images
UN
UN
ဓမ္မရောင်ခြည်ဓမ္မဒါနဖောင်ဒေးရှင်း၏ (၃၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်မြို့ရှိ အမှတ်(၂)တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)တွင် ပြုလုပ်မည်
မိုးယံ Monday, 29 June 2020
ရန်ကုန်တိုင်းဒေသကြီးတွင် အခြေစိုက်ဖွဲ့စည်းတည်ထောင်ထား သော ဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင် ဒေးရှင်း၏ (၃၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို လာမည့် ဇူလိုင်လဆန်းတွင် ရန်ကုန်မြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)၌ ပြုလုပ်သွားမည် ဟု သိရသည်။
ဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင် ဒေးရှင်းအနေဖြင့်ပြည်သူများပါဝင် သော စုပေါင်းသွေးလှူဒါန်းပွဲများ ကို လေးလလျှင်တစ်ကြိမ် ရန်ကုန် မြို့၌ ပြုလုပ်လေ့ရှိရာ ယခုတစ်ခါ ကျင်းပမည့် (၃၅)ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကိုလည်း လာမည့်ဇူလိုင် ၅ ရက်တွင် ရန်ကုန် မြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ (ခုတင်-၅ဝဝ)၌ ပြုလုပ်ရန် စီစဉ် ထားခြင်းဖြစ်ပြီး အသက် ၁၈နှစ်မှ ၅၅နှစ်အတွင်းရှိ သွေးလှူဒါန်းရန် အခြေအနေပေးကျန်းမာသော မည် သူမဆိုလာရောက်၍ သွေးလှူဒါန်း နိုင်ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသွေးလှူဒါန်း ပွဲပြုလုပ်သည့်နေ့တွင် သက်ဆိုင် ရာမှဆရာဝန်များနှင့်သူနာပြု ဆရာ မများက သွေးစစ်ခြင်း၊ သွေးပေါင် ချိန်ခြင်း၊ သွေးဖောက်ခြင်း၊ သွေးစု ဆောင်းခြင်းအစရှိသော အမှုကိစ္စ များကိုလုပ်အားဒါနပြုကာဝိုင်းဝန်း ကူညီဆောင်ရွက်ကြမည်ဖြစ်သည်။
ဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင် ဒေးရှင်းသည် လေးလတစ်ကြိမ် ပုံမှန်သွေးလှူဒါန်းပွဲများအပြင် အရေးပေါ် သွေးလှူဒါန်းပွဲများကို လည်းအခါအားလျော်စွာ ပြုလုပ် လေ့ရှိရာ ပါဝင်ကုသိုလ်ယူလိုသော သွေးလှူရှင်များအနေနှင့် ရန်ကုန် မြို့၊ သိမ်ကြီးဈေး(စီ)ရုံ၊ ပထမထပ် ရှိဓမ္မရောင်ခြည်၊ ဓမ္မဒါနဖောင်ဒေး ရှင်းသို့ လူကိုယ်တိုင်လာရောက်၍ ဖြစ်စေ၊ ဖုန်း ဝ၉ ၅ဝ၁၅၄၄၆၊ ဝ၉ ၅ဝ၇၉၆၇၄နှင့်ဝ၉ ၅၁၃၆၃၈၅ တို့ကိုဆက်သွယ်၍ဖြစ်စေ သွေး လှူဒါန်းပွဲများနှင့် ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ကြောင်း သိရ သည်။