images
UN
UN
အင်းဝမြို့ဟောင်း မြင်းလှည်းဝန်ဆောင်မှုလုပ်ငန်းပြန်လည်အသက်ဝင်လာ
နွေနဒီ(မြစ်ငယ်) Monday, 20 July 2020

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့ နယ် အင်းဝမြို့ဟောင်းသို့ ပြည် တွင်းဘုရားဖူးများ လာရောက် မှုများပြားလျက်ရှိရာ အင်းဝမြို့ ဟောင်းရှိ မြင်းလှည်းဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်အဆင်ပြေ လာကြောင်း သိရသည်။
အင်းဝမြို့ဟောင်းတွင် ယခု လ ၁၅ ရက်မှစတင်ကာ မြင်း လှည်း အစီး ၃ဝ ဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ပြန်လည်စတင်ခဲ့ သည်။ ယခင်က အိုးတုတ္တန်းတွင် မြင်းလှည်းဂိတ်ထိုးကာ ဝန်ဆောင် မှုပေးခဲ့ရာမှ လက်ရှိကာလတွင် မယ်နုအုတ်ကျောင်းတွင် ဂိတ်ထိုး ကာ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ပြည်တွင်း ဘုရားဖူးများ မြင်း လှည်းဝန်ဆောင်မှုပေးရာတွင် မြင်း လှည်းတစ်စီး လူငါးဦးအထိ တင် ဆောင်ကာ လူဦးရေအလိုက် မြင်း လှည်းတစ်ခေါက်လျှင် ငွေ ကျပ် ၆ဝဝဝမှ ငွေကျပ် ၁ဝဝဝဝ အထိ ပေးရသည်။ မြင်းလှည်း ဝန် ဆောင်မှုပေးရာတွင် ဗားကရာ ကျောင်းမှလွဲ၍ အခြားနေရာများ ကို လိုက်လံ ပို့ဆောင်ပေးကြောင်း မြင်းလှည်း ဝန်ဆောင်မှုပေးသူ ကိုစောထံမှ သိရသည်။
အင်းဝမြို့ဟောင်းမှာ အင်းဝမြို့ ကို သတိုးမင်းဖျားက သက္ကရာဇ် ၇၂၆ တွင်စတင်တည်ခဲ့ပြီး မင်းဆက်(၃၁)ဆက် နှစ်ပေါင်း လေးရာခန့် ကြာမြင့်အောင် မြို့ နန်းတည်ကာ ထီးနန်းစိုးစံခဲ့ သည့်နေရာ ဖြစ်သည်။
ရှေးဟောင်းယဉ်ကျေးမှုနယ် မြေဖြစ်သည့်အားလျော်စွာလေ့လာ စရာ စေတီများစွာတည်ရှိသည်။လက်ရှိကာလတွင် အင်းဝဒေသသို့ ပြည်တွင်းဘုရားဖူးများလာရောက် မှုများပြားသည့်အတွက် မြင်း လှည်းဝန်ဆောင်မှုလုပ်ငန်းများ ပြန်လည်အဆင်ပြေလာကြောင်း သိရသည်။