images
UN
UN
ဘယ်ပါတီက ကိုယ်စားလှယ်ကိုပဲဖြစ်ဖြစ် အသင့်တော်ဆုံးကိုယ်စားလှယ်တွေကို ပြည်သူတွေမှန်မှန်ကန်ကန်ရွေးချယ်ပေးနိုင်စေဖို့ တောင်းဆိုတာဖြစ်ပါတယ် ပြည်သူတွေ နောက်တစ်ခါအညာမခံရဘဲ မှန်မှန်ကန်ကန်နဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ပေးနိုင်ဖို့ တင်ပြနေတာဖြစ်ပါတယ်
နေထက်ဝေ Wednesday, 01 July 2020
နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲကော်မရှင်တို့တွေ့ဆုံခဲ့မှုများအပေါ် သတင်းစာရှင်းလင်းပွဲကို ဇွန် ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲကံ House of Orchid တွင် ကျင်းပပြုလုပ်ခဲ့ရာ COVID-19 ကာလ လူစုလူဝေးမပြုလုပ်ရသည့်အတွက် ရှင်းလင်းမှုများကို လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ရှင်းလင်း ဖော်ပြခဲ့ပြီးနောက်၊ COVID-19 ရှေ့မျက်နှာစာတွင် သတင်းမီဒီယာများမှ သိလိုသည့်အချက် အလက်များနှင့်ပတ်သက်၍မေးမြန်းခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်နှင့် အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးကျော်သူအောင်တို့က ပြန်လည်ဖြေကြားခဲ့မှုများကို ရေးသားဖော်ပြလိုက်ပါသည်။
(ယမန်နေ့မှအဆက်)
မေး။ ဒီပွဲလေးတောင် ကန့်ကွက် ခံရရင် ရွေးကောက်ပွဲကာလ ကျရင် ဆရာတို့ ဘယ်လိုလုပ်မလဲ။
ဖြေ။ အဲဒါလည်း ဖြေပေးမယ်။ ခုန ကိုကျော်သူအောင်ဖြေ တဲ့အပေါ်မှာ ကျွန်တော်ဖြည့်စွက် ပြောရရင် ကျွန်တော်တို့က ပြည်သူ ကို အလိမ်အညာမခံစေချင်တာပါ။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ သုံးပြီး တော့ မဲဆွယ်တယ်။ ကျွန်တော်တို့ အပါအဝင် ပြည်သူတွေအားလုံးက ဗိုလ်ချုပ်ကို လေးစားကြတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လွတ်လပ်ရေး ဖခင်ဖြစ်တယ်။ ကျွန်တော်တို့ကိုယ် တိုင်ဗိုလ်ချုပ်အကြောင်းတွေ၊ ဗိုလ် ချုပ်စိတ်ဓာတ်တွေ၊ ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို သင်ကြား ပြီးတော့မှ နိုင်ငံချစ်စိတ်၊ မျိုးချစ် စိတ်နဲ့ ဒီကနေ့ နိုင်ငံရေးပလက် ဖောင်းမှာ ငယ်ငယ်ကတည်းက ပါဝင်လာခဲ့တာ။ ကျွန်တော်တို့ရဲ့ စံပြပုဂ္ဂိုလ်က ဗိုလ်ချုပ်အောင်ဆန်း ပဲဖြစ်တယ်။ ဒါပေမဲ့ပြည်သူအများ စုက ဗိုလ်ချုပ်ပုံနဲ့ မဲဆွယ်တဲ့အခါ ကျတော့ ဗိုလ်ချုပ်ကို ချစ်ကြည် လေးစားတဲ့စိတ်နဲ့ ဗိုလ်ချုပ်ပုံနဲ့ ဒါကိုဝိုင်းပြီး မဲပေးခဲ့တယ်။ တကယ့် ဒေသမှာ ရွေးချယ်ခံရမယ့် ကိုယ် စားလှယ်ရဲ့ အရည်အသွေးကို မှန် မှန်ကန်ကန် ပြည်သူတွေမသိခဲ့ကြ ဘူး။ ဘယ်လောက်ထိ ကျွန်တော် တို့ ပြည်သူတွေ သေသွားတဲ့လူ တောင်မှ ဗိုလ်ချုပ်ပုံနဲ့ ဗိုလ်ချုပ်ရဲ့ သမီးပုံကို ပြည်သူတွေက ချစ်မြတ် နိုးတဲ့အတွက် မြင်းမူမှာဆိုလို့ရှိရင် ပြိုင်မယ့် ကိုယ်စားလှယ်လောင်းက သေသွားပြီ မရှိတော့ဘူး။ ဒါပေမဲ့ လည်း ပေးတာပဲ။ အဲဒီဟာကို ကျွန်တော်တို့ အရမ်းစိတ်ပူတယ်။ အခုကျွန်တော်တို့ လက်တွေ့ဖြစ်နေ တာကို ကြည့်လိုက်။ ပြည်သူက ဗိုလ်ချုပ်ကို သိတယ်။ ဗိုလ်ချုပ် သမီးကို သိတယ်။ ကိုယ်စားလှယ် ကို မသိဘူးဖြစ်တဲ့ ပြဿနာက ဗိုလ်ချုပ်ကိုချစ်တဲ့ စိတ်နဲ့ ဗိုလ်ချုပ် သမီးကို ချစ်တဲ့စိတ်နဲ့ မဲပေးခဲ့ကြ တယ်။ ကိုယ့်ဒေသကိုယ်စားလှယ် ရဲ့ အရည်အသွေးကို အကဲမဖြတ် နိုင်ကြဘူး။ ပြည်သူအညာခံလိုက် ရတယ်။
အဲဒီအခါကျတော့ ဒီကနေ့ ကျွန်တော်တို့လွှတ်တော်ကိုကြည့်။ တိုင်းပြည်အတွက် အရေးကြီးတဲ့ အဆို၊ ခင်ဗျားတို့ ကျွန်တော်တို့ရဲ့ ဘဝတွေကို အကာအကွယ်ပေး ထားတဲ့ဥပဒေတွေ၊ နိုင်ငံရဲ့အချုပ် အခြာအာဏာမဆုံးရှုံးအောင် အကာ အကွယ်ပေးထားတဲ့ ဥပဒေတွေ၊ ခင်ဗျားတို့ကျွန်တော်တို့ဘဝတွေကို မြှင့်တင်ပေးမယ့်၊ အမျိုးသားအကျိုး စီးပွားကို မြှင့်တင်ပေးမယ့် ဥပဒေ တွေ ကျွန်တော်တို့ပြဋ္ဌာန်းတယ်။ အဆိုတွေတင်သွင်းတယ်။
ဒါပေမဲ့ အပယ်ချခံရတယ်။ ဒီကနေ့ ဧည့် စာရင်းဥပဒေတွေ ဖျက်သိမ်းလိုက် တယ်။ နောက်ယောင်ခံဥပဒေတွေ ဖျက်သိမ်းလိုက်တယ်။ ဒီနေ့ကျွန် တော်တို့ ဟိုတစ်နေ့က မန္တလေးမှာ ဘယ်တုန်းက ခင်ဗျားတို့၊ ကျွန် တော်တို့ ဘဝမှာကြားဖူးလဲ။ သမီး ရည်းစားချင်း ကိုယ့်ကောင်မလေး ကို မကျေနပ်လို့ သေနတ်နဲ့လိုက် ပစ်တာ။ သာမန် အရပ်သားတွေ လက်ထဲမှာ သေနတ်ရောက်နေပြီ။တရားဥပဒေစိုးမိုးရေးဘယ်လောက် အထိ စိန်ခေါ်ခံနေရပြီဆိုတာ။ သမီးရည်းစားချင်းချိန်းတွေ့တာ အဆင်မပြေရင် ဓားနဲ့ထိုးသတ်ပစ် ခဲ့တယ်။ ပိုက်ဆံမရှိဘူး။ သူငယ် ချင်းဆီက ဖုန်းတောင်းတယ်။ မပေးတော့ ဓားနဲ့ထိုးသတ်တယ်။ ကျောင်းသူ၊ ကျောင်းသားအရွယ် မှာ။ တရားဥပဒေစိုးမိုးရေးစိန်ခေါ် မှုတွေ အများကြီးဖြစ်နေတယ်။
