images
UN
UN
ဆွမ်းစားကျောင်းဆောင်သစ်ဖြစ်မြောက်ရေး အလှူငွေဆက်ကပ်လှူဒါန်း
ဝင်းအောင်(မိုးကောင်း) Thursday, 30 July 2020
ကချင်ပြည်နယ် မိုးကောင်း မြို့နယ် လွဲလောကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းတိုက်ဝင်း အတွင်း ဆွမ်းစားကျောင်းဆောင် သစ်တည်ဆောက်ရန်အတွက် ကွယ် လွန်သူ ဒေါ်ညွန့်မေအားရည်စူး၍ ဦးဆန်းလွဲမိသားစု (လွဲလောကျေး ရွာအုပ်စု)က အလှူငွေကျပ် ၁ဝ သိန်းနှင့် ကွယ်လွန်သူ ဦးထွန်း ရင်အားရည်စူး၍ ဒေါ်ငွေတင် မိသားစု(လွဲလောကျေးရွာအုပ်စု) က အလှူငွေကျပ် ၁၄ သိန်းတို့ကို ယနေ့ နံနက်ပိုင်းက ကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တ ဝိစာရိန္ဒထံ ဆက်ကပ်လှူဒါန်းခဲ့ကြ ကြောင်း သိရသည်။