images
UN
UN
မြန်မာနိုင်ငံနှင့်ထိစပ်နေသောနယ်စပ်ဒေသများတွင် လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ရန် ထိုင်းစီစဉ်
NG Tuesday, 14 July 2020
ထိုင်းအစိုးရသည် မြန်မာနိုင်ငံ နှင့်ထိစပ်နေသောနယ်စပ်ဒေသများ တွင် တရားမဝင် ခိုးဝင်မှုများ မဖြစ်ပေါ်စေရန်အတွက် လုံခြုံရေး တင်းကျပ်မှုများ ပြုလုပ်ရန်စီစဉ် လျက်ရှိကြောင်း ဆင်ဟွာသတင်း ဌာနက ဖော်ပြသည်။
ထိုင်းနိုင်ငံအတွင်း၌ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုများ မဖြစ်ပွားအောင် ရက် ၅ဝ ခန့် ထိန်းထားနိုင်ခဲ့ပြီးနောက်တွင်နယ် စပ်များကိုကျော်ဖြတ်ကာ တရား မဝင် ဝင်ရောက်လာသူများထံမှ ကူးစက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်သောကြောင့် မြန်မာနိုင်ငံ နှင့် ထိစပ်နေသောနယ်စပ်ဒေသ များကို လုံခြုံရေးတင်းကျပ်မှုများ ပြုလုပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ ပြီးခဲ့သည့်လအတွင်းမှစတင်ကာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းမိ ခဲ့ပြီးနောက်တွင် ထိုင်းရဲတပ်ဖွဲ့နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန သည်မြန်မာနိုင်ငံနှင့်ထိစပ်နေသော နယ်စပ်ဒေသများမှတစ်ဆင့်ထိုင်း နိုင်ငံအတွင်းသို့ ခိုးဝင်မှုများမပြု လုပ်နိုင်ရန် လုံခြုံရေးတင်းကျပ်မှု များ ပြုလုပ်ရန် စီစဉ်ခဲ့ခြင်းဖြစ် သည်။ ထိုင်းရဲတပ်ဖွဲ့နှင့်ထိုင်းလူ ဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနတို့ သည် မြန်မာနိုင်ငံနှင့်ထိစပ်နေ သော နယ်စပ်ဒေသများတွင် လုံ ခြုံရေး မြှင့်တင်ခြင်းနှင့် ကင်း လှည့်ခြင်းများအပါအဝင် ခိုးဝင်မှု များကို တားဆီးနိုင်မည့်အစီအစဉ် များကို စနစ်တကျ အကောင်အ ထည်ဖော်သွားမည်ဟုအတည်ပြု ထားသည်။