images
UN
UN
မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ကျောက်ပြားလမ်းခင်းရန်အတွက် အလှူငွေများလှူဒါန်း
ဖြိုးမောင်ဇော်(မအူပင်) Thursday, 30 July 2020
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် အောင်ဟိတ်-ဆိတ် သာလမ်း၊ တာပါတ်ကျေးရွာအပိုင်း ကျောက်ပြားလမ်းခင်းနေမှုကို မအူပင်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ နာယက ဦးရန်ဝင်း-ဒေါ်လွင်လွင်ဝေ မိသားစုကအလှူငွေကျပ် ၁ဝသိန်းနှင့် မအူပင်ခရိုင် မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အလှူငွေကျပ် ငါးသိန်း လှူဒါန်းခြင်းအား ယမန်နေ့ မွန်းလွဲ ၃ နာရီ၌ အဆိုပါလမ်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းရာသို့ ဧရာဝတီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော် မတီဝင် ဦးသက်လင်း၊ မအူပင်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော် ဖေဦး၊ အတွင်းရေးမှူး ဦးရန်နိုင်၊ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်၊ အတွင်းရေးမှူး ဦးသန်းစိုးနှင့် မြို့နယ် ပါတီကော်မတီဝင်များ ပါဝင်ဆောင်ရွက်ခဲ့ကြသည်။