images
UN
UN
ရုရှားရေတပ်တွင် အသံထက်မြန်သည့် နျူကလီးယားဗုံးကြဲလက်နက်များ တပ်ဆင်သွားမည်ဟု ပူတင်ပြောကြား
KK(IR) Monday, 27 July 2020
ရုရှားရေတပ်တွင်အသံထက်မြန် သည့် နျူကလီးယားဗုံးကြဲလက် နက်များနှင့်ရေအောက်သွား နျူ ကလီးယားမောင်းသူမဲ့ယာဉ်များ တပ်ဆင်သွားမည်ဟု ရုရှားသမ္မတ ပူတင်ကပြောသည်။
အဆိုပါလက်နက်များတပ်ဆင် မှုအစီအစဉ်ဆိုင်ရာစမ်းသပ်စစ်ဆေး မှုများသည် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဟု ရုရှားကာကွယ် ရေးဝန်ကြီးက ပြောကြားခဲ့သည်။ လက်နက်များ အပြိုင်အဆိုင်တပ် ဆင်ရန်ဆန္ဒမရှိဟု ပြောကြားခဲ့သူ ပူတင်က ရုရှားနျူကလီးယား လက်နက်မျိုးဆက်သစ်များနှင့်ပတ် သက်ပြီး ၄င်းလက်နက်များကို ယှဉ်ပြိုင်နိုင်သည့် လက်နက်မရှိ သေးကြောင်းနှင့် ကမ္ဘာကြီး၏မည် သည့်နေရာကိုမဆို ပစ်ခတ်တိုက် ခိုက်နိုင်စွမ်းရှိကြောင်း မကြာခဏ ပြောကြားလေ့ရှိသည်။ အချို့သော အနောက်တိုင်းကျွမ်းကျင်ပညာရှင် များက ၄င်းလက်နက်များသည် မည်မျှဆန်းပြား၍ စွမ်းရည်ရှိနိုင် သည်ကို စူးစမ်းခဲ့ကြသည်။
ရေငုပ်သင်္ဘောများဖြင့် တင် ဆောင်ရန်စီစဉ်ထားသည့်Poseidon ရေအောက်နျူကလီးယား မောင်း သူမဲ့ယာဉ်နှင့် အသံထက်မြန်သည့် Tsirkon (Zircon) ပဲ့ထိန်းဒုံးကျည် များအပါအဝင် ယခုတိုင် တပ်ဆင် အသုံးပြုခြင်းမရှိသေးသော လက် နက်များကို သင်္ဘောများပေါ်တွင် တပ်ဆင်အသုံးပြုသွားဖွယ်ရှိသည်။ အရှိန်၊ ကိုင်တွယ်ထိန်းချုပ်နိုင်စွမ်း နှင့် အသံထက်မြန်သည့် ဒုံးကျည် များ၏ ပင်လယ်ရေမျက်နှာပြင် အထက်ပျံသန်းနိုင်စွမ်းတို့ကိုပေါင်း စပ်ထားသည့် ၄င်းလက်နက်များ၏ အရှိန်အဟုန် ပျံသန်းနိုင်စွမ်းသည် အသံထက် ငါးဆပိုမိုမြန်ဆန်ပြီး ၄င်းလက်နက်များအား ခြေရာခံ လိုက်ရန် ခက်ခဲမည်ဖြစ်သည်။
Ref: Reuters