images
UN
UN
မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ လုပ်ငန်းခွင်နှင့်မလွတ်ကင်းသည့်တောင်သူများအား သီးနှံလျော်ကြေးပေးအပ်
အောင်ခိုင်၊အောင်မြင့်မြတ်(မအူပင်) Thursday, 30 July 2020
ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ်တွင် မြန်မာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆောင်ရွက်လျက်ရှိသော မအူပင်-ညောင်တုန်း ၁၄ လက်မပိုက်လိုင်း မိုင်၂ဝအစားထိုးလဲလှယ်ခြင်း လုပ် ငန်းဆောင်ရွက်ရာတွင်မလွတ်ကင်း သည့် လယ်ယာမြေနှင့်ခြံပိုင်ရှင်များ အား သီးနှံလျော်ကြေးပေး အပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲက မအူပင်မြို့နယ် အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
သီးနှံလျော်ကြေးပေးအပ်ပွဲတွင် မအူပင်မြို့နယ် တာဝန်ရှိသူများနှင့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းစီမံကိန်း မန်နေဂျာဦးမြင့် ဇော်တို့က စီမံကိန်းလုပ်ငန်းဆောင် ရွက်ရာတွင်မလွတ်ကင်းသည့် ပြည်သူများ၏လယ်ယာမြေနှင့်ခြံ မြေများအတွက် ပြည်သူများနစ်နာ မှုမရှိစေရန် သီးနှံလျော်ကြေးပေး ရခြင်းဖြစ်ကြောင်းနှင့်နိုင်ငံတော်နှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင် ရွက်နေမှုများကိုရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် လုပ်ငန်းဆောင်ရွက် လျက်ရှိသည့်မအူပင်-ညောင်တုန်း ၁၄ လက်မပိုက်လိုင်း ဆက်သွယ် သည့် မိုင် ၂ဝ အတွင်းမှ မလွတ် ကင်းသည့်တလုပ်လပ်အရှေ့ကျေး ရွာ၊ အလန်းကျေးရွာ၊ ဝါးတော ကျေးရွာ၊မီးသွေးချောင်းကျေးရွာ များမှတောင်သူများအား နစ်နာ မှုမရှိစေရန်နှင့်တောင်သူတစ်ဦးချင်း ထံသို့ဆုံးရှုံးမှုတန်ဖိုးအလိုက် သီးနှံ လျော်ကြေးပေးအပ်ရာ တောင်သူ များကိုယ်စား တောင်သူဦးစိုးစံက ကျေးဇူးတင်စကားပြန်လည်ပြော ကြားခဲ့ကြောင်း သိရသည်။