images
UN
UN
ဒုံးကျည်များသယ်ဆောင်သည့် အမေရိကန်တိုက်လေယာဉ်တင်သင်္ဘောနာမူနာပုံစံအား အီရန်မှ ဒုံးကျည်ဖြင့်ပစ်ခတ် ဖောက်ခွဲပြ
KK(IR) Wednesday, 29 July 2020
မဟာဗျူဟာမြောက် ဟောမုဇ်ရေလက်ကြား (Strait of Hormuz) ထဲတွင် အီရန်က အမေရိကန်တိုက်လေယာဉ် တင်သင်္ဘောပုံစံအတုကို ဒုံးကျည်ဖြင့် ပစ်ခတ်ဖောက်ခွဲပြခဲ့သည်။ အဆိုပါ စစ်ရေးပြသမှုတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလည်းပါဝင်သည့်အတွက် အမေရိကန်စစ်တပ်က ဒေသဆိုင်ရာ စစ်အခြေစိုက်စခန်းနှစ်ခုကို ယာယီ သတိပေးချက်ထုတ်ပြန်ထားသည်။ အမေရိကန်ရေတပ်က အီရန်၏ အဆိုပါ တာဝန်ယူတာဝန်ခံမှုမရှိဘဲ မဆင်မခြင်ဆောင်ရွက်မှုကို ဝေဖန်ရှုတ်ချမှုပြုလုပ်ခဲ့ပြီး ၎င်းလုပ်ရပ်သည် ခြိမ်းခြောက်အကျပ်ကိုင်မှုဖြစ်သည်ဟု ခေါင်းစဉ်တပ်ခဲ့သည်။ အဆိုပါ စစ်ရေးလေ့ကျင့်မှုသည် အီရန်အစိုးရနှင့် အမေရိကန်အစိုးရတို့အကြား ပင်လယ်ကွေ့ရေပိုင်နက်များနှင့်ပတ်သက်၍ တင်းမာမှုများမြင့်တက်နေသည့်အချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ Prophet Mohammed 14th ဟုအမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုများကို အီရန်နိုင်ငံပိုင် ရုပ်သံဌာနမှ ထုတ်လွှင့်ပြသခဲ့သည်။ ပင်လယ်ကွေ့အတွင်းတွင် အမေရိကန်လက်သို့ဦးတည်သွားနေသည့် တိုက်လေယာဉ်တင်သင်္ဘောပုံစံနှင့်ဆင်သည့် အဆိုပါ ပုံစံတုသင်္ဘော၏ ဘေးလက်တစ်ဖက်တစ်ချက်စီတွင် တိုက်လေယာဉ်ပုံစံတုများတင်ကာပြသထားသည်။ ထို့နောက် ဒုံးကျည်များဖြင့် ထောင့်နေရာပေါင်းများစွာတို့မှ ပစ်ခတ်တိုက်ခိုက်ပြခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ရဟတ်ယာဉ်များ ပေါ်မှာလည်း ဒုံးကျည်များဖြင့်ပစ်ခတ်တိုက်ခတ်ပြခဲ့သည်။ အီရန် လေတပ်နှင့်ရေတပ်များ၏ အဆင့်အတန်းပြသသည့် ၎င်းစစ်ရေးလေ့ကျင့်မှုအားလုံးသည် ထိုးစစ်ဆင်မှုကို ပြသခြင်းဖြစ်သည်ဟု အီရန်တော်လှန်ရေးအစောင့်တပ်၏ တပ်မှူး ဗိုလ်ချုပ်ကြီး Hossein Salami ကပြောကြားခဲ့သည်။ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်မှုသည် UAE နှင့် ကာတာရှိ သတိပေးတပ်လှန့်ထားခြင်းခံရသည့် အမေရိကန်စစ်တပ်များဆီသို့ ဦးတည်ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးတွေ့ရှိခဲ့ကြောင်း အမေရိကန်စစ်တပ်ကပြောသည်။
Ref: BBC News