images
UN
UN
ပိုင်ဆိုင်ကြောင်းအထောက်အထားမပြနိုင်၍ ဆိုင်ကယ်စီးနင်းလာသူလူငယ်နှစ်ဦးအား အမှုဖွင့်အရေးယူ
ခင်ကို(ကျောက်တံခါး) Monday, 29 June 2020
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်း အပိုင်ဖဒိုမြို့ဘိုးပိုက်ဆံ(၃)ရပ်ကွက် တောင်ပေါ်စုသွားကားလမ်းပေါ် တွင် ဒုရဲအုပ်မိုးမြင့်သော်နှင့်တပ်ဖွဲ့ ဝင်များ၊အသိသက်သေရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပါဝင်သောအဖွဲ့ သည် ယမန်နေ့ နံနက်၈နာရီခွဲက နယ်မြေလှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ လူငယ်နှစ်ဦးက ဆော့ကတ်ဖြုတ်၍ ဆိုင်ကယ်စီး လာစဉ် ရပ်တန့်စစ်ဆေးရာ ပိုင်ဆိုင် ကြောင်းအထောက်အထား ပြသ နိုင်ခြင်းမရှိသဖြင့် အဆိုပါလူငယ် နှစ်ဦးအား ဖဒိုနယ်မြေရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သိရသည်။
မသင်္ကာဖွယ်ရာ ဆော့ကတ် ဖြုတ်၍မောင်းနှင်လာသော ကိုဖြူ (၂၅နှစ်) ခင်တန်းလေးကျေးရွာ ဂျို့ ချောင်းကျေးရွာအုပ်စုကျောက်တံ ခါးမြို့နယ်နေသူဖြစ်ပြီး ၄င်းစီးနင်း မောင်းနှင်လာသောBGO-69W--Dayang(၁၁ဝ)အမျိုးအစားကျောက် စိမ်းရောင်ဆိုင်ကယ်မှာ ဆော့ကတ် ဖြုတ်ကာ သော့ဖျက်ဆီးထားပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင် ကြောင်း အထောက်အထားပြောဆို ပြသနိုင်ခြင်းမရှိသဖြင့် အဆောက် အအုံတစ်နေရာမှခိုးယူလာခြင်းဖြစ် ကြောင်း မသင်္ကာဖွယ်စစ်ဆေးတွေ့ ရှိရ၍ ဒုရဲအုပ်မိုးမြင့်သော်ကသက် သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်း ဆည်းခဲ့သည်။
အလားတူ ယမန်နေ့ နံနက် ၈ နာရီခွဲက ဒုရဲအုပ်မိုးမြင့်သော်နှင့် တပ်ဖွဲ့ဝင်များ၊ရာအိမ်မှူးဆယ်အိမ် မှူးများပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဖဒိုမြို့ပေါ်အတွင်း နယ်မြေ လှည့်ကင်းဆောင်ရွက်စဉ် တောင် ပေါ်စုသွားကားလမ်းပေါ်၌ ဆော့ ကတ်ဖြုတ်၍ဆိုင်ကယ်မောင်းနှင်လာ သည်ကို မသင်္ကာဖွယ်တွေ့ရှိ၍ ရပ်တန့်စစ်ဆေးရာ စောထူးဝါး (၁၄နှစ်) ခင်တန်းလေးကျေးရွာ ဂျို့ချောင်းလေး ကျေးရွာအုပ်စု ကျောက်တံခါးမြို့နယ်နေသူမောင်း နှင်လာသောနံပါတ်မပါ Dayang(၁၁ဝ)အမျိုးအစားကျောက်စိမ်း ရောင်ဆိုင်ကယ်အား ဆော့ကတ် ဖြုတ်ကာ သော့ဖျက်ဆီးထားပြီး ဆိုင်ကယ်နှင့်ပတ်သက်၍ ပိုင်ဆိုင် ကြောင်း အထောက်အထားပြသ နိုင်ခြင်းမရှိသဖြင့် အဆောက်အအုံ တစ်နေရာမှ ခိုးယူလာခြင်းဖြစ် ကြောင်း မသင်္ကာဖွယ်ရာစစ်ဆေး တွေ့ရှိရ၍ ဒုရဲအုပ်မိုးမြင့်သော်က သက်သေများရှေ့ ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ကျောက် တံခါးမြို့နယ် ဖဒိုနယ်မြေရဲစခန်း မှ(ပ)၁ဝ၉/၂ဝ၂ဝ ရာဇသတ်ကြီး ပုဒ်မ၃၈ဝ/ကျင့်၅၄အရ ကိုဖြူအား လည်းကောင်း၊ (ပ)၁၁ဝ/၂ဝ၂ဝ ရာဇသတ်ကြီးပုဒ်မ၃၈ဝ/ကျင့် ၅၄ အရ စောထူးဝါးအားလည်းကောင်း အသီးသီးအမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။