images
UN
UN
မြန်မာ့စီးပွားရေးစစ်တမ်းများအရ မြန်မာ့စီးပွားရေးသည်သုံးနှစ်အတွင်း အဆိုးရွားဆုံးဖြစ်နေဟုဆို
အေးချမ်းပိုပို Monday, 13 July 2020
မြန်မာ့စီးပွားရေးစစ်တမ်းများ အရ မြန်မာ့စီးပွားရေးသည်သုံးနှစ် အတွင်း အဆိုးရွားဆုံးဖြစ်နေ ကြောင်း မြန်မာ့စီးပွားရေးစစ်တမ်း ကိုနှစ်စဉ်ကောက်ယူလျက်ရှိသည့် Myanmar Marketing Research & Development (MMRD)အဖွဲ့ အစည်း၏ စီမံကိန်းဒါရိုက်တာ ဒေါက်တာကောင်းမြတ်ကိုကယနေ့ တွင်ပြောသည်။
''ကျွန်တော်တို့စစ်တမ်းကို ၂ဝ၁၆ ကနေစပြီး စီးပွားရေးလုပ် ငန်းတွေကို ပုံမှန်လေးစစ်တမ်း ကောက်ပါတယ်။ ၂ဝ၁၈ ၊ ၂ဝ၁၉ မှာစီးပွားရေးလုပ်ငန်းတွေက နည်း နည်းလေးပြန်ကောင်းလာတယ် ပြောတယ်။ ၂ဝ၂ဝ မှာကတော့ ၂ဝ၁၆ ထက်ကို ပိုပြီးဆိုးရွားသွား တယ်ပြောကြတယ်။ စစ်တမ်းတွေ ကစီးပွားရေးလုပ်ငန်းရှင်နှစ်ထောင် ကျော်ကို အွန်လိုင်းကနေရော လူ ကိုယ်တိုင်ရောသွားပြီးတော့ မေး မြန်းကောက်ယူထားတာပါ'' ဟု ၄င်းက ပြောသည်။
အဆိုပါစစ်တမ်းကောက်ယူ ချက်အရ မြန်မာနိုင်ငံ၏ စီးပွား ရေးအခြေအနေမကောင်းရခြင်း၏ အဓိက အကြောင်းအရင်းမှာ COVID -19 ကပ်ရောဂါကြောင့် ဖြစ်ပြီးဖြေဆိုသူ ၉၄ ရာခိုင်နှုန်းက ကပ်ရောဂါကြောင့် ၄င်းတို့၏ စီးပွားရေးကိုထိခိုက်စေခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။ စစ်တမ်းကို လူ ကိုယ်တိုင်နှင့်အွန်လိုင်းမှတစ်ဆင့် လုပ်ငန်းရှင်ပေါင်းနှစ်ထောင်ကျော် ကိုမေးမြန်းခဲ့ခြင်းဖြစ်သည်။