images
UN
UN
ယခုဘဏ္ဍာနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးကဏ္ဍသို့သာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးဝင်ရောက်
NG Monday, 29 June 2020
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သောသတင်းထုတ်ပြန် ချက်များအရ ယခုဘဏ္ဍာနှစ် အတွင်း လျှပ်စစ်ဓာတ်အား ထုတ် လုပ်ရေးကဏ္ဍသို့သာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများအများဆုံးဝင် ရောက်ခဲ့သည်ဟု တွေ့ရှိရသည်။
ယခုဘဏ္ဍာနှစ် ပထမ ကိုးလ တာကာလအတွင်း ပြည်တွင်းသို့ ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံရှိ ခဲ့ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ် ရေးကဏ္ဍသို့ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ စုစုပေါင်းဝင်ရောက်ခဲ့သည့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၅ ရာခိုင်နှုန်းအထိရှိနေကြောင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အတည်ပြုထားသည်။ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနတွင် ညွှန်ကြားရေးမှူး ချုပ်အဖြစ် တာဝန်ထမ်းဆောင်နေ သော ဦးသန့်စင်လွင်က ''ရည် မှန်းထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုပမာဏအတိုင်း ဝင်ရောက်ဖို့ အတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံလောက်ပဲလို အပ်ပါတော့တယ်။ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ပြန့်ပွားမှုတွေကြောင့် ဖြစ်ပေါ်လာမယ့် စီးပွားရေးကဏ္ဍ ထိခိုက်ဆုံးရှုံးမှုတွေကို လျှော့ချဖို့ ဖော်ဆောင်မည့်အကူအညီပေးရေး အစီအစဉ်တွေက သတ်မှတ်ထား တဲ့လမ်းညွှန်ချက်တွေအတိုင်းဦးစား ပေးလုပ်ဆောင်နေပါတယ်''ဟု ပြောသည်။