images
UN
UN
သူတို့က ကိုဗစ်ကိုအကြောင်းပြပြီး အသာစီးယူတာပေါ့ဗျာအခြားပါတီတွေလုပ်လို့ရတဲ့ဟာမျိုးကိုပဲ အာဏာရပါတီကလည်း လုပ်ဖို့လိုပါတယ် ပါတီစုံဒီမိုကရေစီနိုင်ငံဆိုတာ ရွေးကောက်ပွဲပေါ်မှာ လေးစားသမှုရှိဖို့လိုတယ်
နေထက်ဝေ၊ ထက်မြက်အောင် Sunday, 05 July 2020
(ယမန်နေ့မှအဆက်)
မေး။ ရွေးကောက်ပွဲလည်း နီးလာ
ပြီ။ တိုင်းရင်းသားတွေကြုံ နေရတဲ့ကိစ္စ ၂၆၁နဲ့ ပတ်သက်ပြီး တော့ သူတို့က သူတို့ပြည်နယ်မှာ သူတို့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ သူတို့ ခန့်တဲ့ ဝန်ကြီးချုပ် ဖြစ်ချင်တယ်။ အဲ့ဒီအပေါ်မှာ ဘာများပြောချင်လဲ။ အဲဒါက နံပါတ်(၁) မေးခွန်းပေါ့ နော်။ နောက် UECနဲ့ ပတ်သက် ပြီးတော့ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူလူထုကို ဘာများသတင်း စကားများ ပေးလိုပါသလဲ။
ဖြေ။ ဒီမေးခွန်းနှစ်ခုနဲ့ ပတ်သက်
လို့အဓိကပြောရမှာက ကျွန် တော်တို့ နိုင်ငံရဲ့သမိုင်းကြောင်း နဲ့ယှဉ်ပြီးပြောမှရမှာပေါ့နော်။ အတို ချုပ်ပြီးပြောပါမယ်။ ကျွန်တော် တို့ နိုင်ငံရဲ့သမိုင်းကြောင်းကို ကြည့်တဲ့အခါကျတော့ လွတ်လပ် ရေးရတဲ့အခါကတည်းက ပြည် ထောင်စုစနစ်ပေါ့နော်။ တိုင်းရင်း သားတွေဟာ ညီအစ်ကိုမောင်နှမ ပုံစံသဏ္ဌာန်နဲ့၊ မိသားစု အဝန်း အဝိုင်း ပုံသဏ္ဌာန်နဲ့ ပြည်ထောင်စု ကြီး ထူထောင်ပြီးတော့ လာခဲ့ ကြတာ။ ကျွန်တော်တို့နိုင်ငံဟာ ပြည်ထောင်စုနိုင်ငံလို့လည်း ပြော လို့ရတယ်။ လူမျိုးတစ်မျိုးတည်း ထူထောင်ထားတဲ့နိုင်ငံမဟုတ်ဘူး။ လူမျိုးနွယ်စုတစ်ရာ့သုံးဆယ်ကျော်နဲ့ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စု နိုင်ငံပေါ့ဗျာ။ ပြည်ထောင်စုနိုင်ငံ ဆိုတော့ ပါလီမန်ခေတ်တုန်းက ပြည်ထောင်စုပုံစံ ရှိခဲ့တာပေါ့။ ပါလီမန်ခေတ် ပြီးသွားတော့ တော် လှန်ရေးအစိုးရ ခေတ်ပေါ့ဗျာ။ တော်လှန်ရေးအစိုးရခေတ်ပြီးတဲ့ အခါကျတော့ လမ်းစဉ်ပါတီ တစ် ပါတီခေတ်ပေါ့ဗျာ။ ဒီဘက် ကျ တော့ တပ်မတော်အစိုးရ။ နောက် ပြည်ခိုင်ဖြိုးအစိုးရနဲ့NLD အစိုးရ ခေတ်တွေပေါ့။ အဲဒီတော့ ကျွန် တော်တို့ နိုင်ငံရဲ့ အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တစ်ခုက ပြည်ထောင် စုနဲ့ ပတ်သက်တဲ့ ပြဋ္ဌာန်း ချက်၊ ပြည်ထောင်စုကို ကျွန်တော်တို့က ဘယ်လိုပြဋ္ဌာန်းချက်တွေနဲ့ သွား မလဲဆိုတာ အင်မတန် အရေးကြီး တယ်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြည့်လိုက်တဲ့အခါကျတော့ တိုင်းဒေသကြီး၊ ပြည်နယ် ၁၄ ခုမှာ အစိုးရတွေရှိတယ်။ လွှတ်တော် တွေရှိတယ်။ တတ်နိုင်သရွေ့ ဒါ ဖက်ဒရယ်ပုံစံလို့တော့ ပြောလို့ရ တယ်။ ဒါပေမဲ့ အဲဒီအစိုးရတွေကို ဘယ်သူက ကိုင်တွယ်သလဲဆို တော့ သမ္မတကပဲကိုင်တွယ်တယ်။ သမ္မတကပဲ အကုန်ခန့်တယ်။ သမ္မတကိုတော့ ပြည်ထောင်စု လွှတ်တော်ကနေ ခန့်တာပေါ့ဗျာ။ သမ္မတကမှ ဝန်ကြီးချုပ်တွေ၊ ပြည် ထောင်စု အစိုးရအဖွဲ့ဝင် ဝန်ကြီး၊ ဒုဝန်ကြီး၊ နောက်တစ်ခါ တိုင်း ဒေသကြီးအဖွဲ့ဝန်ကြီးချုပ်၊ ဝန်ကြီး တွေပေါ့နော်။ အဲဒီလိုခန့်တာပေါ့။ ခန့်တဲ့အခါမှာ ပုံသဏ္ဌာန်ကတော့ ဖက်ဒရယ်ပုံသဏ္ဌာန်ပဲ ဒါပေမဲ့ ဖက်ဒရယ် ပုံသဏ္ဌာန်ပေါ်မှာ ထိန်း ချုပ်ထားတာက သမ္မတရဲ့ သြဇာ အာဏာတစ်ခုတည်းနဲ့ ထိန်းချုပ် ထားတာ ဖြစ်နေတယ်။
အဲဒီတော့ ဘာဖြစ်သလဲဆိုတာတော့ ပြည် နယ်အစိုးရ၊ တိုင်းဒေသကြီးအစိုးရ တွေကကြည့်ရင် ဘယ်သူ့မျက်နှာ ကြည့်ရမလဲဆိုတော့ ပြည်ထောင်စု သမ္မတကိုပဲကြည့်နေရတယ်။ လွှတ် တော်လည်း ကြည့်စရာမလိုဘူး၊ မဲပေးလိုက်တဲ့ ဒေသခံပြည်နယ်က တိုင်းဒေသကြီးက မဲဆန္ဒရှင်ပြည် သူတွေရဲ့ မျက်နှာကိုလည်းကြည့် စရာမလိုဘူး။ ဘာကြောင့်လဲ ဆို တော့ သူတို့ကို သမ္မတကခန့်ထား တာလေ။ ဒီ သက်တမ်းမှာ လုပ် တာ ပုံမကျရင်၊ ဒီအစိုးရပဲ ပြန် တက်မယ်ဆိုရင် ဒီသမ္မတကပဲ ပြန် ခန့်မယ်ဆိုရင် ကိုယ်ပြုတ်ကျန်ခဲ့ မှာပေါ့။ အဲဒီအခါကျတော့ ဘယ် ကိုကြည့်သလဲဆိုတော့ ကိုယ့်ကို ရာထူးခန့်တဲ့သူကို ကြည့်တာ ဖြစ် နေတယ်။ ပြည်သူရဲ့ သဘောထား တိုင်းရင်းသားတွေရဲ့အခြေခံသဘော ထားတွေကို မကြည့်တော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒါပြု ပြင်ဖို့ ကောင်းတဲ့အချက်ပဲ။ ပြု လည်း ပြုပြင်ရမှာပေါ့နော်။ မြန် မြန်ပြုပြင်နိုင်လေကောင်းလေပေါ့။ ပြည်ထောင်စုစနစ်ကို ပြဋ္ဌာန်းတဲ့ အခါမှာ တိုင်းဒေသကြီးအစိုးရ၊ ပြည်နယ်အစိုးရတွေဟာဝန်ကြီးချုပ် တွေကို တိုင်းဒေသကြီးနဲ့ပြည်နယ် လွှတ်တော်တွေကအဆိုပြုနိုင်မယ်။သမ္မတကအတည်ပြုပြီးတော့ ကြေ ညာပေးနိုင်မယ်ဆိုရင် ဒီလိုပုံစံက ပိုကောင်းမှာပေါ့။ ဖက်ဒရယ်ပုံစံနဲ့ ပိုပြီးတော့ နီးစပ်သွားလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။
