images
UN
UN
မွေးရာပါဆွံ့အနေသူကို ၆၂ နှစ် အမျိုးသားက သားမယားပြုကျင့်
ALT Wednesday, 29 July 2020
နေပြည်တော် လယ်ဝေးမြို့ အေလာနယ်မြေရဲစခန်းမှ အမျိုး သမီးတစ်ဦးအား သားမယားအဖြစ် ပြုကျင့်ခဲ့ကြောင်း တိုင်တန်းမှုဖြစ် ခဲ့ကြောင်း သိရသည်။
ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မစောမြသင်း အသက် (၃၂နှစ်) ဝဲကြီးကျေးရွာ ရွှေပြည်သာအုပ်စု လယ်ဝေးမြို့နယ်နေသူ တိုင်တန်း သည်မှာ ညီမဖြစ်သူမဝင်းဝင်းနွယ် (ခ)ဘွေးဘွေး အသက်(၂၁နှစ်) (မွေးရာပါဆွံ့အ)သူ၏သမီးဖြစ်သူ သည် ငိုယိုနေ၍ချော့မေးကြည့်ရာ ယခုလ ၂၄ ရက် ည ၇ နာရီတွင် ရွာမြောက်ဘက် ဘောလုံးကွင်း အနောက်ဘက် ယာတောထဲသို့ ကျော်ကြီးအသက်(၂၄နှစ်)က ငွေ ကျပ် ၅ဝဝဝ ပေးမည်လာခဲ့ရန် (ရွာဆော်)ဦးတင်အောင်က ချိန်းဆို ခဲ့သဖြင့် သွားရောက်ခဲ့ရာ ကျော် ကြီး အသက်(၂၄နှစ်)က ရောက်ရှိ လာခြင်းမရှိဘဲ ဦးတင်အောင်(ရွာ ဆော်)ရောက်ရှိလာပြီး (ပါးစပ်) ပိတ်ပြီး သားမယားအဖြစ် တစ် ကြိမ်ပြုကျင့်ခဲ့ကြောင်း ညီမဖြစ်သူ မဝင်းဝင်းနွယ်(ခ)ဘွေးဘွေးက ခြေဟန်လက်ဟန်များဖြင့် ပြောပြ သိရှိရသဖြင့် ကျေးရွာအုပ်ချုပ်ရေး မှူးဦးကျော်စိုးထံ သတင်းပို့တိုင်ခဲ့ ပြီး ယမန်နေ့ နံနက် ၉ နာရီခွဲတွင် အေလာနယ်မြေရဲစခန်းသို့ အစ်မ ဖြစ်သူ မစောမြ အသက်(၃၂နှစ်)က မဝင်းဝင်းနွယ်(ခ)မဘွေးဘွေး(မွေး ရာပါဆွံ့အ)သူအား သားမယား အဖြစ်ပြုကျင့်ခဲ့သူ(ရွာဆော်)ဦးတင် အောင် အသက်(၆၂နှစ်) ဝဲကြီး ကျေးရွာ ရွှေပြည်သာအုပ်စု လယ်ဝေး မြို့နယ်နေသူအား ဥပဒေအရအရေး ယူပေးပါရန် တိုင်တန်းမှုဖြစ်၍ အဆို ပါတိုင်တန်းမှုကို အေလာနယ်မြေ ရဲစခန်းမှ စခန်းမှူးရဲအုပ်သိန်းမြင့် ထွန်းနှင့်နယ်ထိန်းအဖွဲ့ဝင်များနှင့် ဝဲကြီးကျေးရွာသို့ တရားခံအား အမြန်ဖမ်းမိနိုင်ရေးအတွက် ယမန် နေ့ နံနက် ၉ နာရီ ၄၅ မိနစ်ခန်တွင် သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံ (ရွာဆော်)ဦးတင်အောင်အား ရွာ လယ်လမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့ ပြီး မဝင်းဝင်းနွယ်(ခ)မဘွေးဘွေး၏ သားမယားပြုကျင့်ခဲ့စဉ်က ဝတ်ခဲ့ သောအဝတ်အထည်များနှင့် (ရွာ ဆော်)ဦးတင်အောင်၏ အဝတ် အထည်များအား သက်သေများရှေ့ တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ သည်။ အဆိုပါအမှုအား အေလာ နယ်မြေရဲစခန်းမှ (ပ)၁၅၈/၂ဝ၂ဝ ခုနှစ် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။