images
UN
UN
ခြောက်ဘီးယာဉ်ဖြင့် တရားမဝင်သယ်ဆောင်လာသောကျွဲလေးကောင် ပဲနွယ်ကုန်းမြို့၌ဖမ်းဆီးရမိ
ခင်ကို(ကျောက်တံခါး) Monday, 27 July 2020
ပဲခူးတိုင်းဒေသကြီး ကျောက် တံခါးမြို့နယ် ပဲနွယ်ကုန်း နယ်မြေ ရဲစခန်းအပိုင် ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး မိုင်တိုင် အမှတ် ၁ဝ၇/၃ အနီး တပင်ရွှေထီး ရပ်ကွက်တွင် ယမန်နေ့ည ၈ နာရီခွဲက ခြောက်ဘီးယာဉ်ဖြင့် တရားမဝင်တင်ဆောင်လာသော ကျွဲလေးကောင်အားဖမ်းဆီးရမိခဲ့ သည်။
တရားမဝင်အထောက်အထားမဲ့ ကျွဲများသယ်ဆောင်လာကြောင်း သတင်းအရ ခေတ္တမြို့နယ်မှူး ဒု ရဲမှူး ဟန်ဝင်းထွေးနှင့်ပဲနွယ်ကုန်း နယ်မြေရဲစခန်းမှရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေ သံမဏိရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့များပူးပေါင်း ၍ စောင့်ဆိုင်းနေစဉ် ရန်ကုန်ဘက် မှ မန္တလေးဘက်သို့ ယာဉ်မောင်း နေမျိုးသန့် (၂၂နှစ်)ဆေးရုံရပ်ကွက် ဖြူးမြို့နေသူမောင်းနှင်ပြီး ယာဉ်ဦး ခေါင်းပိုင်းတွင် ယာဉ်နေက်လိုက် ဇော်မျိုးသန့် (၂၅နှစ်) ရွာကောက် ရပ်ကွက်ပျဉ်းမနားမြို့၊ ကျွဲပိုင်ရှင် ဦးမောင်လေး(၄၂နှစ်) ပြောင်သေ ရွာ စမ်းချောင်းကျေးရွာအုပ်စု ဖြူးမြို့နယ်နေသူတို့လိုက်ပါသည့် ယာဉ်အမှတ်YGN-9F/-----BONGO အမျိုးအစား အဖြူ ရောင်ခြောက်ဘီးယာဉ်အား ရပ် တန့်စစ်ဆေးရာ ယာဉ်၏နောက် တွင် ကျွဲထီးသုံးကောင်၊ ကျွဲမတစ် ကောင် စုစုပေါင်းကျွဲလေးကောင် ကာလတန်ဖိုးငွေကျပ် ၃၂သိန်းဖိုး ခန့်အား တွေ့ရှိ၍သယ်ဆောင်သည့် ကျွဲများနှင့်ပတ်သက်ပြီး အထောက် အထား စာရွက်စာတမ်းများနှင့် မြို့နယ်ကျော်သယ်ယူခွင့် ရှိမရှိစစ် ဆေးရာ အထောက်အထားခိုင်လုံ စွာတစ်စုံ တစ်ရာပြသနိုင်ခြင်းမရှိ သဖြင့် ဒုရဲအုပ်ဇော်မင်းဦးက သက် သေများရှေ့ရှာဖွေပုံစံဖြင့် သိမ်း ဆည်းခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ကျောက် တံခါးမြို့နယ် ပဲနွယ်ကုန်းနယ်မြေ ရဲစခန်းမှ (ပ) ၁၅၄/၂ဝ၂ဝ အရေး ကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၅ အရ သယ်ယူခွင့်အမိန့် မရှိဘဲ ကျွဲများအား တရားမဝင် သယ်ဆောင်လာသူ နေမျိုးသန့်၊ ဇော်မျိုးသန့်နှင့်ဦးမောင်လေးတို့သုံး ဦးအား အမှုဖွင့်အရေးယူဆောင် ရွက်ထားကြောင်း သိရသည်။