images
UN
UN
မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အင်းပေါင်းကျေးရွာအုပ်စုမှ ပါတီဝင်အဆိုပြုလွှာများလက်ခံ ပါတီဝင်အသစ်များအတွက် ပါတီဝင်အသိအမှတ်ပြုကတ်ပြားများပေးအပ်
ဝင်းအောင်(မိုးကောင်း) Thursday, 30 July 2020
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် အင်းပေါင်းကျေးရွာအုပ်စု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးဇော်မင်းနိုင်သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံးသို့လာရောက်၍ ကျေးရွာအုပ်စုမှ ပါတီဝင်အဆိုပြုလွှာ ၃ဝ ပေးအပ်ရာ မြို့နယ်ပါတီကိုယ်စား မြို့နယ်ပါတီ ကော်မတီဝင် စီမံရေးရာနှင့်မြို့နယ်ပါတီစည်းရုံးရေးနယ်မြေ(၄) တာဝန်ခံ ဦးဝင်းသိန်းက လက်ခံခဲ့သည်။
ထို့နောက် မြို့နယ်ပါတီကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဦးမြင့်စိုး က အင်းပေါင်းကျေးရွာအုပ်စုမှ ပါတီဝင်အသစ်များအတွက် ပါတီဝင် အသိအမှတ်ပြုကတ်ပြားများကို ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌထံ ပေးအပ်ခဲ့ ကြောင်း သိရသည်။