images
UN
UN
ဘီးလင်းမြို့တွင် ပိုင်ရှင်မဲ့ မော်တော်ယာဉ်တစ်စီးဖမ်းဆီးရမိ
Sunday, 26 July 2020

မွန်ပြည်နယ် ဘီးလင်းမြို့ အမှတ်(၇၈)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်ထက်နေအောင်နှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၃ နာရီတွင် သက်သေများနှင့်အတူ လိုင်စင်မဲ့မော်တော်ယာဉ်များအား ရှာဖွေစစ် ဆေးနေစဉ် ရန်ကုန်-မော်လမြိုင်ကားလမ်း ရွှေသံလွင်တိုးဂိတ် ဟောင်းအနီးတွင် Mazada Bongo အမျိုးအစားအဖြူရောင် မော်တော်ယာဉ်အမှတ် KYN 4G/----ယာဉ်ကို သော့တန်းလန်း ဖြင့် ရပ်နားထားသည်ကိုတွေ့ရှိ၍ စစ်ဆေးရာ ပိုင်ရှင်အားမတွေ့ရှိ ရဘဲ သိမ်းဆည်းရမိခဲ့ကြောင်း၊ ဖြစ်စဉ်နှင့်ပတ်သက်၍ သထုံခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူးဦးစီးဌာနသို့ ယင်းမော်တော်ယာဉ် နှင့်ပတ်သက်၍ လိုင်စင်ရှိ/မရှိ မေးမြန်းထားပြီး ကျင့် ၅၂၃/၅၂၄ အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။