အဲဒါဘာကြောင့်လဲ။ ဥပဒေပြု လွှတ်တော်ကိုယ်စားလှယ်တွေ အရည်အသွေးအားနည်းချက်တွေ က ဒီအချိန်မှာ ပြဿနာအများကြီး ရှိ တယ်။ နောက်တစ်ခါ အဲဒီလွှတ် တော်က ရွေးချယ်ပေးလိုက်တဲ့ အစိုးရ၊ နိုင်ငံတော်အစိုးရ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက် မှု၊ တစ်ဦးချင်းစီဝင်ငွေနဲ့ တိုင်း မလား၊ ကုန်သွယ်မှု လိုငွေတွေ အများကြီးပြနေတယ်။ ဘတ်ဂျက် လိုငွေတွေ အများကြီးပြနေတယ်။ လူတစ်ဦးချင်းစီရဲ့ ဝင်ငွေတွေကျ ဆင်းနေတယ်။ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေတယ်။ အခွန်တွေ တိုး လာတယ်။ ဘယ်မှာလဲ ကျွန်တော် တို့အတွက် အကာအကွယ်ဥပဒေ တွေ။ ဘယ်မှာလဲ နိုင်ငံသားတစ် ယောက်ရဲ့ Right ။ အခွန်တွေ ဆောင်ထားတယ်။ အဲဒီအခွန်တွေ အတွက် ဘယ်မှာလဲ။ မီးမှန်သ လား၊ ရေမှန်သလား။ ဒါတွေမေး ခွန်းတွေအများကြီးရှိလာပြီ။ ဒါတွေ ကိုဆောင်ရွက်ဖို့ဆိုတာ အရည် အသွေးပြည့်ဝတဲ့ လွှတ်တော်ကိုယ် စားလှယ်တွေ။ Capacity ရှိတဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေ။ သမ္မတ တွေဖြစ်လာဖို့လိုတယ်။ ဒီကနေ့ ကျွန်တော်တို့နိုင်ငံရဲ့သမ္မတ မေး ခွန်းထုတ်စရာတွေအများကြီးရှိလာ တယ်။ ကျွန်တော်တို့အခက်အခဲ တွေကို သမ္မတကြီး ဘာဖြေရှင်း ပေးမှာလဲ။ ဘာပြောပေးမှာလဲ။ ဆိုတော့ ပြည်သူတွေကို နောက် တစ်ခါအညာမခံစေချင်ဘူး။ ဒါ ကြောင့် ဘယ်ဒေသမှာပဲဖြစ်ဖြစ် ရွေးချယ်မယ့် ကိုယ်စားလှယ်တွေ သည် ကျွန်တော်တို့လက်ခံတယ်။ မိမိပါတီခေါင်းဆောင်ကို သုံးပါ။ ဒီဒေသရဲ့ ကိုယ်စားလှယ်လောင်း သုံးပါ ကျွန်တော်လက်ခံတယ်။ ဒါပေမဲ့ ကွယ်လွန်ပြီးသွားတဲ့ အမျိုး သားခေါင်းဆောင် ဗိုလ်ချုပ်ကိုချစ် တဲ့လူတွေအတွက် ဗိုလ်ချုပ်ပုံကို သုံးပြီး မိမိရဲ့ကိုယ်ရည်ကိုယ်သွေး ကိုထုတ်မပြနိုင်တဲ့ ကိုယ်စားလှယ် တွေ လွှတ်တော်ထဲထပ်ရောက်ပြီး တော့မှ အစိုးရထပ်ဖွဲ့လာရင် ခင်ဗျား တို့ ကျွန်တော်တို့တွေ ထပ်ပြီး ဆင်းရဲမွဲတေကြဦးမယ်။ ကျွန် တော်တို့နိုင်ငံ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နေရဦးမယ်။ နိုင်ငံ သားတွေ နိုင်ငံခြားသွားပြီး အလုပ် လုပ်နေကြဦးမယ်။
