images
UN
UN
ရုပ်ရှင်ကားကြီးရိုက်ကူးရန် ပြင်ဆင်နေပြီဆိုသည့် ဖြူဖြူထွေး
အလင်း Monday, 29 June 2020
လူမှုကွန်ရက်တစ်ခုဖြစ်သည့် Facebook ကနေ မထင်မှတ်ဘဲ လူသိများပြီး ဆယ်လီတစ်ယောက် ဖြစ်လာကာ ကြော်ငြာများအပြင် ရုပ်ရှင်ဇာတ်ကားပါ ရိုက်ကူးရန် စာချုပ်ချုပ်ဆိုမှုရှိခဲ့သည့် ဖြူဖြူ ထွေးသည် မန္တလေးတိုင်းဒေသကြီး မိထ္ထီလာခရိုင် မလှိုင်မြို့နယ် ဖားစစ် ကျင်အုပ်စု မြေနီကုန်းကျေးရွာတွင် မွေးဖွားခဲ့သူဖြစ်ပြီး သူမအနေဖြင့် ကျောင်းကပွဲတစ်ခုကနေ တေး သရုပ်ဖော်မှုများအပြင် ကာလပေါ် ဓာတ်ပြားရ တေးသီချင်းများကို တေးသရုပ်ဖော်ပြီး အများပြည်သူ ကိုပျော်ရွှင်အောင် ဖန်တီးပေးစွမ်း နိုင်သူတစ်ယောက်အဖြစ်ကနေ ယခုဆိုလျှင် နိုင်ငံကျော် အနုပညာ ရှင်တစ်ဦးဘဝကို ရောက်ရှိလာ ခြင်းဖြစ်သည်။
''ကျေးဇူးတင်ထိုက်သူအား လုံးကို ကျွန်တော်ကျေးဇူးတင် ပါတယ်။ အထူးသဖြင့် ကျွန်တော် ရဲ့ သရုပ်ဆောင်မှုလေးတွေက အများသူငါကို ပျော်ရွှင်စေတယ် ဆိုရင် အင်မတန်ကိုဝမ်းသာပါ တယ်။ ကိုယ်တိုင်ကလည်း ပျော် ပျော်နေတတ်တဲ့သူဆိုတော့ ကိုယ့် ကြောင့် သူများပျော်ရင် ထပ်တူ ပျော်ရပါတယ်။ အရင်ကတော့ ကိုသားစိုးခေါ်ရိုက်လို့ ''ရောသမ မွှေ'' ဇာတ်ကားကိုသရုပ်ဆောင်ခဲ့ ဖူးပါတယ်။ အဲတုန်းက ဖြူဖြူထွေး အနေနဲ့ ပထမဆုံးပါဝင်သရုပ် ဆောင်ရမှာဆိုတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုကတော့ သိပ် မရှိသေးဘူး။ ကိုယ်က သရုပ် ဆောင်ဘက်ကလာတာမဟုတ်လို့ လေ။ အဲ့လိုအချိန်မှာ ဝါရင့်သရုပ် ဆောင်တွေနဲ့ သရုပ်ဆောင်ရင်း ကနေ လွဲချော်သွားတာမျိုးရှိရင် အရမ်းကို အားနာရပါတယ်။ကိုသားစိုးကလည်း ခေါ်ရိုက်တာမို့ လက်ခံပြီးရိုက်ရတာ ကြောက်က လည်း ကြောက်ခဲ့တာလေ။ အခု ထပ်ရိုက်မယ့် ဇာတ်ကားကတော့ ကိုဗစ်ပြီးမှ လုပ်ဖြစ်ကြမှာပါ''ဟု ပြောပြခဲ့သည်။