images
UN
UN
မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စာသင်ကျောင်းများသို့ နှာခေါင်းစည်းများလှူဒါန်း
ဖြိုးမောင်ဇော်(မအူပင်) Thursday, 30 July 2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ကဝက္ကင်းကျေးရွာအုပ်စုရှိ တာတပေါအခြေခံပညာအထက်တန်းကျောင်း၊ အဂါးကျေးရွာအုပ်စုရှိ စကားလွန်း အခြေခံပညာအထက်တန်းကျောင်း၊ အဂါးကျေးရွာရှိ အထက (ခွဲ)နှင့်ဝါးတောကျေးရွာရှိ အထက(ခွဲ) ကျောင်းများသို့ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ Mask (နှာခေါင်းစည်း)များလှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၁ဝ မှစတင်၍ အဆိုပါကျောင်းများတွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။
လှူဒါန်းရာသို့ မအူပင်မြို့နယ် အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ် ပါတီကော်မတီဝင်များက သွားရောက်လှူဒါန်းပေးခဲ့သည်။