အဲဒီဘဝတွေ ကို လွတ်မြောက်ချင်တယ်။ အဲဒီ အတွက် ဒီအချိန်မှာ တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ပေးမယ့် ဥပဒေ ပြုလွှတ်တော်အမတ်တွေ၊ အစိုးရ အဖွဲ့တွေကို ပြည်သူတွေ မှန်မှန် ကန်ကန်ရွေးချယ်ပေးနိုင်စေဖို့ ကိုယ် စားလှယ်တစ်ဦးချင်းစီရဲ့ အရည် အသွေးအပေါ်မှာ အကဲဖြတ်ပြီး ရွေးချယ်ပေးနိုင်စေဖို့၊ ဘယ်ပါတီ မှ ဗိုလ်ချုပ်အောင်ဆန်းပုံကို မသုံး ပါနဲ့လို့ ကျွန်တော်တို့ပါတီတွေက တင်ပြတောင်းဆိုတာဖြစ်တယ်။ ပါတီတစ်ခုအတွက်ကို ရည်ရွယ်ပြီး ပြောချင်တာမဟုတ်ဘူး။ ပြည်ခိုင် ဖြိုးပါတီ အနိုင်ရချင်လို့၊ NLD ပါတီအနိုင်ရစေဖို့ ပြောချင်တာ မဟုတ်ဘူး။ ဘယ်ပါတီက ကိုယ် စားလှယ်ကိုပဲဖြစ်ဖြစ် အသင့်တော် ဆုံးကိုယ်စားလှယ်တွေကို ပြည်သူ တွေ မှန်မှန်ကန်ကန်ရွေးချယ်ပေး နိုင်စေဖို့ တင်ပြတောင်းဆိုတာဖြစ် ပါတယ်။ အဲဒါကိုကော်မရှင်က ဘယ်သူပဲ သုံးသုံးပါ။ ပြဿနာ မရှိပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့လျှောချ တယ်။ နိုင်ငံရဲ့အနာဂတ်ကို ရွေး ကောက်ပွဲကော်မရှင်အနေနဲ့ လေး လေးနက်နက်စဉ်းစားပေးစေလို တယ်။
မြို့မိမြို့ဖကိစ္စကျွန်တော်တို့ ကန့်ကွက်တယ်။ ဥပမာ မြို့နယ် တိုင်း မြို့နယ်တိုင်းမှာ ဒေသတိုင်း ဒေသတိုင်းမှာ မြို့မိမြို့ဖတွေရှိပါ တယ်။ ကျွန်တော်တို့ဒေသတွေမှာ လည်း ရှိတယ်။ မြို့မိမြို့ဖတွေဆို တာ Appointed Person တွေ မဟုတ်ဘူး။ သူ့ဒေသမှာ ဒီဒေသ အတွက် အများအကျိုးထမ်းရွက် တဲ့ပုဂ္ဂိုလ်တွေ။ ဒီဒေသမှာ အလှူ အတန်းတွေ၊ ကိုယ်ကျင့်တရား ကောင်းကောင်းနဲ့ အတွေ့အကြုံရှိရှိ နဲ့သမိုင်းကာလတစ်ခုကို ဖြတ်သန်း လာတဲ့ အရွယ်ရှိတဲ့ ပုဂ္ဂိုလ်တွေဖြစ် တယ်။ အဲဒီပုဂ္ဂိုလ်တွေကို အများ က ကြည်ညိုလေးစားလို့ မြို့မိမြို့ဖ အဖြစ် အသိအမှတ်ပြုတာဖြစ် တယ်။ ပြည်ခိုင်ဖြိုးရဲ့ မြို့မိမြို့ဖ၊NLD ရဲ့ မြို့မိမြို့ဖဆိုရင် မြို့ရဲ့ အရေးအရာကို ဦးစီးဦးဆောင်ပြု နေတဲ့ မြို့မိမြို့ဖတွေဟာ အဖြူ၊ အစိမ်း၊ အနီဆိုတဲ့ အရောင်တွေ ကြောင့် အုပ်စုတွေကွဲလာမယ်။ စည်းလုံးညီညွတ်မှုတွေ ပြိုကွဲလာ မယ်ဆိုရင် အဲဒီဒေသဖွံ့ဖြိုးတိုးတက် ရေးလို ဒီခေါင်းဆောင်လုပ်နေတဲ့ သူ လက်ချိုးရေလို့ရတဲ့ မြို့မိမြို့ဖ တွေ အချင်းချင် မျက်နှာချင်းဆိုင် လို့ မရတော့ဘဲနဲ့ ဒီမြို့ရဲ့ အရေး အရာကို ဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေဖြစ်လာနိုင်တယ်။ အုပ်စုတွေ ကွဲလာနိုင်တာဖြစ်တဲ့ အတွက် ကျွန်တော်တို့က အရောင် တွေ မဆိုးစေချင်ဘူး။ ပြည်ခိုင်ဖြိုး လည်း မဆိုးဘူး။ NLD လည်း မဆိုးနဲ့။ ဘယ်ပါတီမှ မဆိုးနဲ့။ မြို့မိမြို့ဖသည် အားလုံးနဲ့ဆိုင်တဲ့ ဒီဒေသရဲ့အကျိုးကို ဆောင်ရွက် မယ့် မြို့မိမြို့ဖဖြစ်တဲ့အတွက် ကျွန် တော်တို့ပါတီအနေနဲ့လည်း ကျွန် တော်တို့ကိုယ်စားလှယ်လောင်းကို ရွေးချယ်ပေးမည့် ပုဂ္ဂိုလ်သည် ယခင်ပြည်ခိုင်ဖြိုးပါတီရဲ့ ကိုယ်စား လှယ်လောင်း၊ ယခင်ပါတီရဲ့ EC ဟောင်းတွေ။ အရင်တုန်းက ကိုယ် စားလှယ်လုပ်ခဲ့ဖူးတဲ့လူတွေ။ ကျွန် တော်တို့ပါတီကို ထောက်ခံဝန်းရံ နေတဲ့ ပါတီခေါင်းဆောင်တွေ။ ဒီလိုပုဂ္ဂိုလ်မျိုးတွေကိုပဲ ကျွန်တော် တို့အကြီးအကဲတွေအနေနဲ့ ကိုယ် စားလှယ်လောင်းတွေကို ရွေးချယ် ပေးဖို့တာဝန်ပေးတယ်။ မြို့မိမြို့ဖ ဆိုတဲ့ အသုံးအနှုန်းကို အင်မတန် ဆင်ခြင်ဖို့ကောင်းတယ်။ ဒါကိုမြို့မ မြို့ဖတွေကြားမှာ ပါတီအရောင် တွေ သွားဆိုးလိုက်လို့ စည်းလုံး ညီညွတ်မှုပြိုကွဲသွားရင် ဒီဒေသရဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်တဲ့နေရာ မှာ အခက်အခဲရှိနိုင်တယ်။ ဒါ ကြောင့် ကော်မရှင်ကို မြို့မိမြို့ဖနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံရေး ပါတီတွေက တင်ပြခဲ့တယ်။ သို့ သော် ကော်မရှင်က ဖြေတဲ့အဖြေ က လွယ်လွယ်လေးပဲ။ သူတို့သုံး တယ်။ ခင်ဗျားတို့လည်း သုံးပေါ့တဲ့။ ဘယ်သူသုံးသုံး ဘာမှပြဿနာမရှိ ဘူးလို့ အဲဒီက မီဒီယာတွေလည်း ဦးမြင့်နိုင်ရဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြန်ဖြေတာကိုတွေ့လိမ့်မယ်။ ရွေးကောက်ပွဲကော်မရှင်ကို ပြော နေတာက ပြည်ခိုင်ဖြိုးပါတီနိုင်ဖို့ ပြောနေတာမဟုတ်ဘူး။ NLD ပါတီကို ရှုံးစေချင်လို့ ပြောနေတာ မဟုတ်ဘူး။ ပြည်သူတွေ နောက် တစ်ခါအညာမခံရဘဲ ပြည်သူတွေ မှန်မှန်ကန်ကန်နဲ့ ကိုယ်စားလှယ် လောင်းတွေကို ရွေးချယ်ပေးနိုင်ဖို့ တင်ပြနေတာပဲဖြစ်ပါတယ်။ ဒါ လေးကိုလည်း နားလည်စေချင်ပါ တယ်။ (ဆက်လက်ဖော်ပြပါမည်)