images
UN
UN
ရောဂါကူးစက်ပြန့်ပွားမှုများကို ထိန်းချုပ်ကိုင်တွယ်နိုင်ပြီဖြစ်ဟု စပိန်ပြောကြား
KK(IR) Monday, 27 July 2020
Covid-19 အသစ်ထပ်မံကူးစက်ခံရသူများကို သီးခြားခွဲထား၍ ထိန်းချုပ်ကိုင်တွယ်နိုင်သည့် အခြေအနေများပိုင်ဆိုင်နေပြီဟု စပိန် အစိုးရက သတင်းထုတ်ပြန်သည်။ ဗြိတိန်က စပိန်နိုင်ငံမှ လာရောက် သူများကို သီးခြားခွဲနေ၍ စောင့်ကြည့်စစ်ဆေးခံကြရန် ရုတ်တရက် အမိန့်ထုတ်ပြန်လိုက်ပြီးနောက် စပိန်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာ ခဲ့ခြင်းဖြစ်သည်။
သွားလာခွင့်ကန့်သတ်ခြင်းအပါအဝင် ပိတ်ပင်ကန့်သတ်မှုများကို ဖြေလျှော့ပေးလိုက်ပြီးနောက်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွား မှုများ သိသိသာသာမြင့်တက်လာခြင်းဖြစ်သည်။ အချို့သောဒေသ များ၌ လက်ရှိအချိန်တွင် မျက်နှာဖုံးနှင့် နှာခေါင်းစည်းများကို မဖြစ် မနေတပ်ဆင်ရမှုများအပါအဝင် အရေးယူဆောင်ရွက်မှုများကို ချမှတ် ဆောင်ရွက်နေသည်။ စပိန်တွင်နေထိုင်သူများနှင့် ကမ္ဘာလှည့်ခရီး သွားဧည့်သည်များအတွက် ဘေးကင်းလုံခြုံသည်ဟု စပိန် နိုင်ငံခြား ရေးဝန်ကြီးက ပြောကြားခဲ့သည်။
ပြင်သစ်နှင့်ဂျာမနီတို့သည်လည်း ကိုရိုနာဗိုင်းရပ်စ် အသစ်ထပ်မံ ကူးစက်ခံရမှုများနှင့် စီးပွားရေးမျာလုပ်ငန်းများး ပြန်လည်လုပ်ကိုင် ခွင့်ပေးခြင်းတို့ကြားတွင် ဖြစ်ပေါ်လာသည့် အကျပ်အတည်းပြဿနာ များကို ရင်ဆိုင်ဖြေရှင်းနေရပြီး နှစ်နိုင်ငံစလုံးတွင် အသစ်ထပ်မံ ကူးစက်ခံရသူအရေအတွက်များလည်း မြင့်တက်လျက်ရှိသည်။
Ref: BBC News