images
UN
UN
ချမ်းအေးသာစံမြို့နယ် ၃၅လမ်းနှင့် ၇၄လမ်းဆုံတွင် ယာဉ်သုံးဆင့်တိုက်မှုဖြစ်ပွား
မောင်ပြည်သူ(မန္တလေး) Monday, 29 June 2020
မန္တလေးချမ်းအေးသာစံမြို့နယ် (၃၅)လမ်းနှင့်(၇၄)လမ်းဆုံတွင် ယမန်နေ့ နံနက် ၅နာရီခွဲတွင် ယာဉ်သုံးဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ၁၈ ဦးဒဏ်ရာရရှိခဲ့သည်။
ဖြစ်စဉ်မှာ(၃၅)လမ်းအတိုင်း အရှေ့မှအနောက်သို့ အသက်(၃ဝ) အရွယ်အမျိုးသားတစ်ဦးမောင်းနှင်လာသော ဒိုင်နာယာဉ်နှင့်(၇၄)လမ်း အတိုင်းတောင်မှမြောက်သို့ အသက်(၂ဝ)အရွယ်အမျိုးသားတစ်ဦး မောင်းနှင်လာသည့် ဆလွန်းအိမ်စီးယာဉ်တို့တိုက်မိပြီး ဒိုင်နာယာဉ် သည်အရှိန်မထိန်းနိုင်ဘဲလမ်းဘေးတွင်ရပ်ထားသည့် သုံးဘီးယာဉ် အားထပ်မံတိုက်မိခဲ့သည်။
ယာဉ်တိုက်မှုကြောင့် ဒိုင်နာယာဉ်မှာတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ် ပါ ဆောက်လုပ်ရေးလုပ်ငန်းသို့သွားရောက်သည့် အောင်မြေသာစံ မြို့နယ်အုတ်စက်ရပ်ကွက်မှ ပန်းရန်လုပ်သားအမျိုးသား ၁၁ဦး၊ အမျိုး သမီးခုနစ်ဦး၊ ဆလွန်းယာဉ်မောင်းသူနှင့်လိုက်ပါသူနှစ်ဦးတို့ဒဏ်ရာ များရရှိပြီး မဟာမြိုင်လူမှုကူညီရေးယာဉ်များဖြင့် မန္တလေးအထွေ ထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။ ယာဉ်တိုက်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးယာဉ်ထိန်းရဲစခန်းယာဉ်မှုစစ်ဌာနက အရေးယူနိုင်ရေး စစ်ဆေးဆောင်ရွက်လျက်ရှိသည်။