images
UN
UN
အကယ်ဒမီ ရန်အောင် နှင့် စိုးညီမ များ၏အလှူ
ဒဂုံဝေလင်း Monday, 29 June 2020

ထပ်ဆင့်အကယ်ဒမီ မင်းသား ကြီးတစ်ဦးဖြစ်သလိုသူမတူအောင် အနုပညာအရည်အချင်းပြည့်ဝလွန်း သူအကယ်ဒမီ ခြောက်ဆုရှင် ဝါရင့် မင်းသားကြီး ရန်အောင်နှင့်အတူ အကယ်ဒမီစိုးမြတ်သူဇာတို့၏ ညီအစ်မများဖြင့် ဇွန် ၂၈ ရက်က အလှူဒါနပြုခဲ့ကြောင်းသိရပြီး ကို ရန်လေးအနေဖြင့် မကြာခဏ ခရီး ထွက်တတ်သလို အလှူအတန်း မှာလည်း လက်မနှေးသည့် အနု ပညာရှင်တစ်ယောက်ဟုသိရသည်။
''ဒီနေ့ အလှူလေးကတော့ အစ်ကို ကိုးကွယ်နေတဲ့ ဆရာတော် မဟာမြိုင် သဲဖြူဆရာတော်ကြီး (မှော်ဘီ)ဆီသွားရောက်ပြီး လှူတာ ပေါ့နော်။ စိုးညီအစ်မတွေဖြစ်တဲ့ စိုးစိုး၊ ဒါဒါ၊ ဒီးဒီ၊ ဇင်ဇင် ''ရွှေ မင်းသမီး''နဲ့ ''ဘစိုး''တို့ကလည်း ဆရာတော်ကြီးကို နေ့ဆွမ်းကပ်လှူ ကြတာပါ။ ကျွန်တော်လည်း ဆရာ တော်အတွက် ငှက်သိုက်နဲ့ ဒိန်ချဉ် များလှူဒါန်းကုသိုလ်ယူရင်း ''ဘဝ မှာ မမြင်ဘူးတဲ့အရာများ ဖူးတွေ့ ခွင့်ရခဲ့ပါတယ်။ အမေနဲ့အတူတူ ကျောင်းဆောက်၊ ရေတွင်းရေကန် တူးတာတွေမှာ အမြဲလိုလိုလှူဖြစ် ပါတယ်။ ခုနစ်ရက် သားသမီး အတွက် ရည်စူးပြီး လှူတာတွေ၊ ပရိသတ်တွေကပေးတဲ့ အနုပညာ ငွေတွေနဲ့ လှူဒါန်းမှုလေးတွေ အမြဲ လှူဖြစ်ပါတယ်''ဟု အကယ်ဒမီ ရန်အောင်က ပြောခဲ့သည်။