images
UN
UN
အသက်ငါးနှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့်သန်ချဆေးတိုက်ကျွေး
မျိုးညွန့်ရွှေ(မိုးနဲ) Thursday, 30 July 2020
ရှမ်းပြည်နယ်(တောင်ပိုင်း)လင်း ခေးခရိုင်မိုးနဲမြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန၏ ကြီးကြပ်မှုဖြင့် အသက်ငါးနှစ်အောက်ကလေးငယ် များအား ဗီတာမင်အေနှင့် သန်ချ ဆေးတိုက်ကျွေးခြင်းကို ဥယျာဉ် ရပ်ကွက် မိခင်နှင့်ကလေး ကျန်းမာ ရေးဌာန၌ ယမန်နေ့ နံနက်ပိုင်းက တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ထိုသို့တိုက်ကျွေးရာတွင် မိခင် နှင့်ကလေး ကျန်းမာရေးဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့်ကျန်းမာရေး ဆရာမများက ကလေးငယ်များ အား ကိုယ်အလေးချိန်တိုင်းတာ စစ်ဆေးခြင်း၊ အသက်ခြောက်လမှ တစ်နှစ်အောက်ကလေးငယ်များ အား ဗီတာမင်အေဆေးပြားတိုက် ကျွေးခြင်း၊ အသက်တစ်နှစ်မှ ငါးနှစ်အောက် ကလေးငယ်များ အား ဗီတာမင်အေ အနီရောင်တိုက် ကျွေးခြင်းနှင့် အသက် နှစ်နှစ်မှ ငါးနှစ်ကလေးငယ်များအားသန်ချ ဆေးပြားများ တိုက်ကျွေးခြင်းကို ဆောက်ရွက်ခဲ့ပြီး ကလေးငယ် ၂၁၃ ဦးကို ဗီတာမင်အေနှင့် သန်ချ ဆေးများ တိုက်ကျွေးပေးနိုင်ခဲ့ ကြောင်း မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာနမှ သိရသည်။