images
UN
UN
ဒီမိုကရေစီစနစ်မဟုတ်တော့ဘဲ ကဏ္ဍသုံးခုကိုပေါင်းပြီး တစ်ယောက်တည်းက စီမံခန့်ခွဲနေတဲ့အခါ အရပ်ဘက်အာဏာရှင်စနစ်ကို ထူထောင်နေတာဖြစ်နေတယ်
ကိုနေ၊ ထက်မြက်အောင် Wednesday, 29 July 2020
လက်ရှိ အာဏာရပါတီ၏ ဆောင်ရွက်မှုများနှင့်ပတ်သက်၍ အမျိုးသားနိုင်ငံရေးမဟာမိတ်များအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးသိမ်းကြည်အား ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ် မေးမြန်းမှုကို ဖော်ပြအပ်ပါသည်။
==================================================
မေး။ လက်ရှိ အာဏာရပါတီရဲ့
အခြေအနေကို ၁၉၉ဝက ပေါ်ပေါက်လာတဲ့ G-7 တစ်ဦး အနေနဲ့ ဘာများပြောလိုပါသလဲ။
ဖြေ။ ဒေါ်အောင်ဆန်းစုကြည်
ကိုယ်တိုင်ပြောနေတာ သစ္စာရှိရမယ်တဲ့ ကျွန်တော်တို့ သစ္စာရှိပါတယ်။ ကျွန်တော်တို့ တိုင်းပြည်အတွက် သစ္စာရှိရမယ်။ ပါတီတစ်ခုနဲ့ ပုဂ္ဂိုလ်တစ်ဦးတစ် ယောက်အပေါ် သစ္စာရှိစရာ အကြောင်းမရှိဘူး။ အခုရှိနေတဲ့လူ တွေက ရှင်းရှင်းလေးပြောရရင် ဟိုတုန်းက ရှိတယ်ဗျာ ခေါ်ရင်သွား ခိုင်းတာလုပ် ခံမပြောနဲ့ ခိုးစားဆိုတဲ့ ခေတ်တစ်ခတ်ရှိခဲ့ဖူးတယ်။ အခု ရော ဘာထူးတုန်း။ ခေါ်ရင်သွား ခိုင်းတာလုပ် ပြန်မပြောနဲ့ ခိုးစား ဆိုတဲ့ ကိစ္စရပ်က အဲဒါသစ္စာလား။ အဲဒီတော့ တိုင်းပြည်ပေါ်မှာ သစ္စာ မရှိရင် မရှိနဲ့ ငါနဲ့ ငါ့ပါတီပေါ်မှာ သစ္စာရှိဆိုတဲ့ အပြောကတော့ တော် တော်စိတ်ဝင်စားဖို့ကောင်းတယ်။ စိတ်ထဲမကောင်းဘူးပေါ့။ တိုင်း ပြည်အပေါ်သစ္စာရှိ။ တိုင်းပြည် အတွက် အရေးကြီးတယ်။ တိုင်း ပြည်အတွက် သစ္စာထားမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် သူတို့ လုပ်မယ်ဆိုတဲ့ အတွေးမျိုးကို မထည့်သေးဘူးဗျာ့။အဲဒီတော့သစ္စာ တရားဆိုတာ ဘာလဲ။ နိုင်ငံရေးမှာ တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာထား တဲ့ သစ္စာတရားကလွဲရင် ကျန်တာ လက်အောက်ခံပြဿနာပဲ။ ဒါကျွန် တော်တို့ရှိစဉ်ကာလတုန်းကလည်း ဒီအတိုင်းပဲပေါ့ဗျာ။ ကျွန်တော်တို့ ပြောခဲ့ဆိုခဲ့တဲ့ကိစ္စဟာ အဲဒီခေတ် အဲဒီကာလမှာရှိနေတဲ့ ကာလမှာ တိုင်းပြည်မျက်နှာပဲကြည့်ပြီး ပြော ခဲ့ဆိုခဲ့တာပဲ။ ထိုနည်းလည်း ကောင်းပဲ အရည်အချင်းရှိတဲ့ ဒေါ်သက်သက်ခိုင်တို့ကလည်း ဒီမိုကရေစီလို့ပြောပေမယ့်လည်း အာဏာရှင်စနစ်ကို တိုက်ရင်းနဲ့ အာဏာရှင်ဖြစ်တဲ့သူရဲ့ အောက်မှာ မနေချင်လို့ ဒေါ်သက်သက်ခိုင်တို့ ကိုကျော်ဇေယျတို့ထွက်လာခြင်းလို့ ကျွန်တော်ကယူဆတယ်။ ဒါက ကျွန်တော့်စိတ်ထဲရှိတဲ့အတိုင်း ကျွန် တော်ပြောတာ။ စစ်အုပ်ချုပ်ရေး ကတော့ ရှင်းတယ်ဗျာ။ တစ်ခုရဲ့ အောက်မှာ ရှိနေကြတာ။ အခု ကတော့ အဲဒီစနစ်ကို မကြိုက်လို့ တရားစီရင်ရေးရယ် ဥပဒေပြုရေး ရယ် ဒီဘက်မှာရှိတဲ့ အုပ်ချုပ်ရေး ရယ် ဒီသုံးခုကို အပြန်အလှန် ထိန်းကျောင်းမှုဖြစ်စေချင်လို့ ကျွန် တော်တို့က ဒီမိုကရေစီကိုလိုလား တာ။ ဒီမိုကရေစီစနစ်မဟုတ်တော့ ဘဲနဲ့ကဏ္ဍသုံးခုကိုပေါင်းပြီး တစ် ယောက်တည်းကစီမံခန့်ခွဲနေတဲ့ အခါ အရပ်ဘက် အာဏာရှင် စနစ်ကို ထူထောင်နေတာဖြစ်နေ တယ်။ အဲ့ဒါကို မကြိုက်လို့ ဒေါ်သက်သက်ခိုင်တို့ လည်း ထွက်တယ်လို့ ကျွန်တော် တော့ ယူဆတာပဲဗျာ။

မေး။ လက်ရှိအာဏာရပါတီကို
အာဏာရှင်ဆန်တယ်လို့ ဝေဖန်မှုတွေရှိတာနဲ့ ပတ်သက်လို့ သုံးသပ်ပေးပါဦး။
ဖြေ။ အဲဒီဟာက ကြည့်မယ်ဆိုရင်
ကျွန်တော်တို့ ဘီလူးသတ် ပြီး ဘီလူးပြန်ဖြစ်နေတာလေဗျာ။ အာဏာရှင်စနစ်ကိုဖျက်ပြီး ကိုယ့် ဟာကိုယ်အာဏာရှင်စနစ်ကို ပြန် ထူထောင်နေတာဗျာ့။ ကျွန်တော် တို့က ဒါမြင်သာထင်သာရှိတဲ့ ကိစ္စရပ်ပဲဗျာ။ အဲဒီတော့ ခုနက ပြောသလို အရပ်သားကနေပြီး တော့ အုပ်ချုပ်ကြတဲ့ကိစ္စခုနက ပြောသလိုပေါ့။ ဒီမိုကရေစီရဲ့ အာဏာရှင်စနစ် မပေါ်ရေးကိုလုပ် ရင်းကနေ အခုဘာဖြစ်လဲ။ ကိုယ် ကိုယ်တိုင်က အာဏာရှင်ဖြစ်လာ တယ်။ မပေးချင်ဘူး။ မမျှချင် ဘူး။ မဝေချင်ဘူး။ တစ်ဦးတည်း တစ်ယောက်တည်းကနေဆောင်ရွက် ချင်တယ်ဆိုတဲ့စိတ်တွေက ဒါ အာဏာရှင်ပဲဗျာ။ အရပ်ဘက် အာဏာရှင်စနစ်ပဲ။ အဲဒါကြီးက မြင်သာနေတဲ့ ကိစ္စရပ်ပဲဗျာ။ ဝေဖန်ကြတယ်ဆိုတာလည်း ဒီမြင် ကွင်းတွေ့လို့ ဝေဖန်ကြတာပဲ။
မေး။ ၁၉၉ဝ ကနေ စပြီးတော့
NLD ပါတီကို ထောက်ပြ ခဲ့တယ်ပေါ့။ လက်ရှိ ၂ဝ၁၅ ကနေ ၂ဝ၂ဝ အတွင်းမှာ ဒေါ်သက်သက် ခိုင်၊ ဦးကျော်ဇေယျတို့လည်း တခြားပါတီတစ်ခုဖြစ်သွားတယ်။ အဲဒါဆိုလို့ရှိရင် ဒီပါတီနဲ့ပတ်သက် ပြီး ပြည်သူလူထုကို ဘာများ သတင်းစကားပြောလိုပါလဲ။
