images
UN
UN
ဒါးပိန်-လှည်းကူးလမ်းမပေါ်၌ ဓားကိုင်မူးယစ်သောင်းကျန်းနေသူအား ဖမ်းဆီးအရေးယူ
နိုင်လင်း(လှည်းကူး) Wednesday, 29 July 2020
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ပိုက်ကြီးဝဲကျေးရွာ ထူးကဲလေးစားသောက်ဆိုင်ရှေ့ ဒါးပိန်-လှည်းကူးလမ်းမပေါ်တွင် ဓားကိုင်မူးယစ်သောင်းကျန်းနေသူအား ယမန်နေ့ ညနေ ၅ နာရီ ၁ဝမိနစ်က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၅ နာရီ ၁ဝ မိနစ်ခန့်က ပိုက်ကြီးဝဲကျေးရွာအတွင်း နယ်မြေလှည့်ကင်းဆောင်ရွက်နေစဉ် ပိုက် ကြီးဝဲကျေးရွာ ထူးကဲလေးစားသောက်ဆိုင်ရှေ့ ဒါးပိန်-လှည်းကူး လမ်းမပေါ်တွင် စိုးနိုင်(၄၆နှစ်)သည် ဓားကိုင်မူးယစ်သောင်းကျန်း နေကြောင်း သတင်းပေးချက်အရ လှည်းကူးမြို့မရဲစခန်းမှ ရဲတပ် ကြပ်အောင်ဆန်းမြင့်၊ ရဲတပ်ကြပ်ကျော်ဟိန်း၊ ရဲဒုတပ်ကြပ် ဖြိုးမောင် မောင်သိန်းတို့အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်ခဲ့ရာ စိုးနိုင်ဆိုသူသည် အရိုး(၁၁)လက်မ၊ အသွား(၂၂) လက်မခန့်၊ အရိုး/အသွား(၃၃)လက်မခန့်ရှိ ဓားဦးချွန်တစ်ချောင်းအား ကိုင် ဆောင်ကာ မူးယစ်သောင်းကျန်းနေသည်ကို တွေ့ရှိရသဖြင့် သက်သေ များရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လူ၏အသက်ကိုသေစေနိုင်သောအရိုး (၁၁)လက်မ၊ အသွား(၂၂) လက်မခန့်၊ အရိုး/အသွား (၃၃)လက်မ ခန့်ရှိ ဓားဦးချွန်တစ်ချောင်းအား ကိုင်ဆောင်သောင်းကျန်းနေသူ စိုးနိုင်(၄၆နှစ်) ပိုက်ကြီးဝဲကျေးရွာအုပ်စု လှည်းကူးမြို့နယ်နေသူအား လှည်းကူးမြို့မရဲစခန်းမှ လက်နက်အက်ဥပဒေပုဒ်မ-၁၉(င)ဖြင့် ဥပဒေအရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။