတီက ပ/ကျားထူးကျေးရွာရှိ မြတ်ဂုံရောင်ဘိုးဘွား ရိပ်သာသို့ ယမန်နေ့ နံနက် ၉ နာရီက သွားရောက်၍ ဆရာတော် ဦးဣန္ဒဝံသအား အဘိုးအဘွားများ ဆေးပဒေသာပင်အတွက် ငွေကျပ် ငါးသောင်း၊ အာဟာရအတွက် ငွေကျပ်ငါးသောင်း အလှူငွေများ ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြောင်း သိရသည်။
ထိုသို့ လှူဒါန်းခဲ့သော ငွေကျပ်တစ်သိန်းကို မြို့နယ်ပါတီအတွင်း ရေးမှူး ဦးကြီးညိုနှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးတင်ညွန့်၊ ဦးတင်ဝင်း၊ ဦးတင်ရွှေ၊ ဦးအောင်မြင့်သန်း၊ ဦးထွန်း အောင်နှင့် ဦးဘိုဝင်းတို့က ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ရာတွင် ဆရာ တော်က ပူဇော်ခံယူပြီး သြဝါဒတရားတော်များ ချီးမြှင့်ပေးတော်မူ ခဲ့ကြောင်း သိရသည်။