images
UN
UN
ရခိုင်ပြည်နယ်အတွင်း၌ ဖြစ်ပေါ်လျက်ရှိသော နိုင်ငံရေးနှင့်လက်နက်ကိုင်ပဋိပက္ခများ၏ ပကတိအခြေအနေများ
ပြည့်ဖြိုးနိုင် Monday, 29 June 2020
(ယမန်နေ့မှအဆက်)
နိုင်ငံတော်သမ္မတဦးဝင်းမြင့်က AA အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့အား ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့ သော မတရားအသင်းဥပဒေကိုအသုံးပြု ကာ မတရားအသင်းအဖြစ်ကြေညာ ကြောင်း လက်မှတ်ရေးထိုးအတည်ပြုခဲ့ ခြင်းဖြစ်သည်။ ထိုသို့လုပ်ဆောင်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ရခိုင်မီဒီယာ နှစ်ခုဖြစ်သော Development Media Group နှင့် Narinjara တို့အား သတင်း တုများဖြန့်ချိသည်ဟုသတ်မှတ်ကာ ဆက် သွယ်ရေးအော်ပရေတာများအား အဆိုပါ မီဒီယာနှစ်ခုနှင့်ဆိုင်သော Website များ နှင့် အခြားရေးသားဖော်ပြမှုများကို ပိတ် ပင်ရန် ညွှန်ကြားခဲ့သည်။ နေပြည်တော် ဘက်မှ သတင်းတုများဖြန့်ချိသည်ဆို သော သတ်မှတ်ချက်ဖြင့် ပိတ်ပင်မှုပြု လုပ်ခံခဲ့ရသည့် မီဒီယာများအား ကျိုး ကြောင်းပြဖြေရှင်းခွင့်ပေးအပ်ခဲ့ခြင်းမရှိ ပေ။ AA အကြမ်းဖက် လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့နှင့်ချိတ်ဆက်ကာ သတင်းရေးသားဖော်ပြခြင်းများအပေါ် တာဝန်ရှိသူများဘက်မှ လက်ခံလိုခြင်း မရှိဟု သတ်မှတ်ရဖွယ်ရှိသည်။
AA အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အား အကြမ်းဖက် အဖွဲ့အဖြစ်လည်းကောင်း၊မတရားအသင်း အဖြစ်လည်းကောင်း ကြေညာခဲ့ခြင်း ကြောင့် AA အကြမ်းဖက်လက် နက်ကိုင် သောင်းကျန်းသူအဖွဲ့ဝင်များအနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်သာ မက မတရားအသင်းဥပဒေဖြင့်ပါအရေး ယူခံရမည်ဖြစ်သည်။ ယခင်က ဖမ်းမိခဲ့ သော AA အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့များကိုလည်း အဆိုပါ ဥပဒေများဖြင့် အရေးယူမှုပြုလုပ်ခဲ့သည်။ သို့သော် တရားဝင်သတ်မှတ်ကြေညာခဲ့ ခြင်းကြောင့် အစိုးရဘက်မှထင်သာမြင်သာ ရှိသော လုပ်ပိုင်ခွင့်များပိုမိုရရှိလာခဲ့သည်။ လက်ရှိအစိုးရလက်ထက်တွင် ၂ဝ၁၇ ခုနှစ်အတွင်းက ရခိုင်ပြည်နယ်မြောက်ပိုင်း တွင် ရဲကင်းစခန်းများနှင့် တပ်မတော် စစ်ကြောင်းများကို တိုက်ခိုက်မှုပြုလုပ်ခဲ့ သည့် ARSA အဖွဲ့အား အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခဲ့ဖူးသည်။ AA အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာလိုက်ခြင်းကြောင့် ခေါင်းဆောင် များနှင့်မြေပြင်တွင်လှုပ်ရှားနေသော တပ် ဖွဲ့ဝင်များကြား၌ ချိတ်ဆက်ဆောင်ရွက်မှု ပြုလုပ်ရန်ခက်ခဲလာကာ အထီးကျန်သည့် အခြေအနေသို့ရောက်ရှိသွားဖွယ်ရှိနေသည်။ AA အကြမ်းဖက်လက် နက်ကိုင်သောင်း ကျန်းသူအဖွဲ့ခေါင်းဆောင်များသည် ရခိုင် ပြည်နယ်အတွင်းသို့ လာရောက်အခြေချ ခြင်းမရှိဘဲမြန်မာနိုင်ငံမြောက်ပိုင်းရှိတရုတ် နယ်စပ်အနီးတွင် တည်ရှိသော KIO အဖွဲ့ ၏ဌာနချုပ်ဖြစ်သည့် လိုင်ဇာတွင်သာ အခြေချနေထိုင်လှုပ်ရှားနေခြင်းဖြစ်သည်။