ဖြေ။ ကျွန်တော်တို့ကရိုးရိုးရှင်း
ရှင်းပဲ ပြောမယ်ဗျာ။ အခု ပုံရိပ်တွေကိုကြည့်လိုက်။ တစ်ဦး ကောင်း တစ်ယောက်ကောင်း ပုံရိပ်တွေနဲ့သွားနေကြတဲ့ကိစ္စရပ်။ အဲဒီတော့ လွှတ်တော်ထဲမှာ ရောက် မယ့် ပုဂ္ဂိုလ်တွေက အဲဒီတစ်ဦး ကောင်းတစ်ယောက်ကောင်းမဟုတ် ဘူး။ကိုယ်ကိုယ်တိုင် အရွေးခံရမှာ။ အရွေးခံရမယ့်လူရဲ့အရည်အချင်း အရည်အသွေးကို သတ္တိရှိရမယ်။ ကျားကျားမီးယပ်ဆိုပြီး လုပ်နေတဲ့ အုပ်စုတွေ အုပ်စုလိုက် ဆောင် ရွက်နေတဲ့ကိစ္စရပ်ကတော့ ပြည်သူ လူထုအနေနဲ့ကတော့ မြင်သာထင် သာရှိပြီလို့ ကျွန်တော်ကတော့ ယူဆတယ်။ ဆိုကြပါစို့။ ပထမဦး ဆုံး တိုင်းပြည်မှာ လမ်းစဉ်ပါတီ ဆိုတာရှိခဲ့ဖူးတယ်။ တစ်ဖြစ်လဲ တစညပေါ့ဗျာ။ သူတို့လည်း တိုင်း ပြည်ကို အုပ်ချုပ်လာတဲ့ အမှား အမှန်တွေအကုန်ရှိပါတယ်။
ဒီဘက် ကကြည့်တဲ့ ပြည်ခိုင်ဖြိုးဆိုလည်း ထိုနည်းလည်းကောင်းပဲ။ တိုင်း ပြည်မှာ အဆင့်တစ်ဆင့်ရအောင် ဆောင်ရွက်ခဲ့ကြတယ်။ အမှားတွေ အမှန်တွေရှိကြတာပဲ။ အစိုးရသည် အစိုးရဖြစ်တော့ ဘာတွေဖြစ်လာ လဲ။ စဉ်းစားကြည့်လေ။ သူတို့ လည်း အမှားတွေအမှန်တွေရှိတာ ပဲဗျာ့။ နောက်တစ်ခု ပထမဦးဆုံး တုန်းက ရှိတယ်ဗျာ့။ ပြန်စဉ်းစား ကြည့်ရင် ပါတီကိုကြည့်ပါ။ လူကို မကြည့်ပါနဲ့ဆိုပြီး ပြောခဲ့တဲ့စကား လုံးရှိတော့လွှတ်တော်ထဲကိုရောက် တဲ့လူတွေဟာ အရည်အချင်းရှိလား မရှိလားဆိုတဲ့ ကိစ္စရပ်တွေက ပိတ် ကားပေါ်မှာမြင်တွေ့နေရတဲ့ အနေ အထားပဲ။ ဒီလူတွေက သစ္စာရှိ တယ်ဆို ခပ်ညံ့ညံ့တွေ ပြန်တင်ပြီး တော့ ခပ်ညံ့ညံ့လုပ်မယ်ဆိုတဲ့ ကိစ္စ ရပ်ကြီးကတော့ ခင်ဗျားတို့ ဝိုင်းပြီး တော့ပြည်သူလူထုအနေနဲ့ စဉ်းစား ကြပါလို့ ကျွန်တော့်အနေနဲ့ တိုက် တွန်းချင်တယ်။
မေး။ ဘာများဖြည့်စွက် ပြောချင်
ပါလဲ။
ဖြေ။ အေးဗျာ။ ပြည်သူလူထုက
ကိုယ့်ကြမ္မာကိုယ်ဖန်တီး နိုင်ဖို့အတွက် လူတော်လူကောင်း တွေကို ရွေးချယ်နိုင်တဲ့ အရည် အချင်းတစ်ရပ်နဲ့ မျက်စိလည်းဖွင့် နားလည်းစွင့်ပြီးတော့ မဲပေးကြ ပါလို့ပြောရင်း တိုက်တွန်းလိုပါ တယ်။