images
UN
UN
ရန်ကုန်တိုင်းဒေသကြီးအစိုးရကိုယ်တိုင် ရှစ်ဆယ့်ငါးရာခိုင်နှုန်း အစုရှယ်ယာဝင်ထားသည့် နံပါတ်တစ်ကုမ္ပဏီကမှ စတင်ပျက်နေပြီး မထသစနစ်ကို ပြန်သွားခိုင်းနေသလိုဖြစ်နေပြီဟုဆို
မေနဒီမြနွယ် Thursday, 02 July 2020
ရန်ကုန်မြို့သယ်ယူပို့ဆောင် ရေးကြီးကြပ်ကွပ်ကဲမှုအာဏာ ပိုင်အဖွဲ့လက်အောက်တွင်ရှိသောYangon Bus Public Company Limited (YBPC)ကုမ္ပဏီသည် ၄င်းတို့၏ယာဉ်လိုင်း ၁၂ လိုင်းမှ ယာဉ်မောင်းများအား လစာထက် ဝက်လျှော့ချလိုက်ပြီး ခေါက်ရေ ကြေးဖြင့်သာပေးရန်ဆုံးဖြတ်ခြင်း သည်ရန်ကုန်တိုင်းဒေသကြီးအစိုးရ ကိုယ်တိုင် ရှစ်ဆယ့်ငါးရာခိုင်နှုန်း အစုရှယ်ယာဝင်ထားသည့် နံပါတ် တစ်ကုမ္ပဏီ YUBC ကမှ စတင် ပျက်နေပြီး မထသစနစ်ကို ပြန် သွားခိုင်းနေသလိုဖြစ်နေပြီဟု လစာလျှော့ချခံရသည့် YBSှ(၃၇) ဝါယာလက်ယာဉ်လိုင်းမှ ယာဉ် မောင်းဖြစ်သူ အလုပ်သမားကိုယ် စားလှယ် ကိုဝင်းကျော်ကို ယနေ့ ဆက်သွယ်မေးမြန်းချက်အရ သိရ သည်။
''မထသစနစ်ကနေ့YBSစနစ် ကိုသွားမယ်ဆိုတုန်းက လှည်းကူး က လူထုတွေ့ဆုံပွဲမှာ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကနေ မထသစနစ်ကို လုံးဝပြန်သွားမှာ မဟုတ်သလို မထသစနစ်ကိုတိုက်ဖျက်ချင်တဲ့ အတွက် အားလုံးလက်တွဲညီညီ သွားချင်ပါတယ်ဆိုပြီးပြောခဲ့တာ ရှိပါတယ်။ ဒါပေမဲ့ အခုလို ခေါက် ရေကြေးနဲ့သွားရမယ်ဆိုတဲ့ ပုံစံ ကတော့ မထသစနစ်ကို အသက် ပြန်သွင်းပြီး ပြန်လျှောက်ခိုင်းသလို ဖြစ်နေပါတယ်။ မထသစနစ်ကို ပြောင်းလဲမယ်ဆိုလို့ အပြိုင်မောင်း ခေါက်ကြေးစနစ်က မောင်းသူရော ခရီးသည်ပြည်သူတွေရောအန္တရာယ် များနေလို့ လစာစနစ်ကိုသဘော ကျပြီး ကျွန်တော်တို့က ဝင်လာခဲ့ တာပါ။ တကယ်ဆိုရင် သူတို့က လက်တွဲခေါ်ရမယ့်သူတွေဖြစ်ပြီး သူတို့ကိုယ်တိုင်က ပြောင်းလဲမယ် ဆိုတာကို ပြန်ပြီးချိုးဖောက်နေ သလိုဖြစ်နေပြီ။ ဒီကုမ္ပဏီက ရန်ကုန်တိုင်းအစိုးရရဲ့ ရှယ်ယာက ၈၅ ရာခိုင်နှုန်း ပါဝင်ထားတဲ့ နံပါတ်တစ်ကုမ္ပဏီဖြစ်ပါတယ်။အပြင်ရှယ်ယာက ၁၅ ရာခိုင်နှုန်း ပဲရှိပါတယ်။ အခုတော့ ရန်ကုန် တိုင်းဒေသကြီးအစိုးရကိုယ်တိုင် ရှယ်ယာအများဆုံးဝင်ထားတဲ့ ကုမ္ပဏီကမှ စပြီးပျက်လာနေပြီဆို တော့ သွားပြီပေါ့။ အခုနောက်ပိုင်း ယာဉ်လိုင်းအချို့တွေမှာ ခေါက် ကြေးတွေနဲ့ပေးလာတယ်ဆိုတာ ကြားလာရတယ်။ ဒါက အရမ်း အန္တရာယ်များပါတယ်။ ခေါက် ကြေးများမှ ငွေပိုရမယ်ဆိုတော့ မောင်းတဲ့သူကလည်းခေါက်ရေများ များရ အောင်ပြိုင်မောင်းတာတွေ ဖြစ်လာနိုင်တဲ့အတွက် လမ်းသွား နေတဲ့ပြည်သူတွေရော၊ ယာဉ်စီး တဲ့ခရီးသည်တွေရော တော်တော် လေးအန္တရာယ်များတယ်။ ဒီလို ခေါက်ကြေးနဲ့တော့ ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ မနေ့က လျော် ကြေးပေးတာကလည်း အမှန်ဆိုရင် အလုပ်သမား ဥပဒေနဲ့အညီအလုပ် ရှင်၊ အလုပ်သမားဦးစီးဌာန၊ အလုပ်သမားကိုယ်စားလှယ်တွေ ရှေ့မှာ ပွင့်လင်းမြင်သာစွာပေးရ မှာဖြစ်ပေမယ့် ထောက်ကြန့်ရုံးမှာ လက်သိပ်ထိုးခေါ်ပေးတယ်။ ဒါက လုံးဝတရားမဝင်ပါဘူး။ ကျွန်တော် တို့ကတော့ မူလလစာ သုံးသိန်း ကိုပဲလိုချင်ပါတယ်။ အခု လာမယ့် ၈ ရက်မှာ ထပ်မံညှိနှိုင်းလို့ အဆင် မပြေဘူးဆိုရင်တော့ ရှေ့ဆက်လုပ် ဆောင်သွားမှာတွေရှိပါတယ်''ဟု ၄င်းက ပြောပြခဲ့သည်။

ထို့အပြင် အဆိုပါ YBPCကုမ္ပဏီမှ ယာဉ်မောင်းများ၏ ပုံမှန် လစာကို ကျပ်သုံးသိန်းမှ ကျပ် တစ်သိန်းခွဲအထိ လျှော့ချခဲ့ရာ ယာဉ်မောင်းများက လစာ ကျပ် နှစ်သိန်းခွဲနှင့်အချိန်ပိုကြေးအပြည့် အဝပေးရန်ကိုလည်းကောင်း သို့ မဟုတ် လိုင်စင်အနီကြေးကျပ် နှစ်သိန်းခွဲနှင့် ရက်မှန်ကြေးငွေ ကျပ်ငါးသောင်းစုစုပေါင်းသုံးသိန်း ကိုလည်းကောင်း ယာဉ်မောင်းများ ဘက်မှ လျှော့ချတောင်းဆိုညှိနှိုင်း မှု ငါးကြိမ်အထိရှိလာသော်လည်း ကုမ္ပဏီဘက်မှ ငြင်းဆန်လျက်ရှိ နေကြောင်း ကိုဗစ်ကာလအတွင်း ယာဉ်မောင်းများဘက်မှ ကုမ္ပဏီ ဘက်ကိုငဲ့ကာpercengate ခြောက် ရာခိုင်နှုန်းနှင့် အများပြည်သူ ရုံး ပိတ်ရက် နှစ်ဆရသည့်ကြေးကို လည်း လျှော့ချပေးမှုတွေရှိနေခဲ့ ကြောင်း ကုမ္ပဏီလက်အောက် ယာဉ်လိုင်းများဖြစ်သည့် ၆၂/ ၇၂/၈၇/၈၈/၉၆/၄၃/၈၉/၃၇ (ဥက္ကံ)/၃၇(ထောက်ကြန့်)/၃၇ (မှော်ဘီ)/၃၇(လှည်းကူး)/၃၇ (ဝါယာလက်)တို့တွင် ယာဉ်မောင်း ၃ဝဝ ကျော်ခန့်ရှိသော်လည်း ယမန်နေ့က ထောက်ကြန့်ရုံးတွင် အလုပ်ထွက်သူ ယာဉ်မောင်းများ အား နစ်နာကြေးပေးခဲ့သော်လည်း သွားရောက်ထုတ်ယူသူ ဆယ်ဦး ခန့်သာရှိခဲ့ကြောင်း သိရသည်။