အဲဒီတော့ တကယ်တော့ ပြောမယ်ဆိုရင် ၂၆၁ ဆိုတဲ့ကိစ္စက ဒါကိုပြောတာပါပဲ။ ၂၆၁ ကို ပြင်မယ်ဆိုရင် ကျွန်တော် တို့က ပြင်ဆင်ရေးဘက်ကပဲရပ်တည်မယ် လို့ ကျွန်တော်ပြောချင်ပါတယ်။ နောက်တစ်ချက်က ခုလာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲနဲ့ပတ်သက် လို့ ကျွန်တော်တို့ဘက်က ပြော စရာပေါ့ ။ ကိုဗစ်ကာလကြီးထဲမှာ နိုင်ငံရေးပါတီတွေက လွတ်လွတ် လပ်လပ် နိုင်ငံရေးပါတီ အလုပ်ကို လုပ်လို့ မရဘူး။ နိုင်ငံရေးပါတီ အလုပ်ဆိုတာက မိမိပါတီရဲ့ မူဝါဒ တွေကို တိုင်းပြည်ရဲ့ တစ်နံတစ် လျားမှာရှိတဲ့ တိုင်းရင်းသား မဲဆန္ဒ ရှင်ပြည်သူလူထုကို ကိုယ့်မူဝါဒ တွေနားလည်လာအောင် သိလာ အောင် ယုံကြည်လက်ခံလာအောင် ထောက်ခံတဲ့ အင်အားတစ်ရပ် ဖြစ်လာအောင် နိုင်ငံရေးပါတီ ဆိုတာလုပ်ရတာကိုး။ နိုင်ငံရေး ပါတီအလုပ်ကဒါပဲလေ။ ပြည်သူ ကို စည်းရုံးတယ်ဆိုတာလည်း မူဝါဒမပါဘဲ စည်းရုံးလို့မှမရတာ။ ဒီမူဝါဒတွေကို ကျွန်တော်တို့က တစ်ထပ်တည်းကျအောင် ပြည်သူ ရှေ့မှောက်မှာ နိုင်ငံရေးလှုပ်ရှားမှု တွေ လုပ်ပြရတယ်။ ခုကိုဗစ် ကာလထဲ ရောက်လာတဲ့အခါကျ တော့မတ်လထဲကစလိုက်တာဗျာ။ ကြေညာလိုက်တာ အခုလည်းပဲ။ သက်တမ်းက တိုးတိုးနေတယ်။ သက်တမ်းတိုးထားတဲ့ ကာလမှာ ရွေးကောက်ပွဲကြေညာတယ်ဆို တော့ တို့ရွေးကောက်ပွဲတော့ရှိ တယ်။ မင်းတို့နိုင်ငံရေး အလုပ် တော့ မလုပ်နဲ့ဆိုတဲ့ ပုံစံမျိုးဖြစ် နေတယ်ပေါ့နော်။ အဲဒီတော့ ဒီ ကိုဗစ်အကြောင်းပြချက်နဲ့ ကြည့် လိုက်တဲ့အခါကျတော့ ရွေးကောက် ပွဲက လွတ်လပ်ပြီးတော့ တရားမျှတ တဲ့ ယှဉ်ပြိုင်မှုဖြစ်ဖို့ မဖြစ်နိုင်တဲ့ ဘက်မှာ ရောက်နေတယ်လို့ ကျွန် တော်တို့မြင်တယ်။ အဲ့ဒါကလည်း နိုင်ငံရေးပါတီတွေအတွက် စိန်ခေါ်မှု တစ်ခုပဲ။ ဒါကိုလက်ခံပြီးတော့ ပဲသွားကြမလား။ ဒါကို ငြင်း ဆိုပြီးတော့ပဲသွားကြမလား
။ ဒါမှ မဟုတ် ဒါကိုဖယ်ရှားပြီးတော့ပဲ သွားကြမလားပေါ့နော်။ ဒါက တော့ အားထုတ်ဖို့ကောင်းတယ်။ပါတီတစ်ခုပေါ့နော်။ နိုင်ငံရေး ပါတီတစ်ခု။ နိုင်ငံရေးခေါင်း ဆောင်တစ်ယောက်တည်းကတော့ ဒါလုပ်လို့ အထမမြောက်နိုင်ဘူး။ပါတီတွေအားလုံး ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ အာသီသရှိတဲ့ပုဂ္ဂိုလ် တွေအားလုံးပေါ့။ နောက်တစ်ခုက မဲဆန္ဒရှင်ပြည်သူအားလုံး သက် ဆိုင်တယ်လို့ ကျွန်တော်ပြောတဲ့ သဘောပါ။ အားလုံးကျွန်တော်တို့ ပေါင်းစည်းပြီးတော့ သွားနိုင်မယ် ဆိုရင်တော့ လာမယ့် ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ မဲပေးတဲ့သူတွေက လည်းကိုယ့်ရဲ့မဲပေးမှုက အဓိပ္ပာယ် ရှိမှာပေါ့။ဝင်ပြိုင်တဲ့သူတွေကလည်း ဝင်ပြိုင်မှုက အဓိပ္ပာယ်ရှိမယ်။နိုင်ငံ ရေးပါတီတွေအနေနဲ့လည်းပဲ ကိုယ့်ရဲ့မူဝါဒတွေနဲ့ ပြည်သူလူထု ကို စည်းရုံးပြီးတော့ ရွေးကောက် ပွဲမှာ ဝင်ပြိုင်တယ်ဆိုတာကလည်း အနှစ်သာရတစ်ခုရှိလာမယ်။ အဲဒီ လိုပဲ ကျွန်တော်မြင်ပါတယ်။
မေး။ ကိုဗစ်ကာလမှာ မဲဆွယ်
စည်းရုံးရေး အားလုံးက အကန့်အသတ်တစ်ခု ရှိနေတယ် ပေါ့နော်။ NLD ပါတီ အနေနဲ့ ကိုဗစ်အပေါ်မှာ အခြေခံပြီးတော့ မဲဆွယ်စည်းရုံးတဲ့ ပုံစံလေးတွေ တွေ့နေရတယ်လို့ ပြောဆိုနေကြ တယ်။ အဲ့ဒီအပေါ်မှာ နည်းနည်း လောက်သုံးသပ်ပေးပါဦး။
ဖြေ။ အဲဒါကတော့ ကျွန်တော်မြင်
တာလက်ရှိသူတို့က အစိုးရ လေ။ အစိုးရဖြစ်တဲ့အခါကျတော့မှ ကျွန်တော်တို့ ကိုဗစ်နဲ့ပတ်သက်တဲ့ စီမံခန့်ခွဲမှုကိုင်တွယ်နေတဲ့ ဝန်ကြီး ဌာနရှိတယ်။ ကျန်းမာရေးနဲ့ အား ကစားဝန်ကြီးဌာနပေါ့။ သူက NLD သဘောထားနဲ့သွားနေတာပဲလေ။ NLDလမ်းညွှန်ချက်နဲ့ သွားနေ တာပဲ။ တိုင်းပြည်ဘဏ္ဍာသုံးတယ် ပေါ့ဗျာ။ နိုင်ငံခြား အထောက်အပံ့ ယူတယ်ပေါ့ဗျာ။ သူတို့ကဒီပိုက်ဆံ တွေသုံးပြီးတော့ ကိုဗစ်ခေါင်းစဉ် တွေတပ်ပြီးတော့ ပါတီလှုပ်ရှားမှု တွေက လုပ်နေတာပဲ။ တစ်ချိန်လုံး လုပ်နေတာပဲ။ ကျွန်တော်တို့တွေ့ နေတာပဲ။ ဒါကတော့ သူတို့က ကိုဗစ်ကို အကြောင်းပြပြီးအသာစီး ယူတာပေါ့ဗျာ။ အဲ့ဒီတော့ အဲ့ဒီလို အသာစီးယူတဲ့အပေါ်မှာလည်း မင်းတို့က အစိုးရနေရာရောက်နေ လို့ မင်းတို့မလုပ်ရဘူး။ အစိုးရ တစ်ရပ်အနေနဲ့ ကျင့်ဝတ်မရှိဘူး သွားပြောတော့လည်း ပြောတာပဲ အဖတ်တင်မှာ။ ဒါပေမဲ့ နိုင်ငံရေး ပါတီနေရာကလုပ်မယ်ဆိုရင်တော့ ညီတူညီမျှပေါ့။ အစိုးရနေရာက လုပ်တာက ကျွန်တော်မပြောဘူး။ဝန်ကြီးဌာနအနေနဲ့လုပ်လို့ရတယ်။ဒါပေမဲ့ ပါတီနေရာကဆိုရင်တော့ အခြားပါတီတွေ လုပ်လို့ရတဲ့ဟာ မျိုးကိုပဲ အာဏာရပါတီကလည်း လုပ်ဖို့လိုပါတယ်။ ဒါမှပါတီစုံဒီမို ကရေစီနိုင်ငံဆိုတာ၊ ရွေးကောက် ပွဲပေါ်မှာ လေးစားသမှုရှိတဲ့ ပါတီ ဖြစ်တယ်ဆိုတာ ပြသဖို့လိုတာပေါ့ ဗျာ။ ကျွန်တော်တို့ကတော့ အဲဒီ လိုဖြစ် စေချင်ပါတယ်။