တပ်မတော်ဘက်မှ KIO အဖွဲ့အား AA အကြမ်းဖက်လက်နက်ကိုင်သောင်း ကျန်းသူအဖွဲ့ခေါင်းဆောင်များကို လက်ခံ ထားရှိမှုမလုပ်ရန်အကြောင်းကြားခဲ့သည်။ သို့သော် KIO အဖွဲ့က AA အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့ခေါင်း ဆောင်များသည် ''ဝ''အထူးဒေသ၌ရှိ နေသည်ဟုအကြောင်းပြန်ခဲ့ခြင်းမှာ ''ဝ'' အထူးဒေသအနေဖြင့် အဘက်ဘက်မှအင် အားပိုမိုသာလွန်နေခြင်းကြောင့် ဖြစ်ဖွယ်ရှိ သည်။ ထို့အပြင် တပ်မတော်နှင့် ''ဝ'' အထူးဒေသကြားတွင် တိုက်ပွဲများဖြစ်ပွား မှုမရှိခြင်းကလည်းအဓိကကျသည့်အချက် တစ်ခုဖြစ်ဖွယ်ရှိသည်။
အကြမ်းဖက်အဖွဲ့ ကြေညာခံရခြင်းအပေါ် AA အကြမ်း ဖက်လက် နက်ကိုင်သောင်းကျန်းသူအဖွဲ့ ခေါင်းဆောင်များက ရှုတ်ချခဲ့သည့်အပြင် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမလို ချင်သောကြောင့် ထိုကဲ့သို့လုပ်ဆောင်ခြင်း ဖြစ်သည်ဟုလည်းစွပ်စွဲခဲ့သည်။ ထို့အပြင် သိက္ခာချလိုသောကြောင့် ထိုသို့လုပ်ဆောင် ခြင်းဖြစ်သည်ဟုလည်း တုံ့ပြန်ခဲ့သည်။ AA အကြမ်းဖက်လက် နက်ကိုင်သောင်း ကျန်းသူအဖွဲ့နှင့်အတူ အခြားအဖွဲ့နှစ်ဖွဲ့ ပါဝင်သော ညီနောင်မဟာမိတ်များအဖွဲ့က အကြမ်းဖက်အဖွဲ့အဖြစ်လည်းကောင်း၊ မတရားအသင်းအဖြစ်လည်းကောင်းကြေ ညာခဲ့ခြင်းသည် စက်ဆုပ်ဖွယ်ကောင်း သည့်လုပ်ရပ်တစ်ခုအဖြစ် သတ်မှတ် ကြောင်းနှင့် AA အကြမ်းဖက်လက် နက် ကိုင်သောင်းကျန်းသူအဖွဲ့ဘက်မှ ရပ်တည် မည်ဖြစ်ကြောင်းပြောကြားခဲ့သည်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AA အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်း သူအဖွဲ့နှင့် ဆက်သွယ်ပါက ဂျာနယ်လစ် များအပါအဝင် ဆက်သွယ်သူတိုင်းသည် အကြမ်းဖက်အဖွဲ့နှင့်ဆက်သွယ်ခြင်း၊ မတရားအသင်းနှင့်ဆက်သွယ်ခြင်းဆို သည့် ပြစ်မှုများဖြင့်အရေးယူခံရနိုင်သည် ဟုပြောကြားခဲ့သည်။ AA အကြမ်းဖက် လက် နက်ကိုင်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်မေးမြန်းမှုများကို ရေးသား ဖော်ပြခဲ့ခြင်းကြောင့် အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုအရေးယူ ခံခဲ့ရသည့်မီဒီယာသမားများလည်းပေါ် ထွက်လာခဲ့သည်။ အဆိုပါဖြစ်စဉ်များ သည် မီဒီယာသမားများနှင့် အခြားသူ များအတွက် ထည့်သွင်းစဉ်းစားဖွယ်ရာ ဖြစ်စဉ်များဖြစ်ခဲ့သည်။ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေဖြင့် ဖမ်းဆီးစစ်ဆေး ခံခဲ့ရသူ သုံးဦးရှိခဲ့ပြီး အာမခံအဖြစ်လွတ် မြောက်လာသူများလည်းရှိခဲ့သည်။ ဖမ်း ဆီးစစ်ဆေးခံရသူတစ်ဦးအား ပြန်လွတ် ပေးခဲ့သော်လည်း အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံရမည့် အခြားမီဒီယာသမားနှစ်ဦးမှာမူ ထွက်ပြေး ပုန်းရှောင်လျက်ရှိသည်။
(Ref; An Avoidable War: Politics and Armed Conflict in Myan- mar’s Rakhine State By ICG)
(ဆက်လက်ဖော်ပြပါမည်)