images
UN
UN
မယုံကြည်စိတ်ဖြင့် ဝေဖန်မှုများကို လောင်စာအဖြစ် အသုံးပြုခဲ့သည်ဟု မန်ယူနည်းပြဆိုးလ်ရှားပြောကြား
Ref; BBC Monday, 27 July 2020
မန်ယူနည်းပြဆိုးလ်ရှားက မန်ယူအသင်းနှင့်ပတ်သက်၍ ယုံ ကြည်မှုမဲ့ခဲ့ပြီး ဝေဖန်ခဲ့ကြသည် များကို လောင်စာအဖြစ်အသုံးပြု ခဲ့ပြီး အသင်းကိုမောင်းနှင်ခဲ့သည် ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ မန်ယူသည် လက်စတာနှင့်ကစား ခဲ့သော ရာသီပိတ်ပွဲစဉ်တွင် နှစ်ဂိုး ပြတ်ဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် အမှတ်ပေးဇယားအဆင့်သုံးနေရာ တွင် ရပ်တည်ကာ ရာသီသိမ်းနိုင် ခဲ့သည်။ ရာသီမစတင်မီက မန်ယူ နှင့် ပတ်သက်၍ ဘောလုံးဝေဖန် သုံးသပ်ရေးဆရာများက အဆင့် လေးအတွင်း ဝင်ရောက်နိုင်မည် မဟုတ်ဟု ကြိုတင်သုံးသပ်ခဲ့ကြ သည်ကို သိရှိခဲ့သည်ဟုလည်း ဆိုးလ်ရှားက ပြောကြားခဲ့သည်။ သို့သော် ဆိုးလ်ရှားက မိမိအနေဖြင့် အဆိုပါကြိုတင်သုံးသပ်ချက်များ နှင့်ပတ်သက်၍ နည်းပြအဖွဲ့ဝင်များ နှင့် ဆွေးနွေးတိုင်ပင်မှုများလုပ်ကာ အသင်းကိုမောင်းနှင်ခဲ့ခြင်းဖြစ် ကြောင်း ဖွင့်ဟခဲ့သည်။
''ဒီအသင်း ဒီလူစာရင်းနဲ့ အမှတ်ပေးဇယား အဆင့်သုံးနေရာ ရောက်နိုင်ခဲ့တာကို ကျေနပ်ပါ တယ်။ ဒီလိုရောက်ဖို့အတွက် လည်း ပြင်ဆင်မှုတွေအတော်လေး လုပ်ခဲ့ရပါတယ်။ ဒီအထဲမှာ ကျွန် တော်တို့ကို အဆင့်ခြောက် ဒါမှ မဟုတ် အဆင့်ခုနစ်နဲ့ ရာသီသိမ်း ရလိမ့်မယ်ဆိုတဲ့ ကြိုတင်ခန့်မှန်း ချက်တွေလည်း ပါခဲ့ပါတယ်။ လက်ရှိမှာ မန်ယူက ပြန်လည်တည် ဆောက်မှုကာလအတွင်းမှာပဲ ရှိနေ ပါသေးတယ်။ ဒါကြောင့် ကျွန် တော်တို့ကို မယုံကြည်တဲ့သူတွေရဲ့ ဝေဖန်သုံးသပ်ချက်တွေနဲ့ ပတ် သက်ပြီး နည်းပြအဖွဲ့နှင့် ဆွေးနွေး ခဲ့ရတာတွေရှိပါတယ်''ဟု ဆိုးလ် ရှားက ပြောကြားခဲ့သည်။
မန်ယူသည် လာမည့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိခဲ့ခြင်းကြောင့် အပြောင်းအရွှေ့အသုံးစရိတ် ပိုမို သုံးစွဲခွင့်ရတော့မည်ဖြစ်ပြီး ၄င်းတို့ ခေါ်ချင်နေသည့် ဒေါ့မွန်တိုက်စစ် မှူး ဆန်ချိုကိုလည်း ခေါ်ယူခွင့် ရရန် အလေးသာလာခဲ့သည်။ မန်ယူသည် ယခုရာသီအတွက် ယူရိုပါလိဂ်ပွဲစဉ်ယှဉ်ပြိုင်ကစားရန် ကျန်ရှိနေသေးသည်။ လက်စ်လင့် နှင့် ယူရိုပါလိဂ် ၁၆ သင်းအဆင့် ကို ကျော်လွန်နိုင်ခဲ့ပါက ဂျာမနီ နိုင်ငံရှိ မြို့များတွင် ကျင်းပမည့် ကွာတားဖိုင်နယ်၊ ဆီမီးဖိုင်နယ် စသော ပွဲစဉ်များအား သြဂုတ် ၅ ရက်မှစကာ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။