images
UN
UN
ဒီဘရိုင်း၏သွင်းဂိုးများလည်း အရေးကြီးဟု ဂွါဒီယိုလာပြော
Ref; Dailymail Monday, 27 July 2020
မန်စီးတီးနည်းပြဂွါဒီယိုလာက ဒီဘရိုင်း၏ဂိုးဖန်တီးမှုများသာမက သွင်းဂိုးများသည်လည်း အသင်း အတွက်အရေးကြီးသည်ဟု ဖွင့်ဟ လိုက်သည်။ ဒီဘရိုင်းသည် နော့ ဝစ်ခ်ျနှင့်ပွဲတွင် ဂိုးဖန်တီးမှုပြုလုပ် ပေးနိုင်ခဲ့ပြီးနောက် ၂ဝဝ၂-၂ဝဝ၃ ဘောလုံးရာသီက အာဆင်နယ် တိုက်စစ်မှူး ဟင်နရီ၏တစ်ရာသီ အတွင်း ဂိုးဖန်တီးမှုအကြိမ် ၂ဝ ကို လိုက်မီနိုင်ခဲ့သည်။ သို့သော် ၄င်း သည် သွင်းဂိုးနှစ်ဂိုးလည်း သွင်း ယူပေးခဲ့သေးသည်။ ဒီဘရိုင်း၏ သွင်းဂိုးများလည်းအသင်းအတွက် လိုအပ်သည်ဟု ဂွါဒီယိုလာက ပြောခဲ့သည်။