images
UN
UN
ရေးမြို့နယ်တွင် သေမှုသေခင်းဖြစ်ပွား
နိုင်နိုင်(မွန်) Monday, 29 June 2020
မွန်ပြည်နယ် ရေးမြို့နယ် ကလော့ကျေးရွာရှိ ဦးကျော်ဆန်း (၅၅နှစ်)၏ခြံ၌ ယမန်နေ့ ညနေ ၆ နာရီ မိနစ် ၄ဝ က အလုပ်လုပ်ကိုင် နေသည့် အဆိုပါကျေးရွာနေ အထိုက်(၃၉နှစ်)သည် နေအိမ် နောက်ဖေးအပေါ်လှေကားထစ် တွင် ဆိုလာပြားနှင့် ဘက်ထရီအိုး တို့ သွယ်တန်းထားသည့် နှစ်ပင် လိမ်ဝိုင်ယာကြိုးအား လည်ပင်း တွင် နှစ်ပတ်ပတ်၍ လဲကျသေဆုံး နေကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ၄င်း၏ ဇနီးဖြစ်သူ မရှမ်း(၃၉နှစ်)အား မေးမြန်းရာ အထိုက်သည် အခင်း ဖြစ်သည့်နေ့တွင် ကလော့ကျေးရွာ တွင် အလုပ်မလုပ်ဘဲအခြားတွင် သွားရောက်အလုပ်လုပ်မည်ဟု ပြောဆိုကာ အလုပ်မလုပ်ဘဲ အရက် သာသောက်နေခဲ့ကာ ဆိုလာပြား နှင့် သွယ်တန်းထားသည့် လျှပ်စစ် ဝိုင်ယာကြိုးများကို ဖြုတ်နေခဲ့ ကြောင်း၊ မရှမ်းက ပီနံအိတ်သွား ရောက်ယူပြီး ပြန်လာစဉ် ယခုကဲ့ သို့ လဲကျသေဆုံးနေသည်ကို တွေ့ရှိရခြင်းဖြစ်ကြောင်း ဖြစ်စဉ် နှင့် ပတ်သက်၍ ရေးမြို့မရဲစခန်းမှ အထိုက် သေဆုံးမှုအပေါ် သေမှု သေခင်းအမှတ်စဉ် ၁၅/၂ဝ၂ဝ ရေးဖွင့်၍ ဓမ္မတာအတိုင်း သေဆုံး ခြင်း ဟုတ်မဟုတ် စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်း သိရသည်။