images
UN
UN
HIV ရောဂါကာကွယ်ရေးအတွက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များဆွေးနွေး
သိန်းသိန်း(ဗိုလ်တထောင်) Thursday, 30 July 2020
ရန်ကုန်အရှေ့ပိုင်းခရိုင် ဗိုလ် တထောင်မြို့နယ်တွင် HIV ရောဂါ ကာကွယ်ရေးအတွက် ရှေ့ဆက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယနေ့ နံနက် ၁ဝ နာရီတွင် မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပ သည်။
အဆိုပါဆွေးနွေးပွဲတွင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန် သောင်းနှင့်မြို့နယ်ပါတီကော်မတီဝင် များတက်ရောက်ကြပြီးလိုအပ်ချက် များနှင့်ပူးပေါင်းဆောင်ရွက်မှုများ ကို ညှိနှိုင်းဆွေးနွေးကြပြီး မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မင်းမင်းလတ်က ကိုယ်ဝန်ဆောင်မိခင်များသွေးစစ် ခြင်း၊HIV ပိုးရှိမရှိစစ်ဆေးခြင်း၊ ကွန်ဒုံးဖြန့်ဝေခြင်းများနှင့်တည်းခို ခန်းများစစ်ဆေးမှုအခြေအနေများ ကို ရှင်းလင်းဆွေးနွေးပြီး ပြည်သူ များကိုHIV ရောဂါကာကွယ်ရေး အတွက်အသိပညာပေးခြင်း၊ လက် ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း တို့ကို ပူးပေါင်းဆောင်ရွက်ရန်လို ကြောင်း ပြောကြားခဲ့သည်။