images
UN
UN
နိုင်ငံခြားရောက်နေတဲ့ နိုင်ငံသားတွေအားလုံးရဲ့အရေးဟာအစိုးရရဲ့အရေးပဲဗျာ အဲဒီအရေးကို မျက်ကွယ်ပြုတယ်ဗျာ ဟိုဘက်မှာရှိတဲ့ ဘင်္ဂါလီကိုလက်ခံခြင်းကိစ္စရပ်က နှောင်ကြိုးမှလွတ်ရဲ့လားဆိုတဲ့ သံသယရှိတယ်
ကိုနေ၊ ထက်မြက်အောင် Monday, 27 July 2020
လွှတ်တော်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှတင်သွင်းသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လည်ခေါ်ယူရေးအဆို ရှုံးနိမ့်ခဲ့သည်နှင့် ပတ်သက်ပြီး သုံးသပ်ချက် သဘောထားအမြင်များကို အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်အား ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းမှုကို ဖော်ပြအပ်ပါသည်။

မေး။ ပြည်ပရောက် မြန်မာ နိုင်ငံ သားတွေကို တပ်မတော်
လေယာဉ်တွေ အသုံးပြုပြီးတော့ ပြန်လည်ခေါ်ယူဖို့ဆိုပြီးတော့ ပြည် ခိုင် ဖြိုးပါတီကနေ လွှတ်တော်မှာ အဆိုတင်သွင်းတာ ရှုံးနိမ့်ခဲ့တာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုစကား ပြောပေးပါ။
ဖြေ။ ဆိုလိုတာကဗျာ။ကျွန်တော် တို့တိုင်းပြည်မှာ ရှိနေတဲ့
နိုင်ငံခြားရောက်နေတဲ့ လူတွေပေါ့ ဗျာ။ ခေါ်မယ်ဆိုတာ ကောင်းတဲ့ အလားအလာပဲဗျာ့။ ပြန်လာမယ်။ သူတို့ အခက်အခဲရှိတယ်။ ငါတို့ တိုင်းသူပြည်သားတွေ ဖြေရှင်း ပေးမယ်။ သူတို့လည်း ပြန်လာချင် တယ်။ ခေါ်ဖို့အဆိုက မှန်ကန် တယ်ပေါ့ဗျာ။ ဒါကို ကျွန်တော်တို့ စဉ်းစားလို့ရတယ်။ ကောင်းပြီ။ အခု အဲဒီအဆို ရှုံးသွားတယ်။ ရည်ရွယ်ချက်က ဘာလဲ။ ရှင်းရှင်း ပြောရင် ပြန်မလာစေချင်ဘူး။ မဲတွေကို ဟိုမှာပေးခိုင်းမယ်။ အဲဒီ မဲတွေ ဘယ်သူစစ်မလဲ။ အခု လေးသောင်းကျော်လောက်ရှိမယ် ဗျာ။ အခု မဲပေးဖို့ ကိစ္စရပ်ကို အခြေပြုပြီးတော့ မလာစေချင်တဲ့ သဘော။ ဟိုမှာတင်ပဲ ပေးခိုင်း ပြီးတော့ အဲဒီမဲတွေကိုပဲ သူတို့ ရအောင်ယူမယ်ဆိုတဲ့ သဘော တော့ရှိတယ်လို့တော့ ကျွန်တော် တော့ နားလည်တယ်ပေါ့ဗျာ။ အဲဒီအပေါ်မှာ အခြေခံပြုပြီးတော့ ရွေးကောက်ပွဲမှာ မဲလိုချင်မှု အပေါ် မှာကြည့်ပြီးတော့အဲဒီ ပြည်သူတွေ ကို ပြန်ခေါ်ဖို့ကိစ္စရပ်ကို ပြန်ခေါ် စရာမလိုဘူးလို့ ဆုံးဖြတ်တဲ့ကိစ္စ မြန်မာနိုင်ငံကို ကိုယ်စားပြုတယ်။ မပြုဘူးဆိုတဲ့ကိစ္စဒီမှာ အဖြေတစ်ခု ထွက်လာမယ်။ ကိုယ်ကျိုးစီးပွားပဲ ကြည့်တယ်ဗျာ။ ကျွန်တော့်အနေနဲ့ တည့်တည့်ပြောရရင်ကိုယ်ကျိုးစီးပွား ကြည့်တဲ့အတွက် အနိုင်ရချင် တယ်။ အနိုင်ရဖို့အတွက် ဘယ် နည်းမဆို ဆောင်ရွက်ဖို့မြင်တွေ့ နေရတယ်။
မေး။ ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာရှိတယ်။ ပြည်ပ
ရောက်မြန်မာနိုင်ငံသားတွေ ပြစ်မှု တစ်ခုကျုးလွန်လို့ အကျဉ်းကျခဲ့ရင် တောင် ဥပဒေနဲ့ အရေးယူခံရရင် တောင်မှပဲ ကယ်တင်ရမယ်ဆိုပြီး ပြောတာရှိတယ်။ ဒါပေမဲ့ လက်ရှိ အနေအထားမှာ လွှတ်တော်က မြန်မာနိုင်ငံသားတွေကို ခေါ်ယူဖို့ အဆိုကို ရှုံးနိမ့်ခဲ့တယ်။ ဘင်္ဂါလီ တွေကျတော့ ရေမီးအစုံနဲ့ ကြိုဆို နေတယ်ဆိုပြီး ဝေဖန်မှုတွေရှိတယ်။ အဲဒီအပေါ်မှာ သုံးသပ်ပေးပါ။
ဖြေ။ ကျွန်တော်တို့ အရင်တုန်း ကလည်းပြောခဲ့တာပဲ။ ကျွန်
တော်တို့တိုင်းပြည်အတွက်တကယ် အလုပ်လုပ်နေလားဆိုတာကို ကျွန်တော်တို့ စစဉ်းစားရမှာပေါ့။ တစ်အချက်။ ဘယ်လိုပဲဖြစ်ဖြစ် ဗျာ။ နိုင်ငံခြားရောက်နေတဲ့ ကျွန် တော်တို့ရဲ့နိုင်ငံသားတွေအားလုံးရဲ့ အရေးဟာကျွန်တော်တို့ ဒီအစိုးရရဲ့ အရေးပဲဗျာ။ အဲဒီအရေးကို မျက် ကွယ်ပြုတယ်ဗျာ။ နောက်တစ်ခုက ဘာလဲဆိုတော့ ဟိုဘက်မှာရှိတဲ့ ဘင်္ဂါလီကို လက်ခံခြင်းကိစ္စရပ်က နှောင်ကြိုးမှ လွတ်ရဲ့လားဆိုတဲ့ သံသယ ကျွန်တော်တို့မှာရှိတယ်။
အခုမှမဟုတ်ဘူး။အစကတည်းက ရှိတယ်။ အဲဒီတော့ နိုင်ငံတကာနဲ့ ပတ်သက်တဲ့ကိစ္စအားလုံးကို သူက လိုက်လျောတယ်။ ဆောင်ရွက် ပေးတယ်ဗျာ။ ကျွန်တော်တို့ ပြည် တွင်းမှာရှိတဲ့ကျူးကျော်တဲကအစ အပြတ်အသတ်နှိပ်ကွပ်တယ်။အဝေး ကြီးမကြည့်နဲ့ဗျာ။ ဟိုတစ်လောက ဖားကန့်မှာမြေပြိုတဲ့ ကိစ္စရပ်က ဘယ်သူတွေသွားလဲဗျာ။ ဘယ်သူ တွေကူညီပေးကြလဲဗျာ။ ကဲ ကောင်းပြီ။ နိုင်ငံအကြီးအကဲတွေ ဘယ်သူတွေသွားလဲ။ အဲဒီတော့ ကျွန်တော်တို့ကပြန်ကြည့်တဲ့ အခါ ကျတော့အစိုးရအနေနဲ့ ပြည်တွင်း မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ရာသီဥတု သဘာဝဘေးအန္တရာယ် အကြောင်းကြောင်းကြောင့် ဖြစ် လာတဲ့ ကိစ္စတွေကို ကိုယ်ဖိရင်ဖိ အကာအကွယ်ပေးတယ်ဆိုတာ ကျွန်တော် ဒီနေ့အထိ မမြင်သေး ဘူး။ သို့သော် ဟိုဘက်ကရှိနေတဲ့ ဘင်္ဂါလီရဲ့အခြေအနေ ဘာညာကို စတက်လာကတည်းက သူတို့ အရေးပဲ ဆောင်ရွက်နေကြတယ်။ အခုလည်း အားလုံးပြင်ဆင်ထား တယ်။ ပြင်ဆင်ထားတယ်ဆိုတာ လိုက်လျောမလား။ မလိုက်လျော ဘူးလား။ ဒါတွေက ကျွန်တော် တို့က ချိန်ရဦးမယ်။ ကြည့်ရဦး မယ်။ သေချာတာက လက်ခံဖို့ အခြေအနေရှိလို့ အားလုံးက ပြင် ဆင်ထားတာ။ အဲဒါပဲဗျာ။ အဲဒါ မြန်မာပြည်မှာရှိတဲ့ နိုင်ငံသားတွေ ကိုတော့ မျက်နှာလွဲခဲပစ်ပေါ့ဗျာ။ ထားထားတဲ့သဘောရှိတယ်။ နိုင်ငံ ခြားဆိုရင် ဘယ်သူ့ဖြစ်ဖြစ် သူတို့ ဦးစားပေးတယ်။ ဂရုစိုက်တယ်။ တန်ဖိုးထားတယ်။ မြန်မာလူမျိုး အချင်းချင်းဆိုရင် ဂရုမစိုက်ဘူး။ တန်ဖိုးမထားဘူး။ အလေးအနက် မထားဘူး။ ကျွန်တော်ကတော့ ဒီလိုခံစားရတယ်။
မေး။ ဖားကန့်ကိစ္စမှာဆိုရင် ကိုယ့် နိုင်ငံသားတွေကိုတရားမဝင်
လုပ်သားလို့ ပြောသွားတာရှိတယ်။ ဘာကြောင့် ဖားကန့်သွားပြီး တရားမဝင် လုပ်သားတွေဖြစ်နေ ရတာလဲ။ အဲဒါနဲ့ ပတ်သက်လို့ သုံးသပ်ပေးပါဦး။
ဖြေ။ လူတွေဟာခုနကပြောသလို ရေကြည်ရာမြက်နုရာပဲပေါ့။
အဲဒီလူတွေဟာ ကိုယ့်နိုင်ငံသား ဟုတ်လား မဟုတ်ဘူးလား။ နိုင်ငံ သားမဟုတ်ဘူးလား။ တစ်ချက်ပဲ စဉ်းစားမယ်။ နိုင်ငံသားဟုတ် တယ်ဆိုရင် ဒီအစိုးရအဲဒီနိုင်ငံသား တွေကိုကူညီပေးရမယ်။ တရားဝင် ခြင်းမဝင်ခြင်းဆိုတာ ဘယ်ပေါ်မှာ တည်လဲ။ ဒါကို ကျွန်တော်တို့ စဉ်းစားမယ်။ ကောင်းပြီ။ ဘင်္ဂါလီ တွေဝင်လာဖို့ကိစ္စကတရားဝင်လား။
ဥပဒေနဲ့ တကယ် ညီညွတ်ပြီလား။ တကယ်စိစစ်မှာလား။ ဘာလုပ် မှာလဲ။ အဲဒီလိုဟာမျိုးကျတော့ တရားဝင်ခြင်း မဝင်ခြင်း မသိဘူး။ လာခဲ့ပါလို့ လှမ်းခေါ်နေတဲ့ အခြေ အနေမှာ ဒီနေ့ ပြည်တွင်းမှာရှိနေတဲ့ လူတွေကို တရားဝင် လုပ်သား မဟုတ်ဘူးဆိုတာ ဘာကို ပြောတာ လဲ။ ကျွန်တော်တို့က တရားဝင် ခြင်း မဝင်ခြင်းကို ကျွန်တော်တို့က မစဉ်းစားတော့ဘူး။ ဒီနိုင်ငံမှာရှိတဲ့ ဒီ နိုင်ငံသားတွေဟာ မြန်မာနိုင်ငံ မှာရှိတဲ့ နယ်မြေတစ်ခုမှာ သူတို့ အလုပ်လုပ်ကြတယ်။ အဲဒီအလုပ် လုပ်တယ်ဆိုတာ ရေကြည်ရာ မြက်နုရာ အလုပ်လုပ်နေကြတာပဲ။ ကျွန်တော်တို့နယ်မှာ ပြောမယ် ဆိုရင်တော့ ကောက်သင်းကောက် တာပေါ့ဗျာ။ ကောက်သင်းကောက် တဲ့သဘောပဲ။ ကျန်ခဲ့တဲ့ဟာလေး တွေပေါ်မှာရပြီးတော့ဒါကိုအသက် မွေးဝမ်းကျောင်းပြုရတာ။ အဲ့ဒါကို တရားဝင်လုပ်သားမဟုတ်ဘူးဆိုတဲ့ ကိစ္စရပ်ကဝမ်းနည်းစရာ ကောင်း ပါတယ်ဗျာ။
မေး။ ရွေးကောက်ပွဲကလည်း နီး လာပြီဆိုတော့ ပြည်တွင်း
ပြည်ပမှာရှိတဲ့ မြန်မာနိုင်ငံသား တွေကို ဘာများပြောလိုလဲ။
ဖြေ။ ကျွန်တော်တို့က ရှင်းရှင်း ပြောရရင်ဗျာ။ No Vote ကို
လှုပ်ရှားမှု တစ်ရပ်အနေနဲ့ လုပ်လာ ကြတယ်။ ဒီမိုကရေစီ နိုင်ငံမှာ ရွေးကောက်ပွဲလုပ်တယ်။ နိုင်ငံ သားတစ်ယောက်မှာ မဲပေးရမယ့် တာဝန်ရှိတယ်။ ကိုယ်နှစ်သက်တဲ့ လူ ကိုယ်ကြိုက်တဲ့လူကို မဲပေးပါ။ မပေးဖို့ဆိုတဲ့ ပြောတဲ့အုပ်စုတွေ ကတော့ ဒါ ဒီမိုကရေစီကို လိုလား တဲ့ အနေအထားမရှိဘူးလို့ ကျွန် တော်တို့ကတော့ ယုံကြည်တယ် ဗျာ။ ဒါကတော့ မလုပ်ကောင်းဘူး လို့ယူဆတယ်။ နောက်ပြီးတော့ ကျွန်တော်တို့နိုင်ငံမှာလည်း ဒီမို ကရေစီ အလေ့အကျင့်ပေါ့ဗျာ။ မဲပေးတဲ့ အလေ့အကျင့်သုံးခါပဲရှိ သေးတယ်။ ၁၉၉ဝ ကနေ စလိုက် တာ။ ဒီမဲပေးတာတွေက အမုန်း တရားတွေနဲ့သွားနေကြတာ။ အုပ်စု လိုက် အုပ်စုလိုက်ခွဲပြီးတော့ လုပ် နေကြတာတွေက ဒီလိုမျိုးမဟုတ် ဘဲနဲ့ အခြေအနေတစ်ခုရောက်လာ အောင်မဲပေးတာက တိုင်းပြည်ရဲ့ ကံကြမ္မာကိုဖန်တီးမယ်။ အဲဒီထဲ မှာ ငါတို့ပါဝင်မယ်ဆိုတဲ့ စိတ်ရှိဖို့ အတွက်လိုတယ်။ မဲမပေးရဘူးလို့ ပြောတဲ့ အုပ်စုတွေက ရည်ရွယ် ချက်ဘာလဲ။ ဒီဟာလေးတွေ ကျွန်တော်တို့က စစဉ်းစားရမယ်။ ကျွန်တော် ပြည်သူလူထုကို ပြော ချင်တာက ဘာလဲဆိုတော့ ဒီနေ့ ရွေးကောက်ပွဲကို ဖြတ်သန်းရမယ့် ကာလမှာ အဲဒီတော့ မဲပေးပုံပေး နည်း တိုင်းပြည်ကိုတကယ်ဖန်တီး နိုင်တဲ့ အရည်အချင်းရှိတဲ့ လူတွေ ဒါတွေကိုစနစ်တကျရွေးချယ်တတ် အောင်မဲပေးကြပါလို့ ကျွန်တော့် အနေနဲ့ တိုက်တွန်းချင်တယ်ဗျာ။