images
UN
UN
မကွေးမြို့နယ်ပြည်ခိုင်ဖြိုးပါတီက မကွေးအခြေစိုက် စာရေးဆရာ သတင်းထောက်များကိုအခြေခံစားသောက်ကုန်များထောက်ပံ့လှူဒါန်း
ဝင်းမောင်(မကွေး) Monday, 29 June 2020
မကွေးမြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မကွေးအခြေစိုက် စာရေးဆရာ ၄၆ ဦး၊ သတင်းထောက် ၂၉ ဦး၊ ပေါင်း ၇၅ ဦးကို တစ်ဦးလျှင်ဆန် လေးပြည်၊ ဆီ ၅ဝ ကျပ်သား၊ ဆား အစိတ်သားတို့ကို ယနေ့ နံနက် ၁ဝ နာရီခွဲက မကွေးမြို့ တိုင်းပါတီရုံးခန်းမ၌ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရ သည်။
ထိုသို့လှူဒါန်းခြင်းကို မကွေး တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာ မောင်မောင်ဌေး၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးထွန်းရှိန်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးအောင်သိန်းကျော်၊ အတွင်းရေး မှူး ဦးတင်မျိုးဇော်၊ ဘဏ္ဍာရေးမှူး ဒေါ်စုစုနောင်နှင့်မြို့နယ်ပါတီကော် မတီဝင်များက ပေးအပ်လှူဒါန်းရာ စာရေးဆရာများနှင့်သတင်းထောက် များက လက်ခံရယူခဲ့ကြောင်း သိရ သည်။