images
UN
UN
မဲစာရင်းတွင်မပါသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်တင်ဖို့ ဆုံးဖြတ်ထားသည့်နေ့ရက်မှာ အချိန်မီမတင်နိုင်ခဲ့ ဒီကော်မရှင်ရဲ့ဆောင်ရွက်မှုတွေဟာ လွတ်လပ်တဲ့တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အလားအလာနည်းပါတယ်
ကိုနေ၊ ဗိုလ်စော Thursday, 30 July 2020
လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ဆောင်ရွက်ချက်များသည် လာမည့်ရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်ပေါ်လာရေးနှင့်ပတ်သက်ပြီးမဲစာရင်းမပါလို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းရန်အခက်အခဲ ဖြစ်ပေါ်နေသည့် အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌဦးသိန်းညွန့်အား ပြည်ထောင်စုနေ့စဉ်မှ ဆက်သွယ်မေးမြန်းမှုအား ဖော်ပြအပ်ပါသည်။
မေး။ ဆရာအနေနဲ့က ၁၉၉ဝ
ပြည့်နှစ် ရွေးကောက်ပွဲ မှာလည်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ဝ၁ဝမှာလည်း သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်၊အခုလည်းသင်္ဃန်းကျွန်း မြို့နယ်မှာပဲ ပါတီရုံးချုပ်ဖွင့်ထား တယ်။ ဆရာကိုယ်တိုင်လည်း သင်္ဃန်းကျွန်းမှာ နေလာတာ အနှစ် ၅ဝရှိလာပြီပေါ့နော်။ ဒါပေမဲ့မဲ စာရင်းထုတ်ပြန်တဲ့အခါမှာမဲစာရင်း မှာ ဆရာနာမည်မပါတဲ့အပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်အပေါ် ဘယ်လိုမှတ်ချက်ပေး ချင်ပါသလဲခင်ဗျ။
ဖြေ။ အဲဒါနဲ့ပတ်သက်ပြီး နောက်
ကြောင်းပြန်ရရင်တော့ ကျွန်တော် ၁၉၉ဝ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်းမဲဆန္ဒနယ် (၁) က အရွေးခံခဲ့တယ်။ လွှတ်တော်တက် ခွင့်မရပေမယ့်နှစ်ပေါင်း ၂ဝလုံးလုံး ပေါ့၊ ရွေးချယ်ခံကိုယ်စားလှယ် လောင်းရဲ့တာဝန်ကိုထမ်းခဲ့တယ်။ အဲဒီလိုပဲ ၂ဝ၁ဝ ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲမှာ သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်အဖြစ် အရွေးခံခဲ့ရတယ်။ အဲဒီတော့ အားလုံး သိတဲ့အတိုင်းပဲ ပထမအကြိမ် လွှတ်တော်မှာ မေး ခွန်းပေါင်း ၁၄၃၊ အဆို ၃ဝ၊ ဥပဒေ ကြမ်း၂၈ခုတင်ခဲ့တဲ့အတွက် ပြည် သူက လွှတ်တော်မင်းသားကြီးလို့ ခေါ်ဝေါ်ခဲ့တဲ့အထိ ကျွန်တော့်ရဲ့ ပုံရိပ်ကို ဖော်ပြခဲ့တယ်။ အဲဒီအပြင် ၂ဝ၁၅မှာလည်း လက်ရှိလွှတ်တော် ကိုယ်စားလှယ်အဖြစ် ကျွန်တော် ရွေးကောက်ပွဲဝင်ခဲ့တယ်။ သင်္ဃန်း ကျွန်း လူထုအကျိုးကိုလည်း ကျွန်တော်ဆောင်ရွက်ခဲ့တယ်။ အဓိကပြောရရင် သင်္ဃန်းကျွန်း စံပြဆေးရုံကြီးကို ခုတင် ၃ဝဝ ကနေ ခုတင် ၅ဝဝဖြစ်ဖို့အပြင် အခြားမြို့နယ်မှာ လိုအပ်တဲ့ ရေမီး လျှစ်စစ်စသည်နဲ့ ပတ်သက်ပြီး တော့ လူထုရဲ့တောင်းဆိုချက်မှန် သမျှ ကျွန်တော်လုပ်ခဲ့တယ်။ ကျွန်တော့်သက်တမ်းမှာ ကိုယ့် ထမင်းကိုယ်ရှာဖွေစားသောက်နေတဲ့ ဈေးသည်လေးတွေအပါအဝင် ဘဝပျက်မယ့်ကိစ္စမှန်သမျှတွေ အားလုံးကို ကျွန်တော်အကာ အကွယ်ပေးခဲ့တယ်။ အဲဒီလိုပဲ သင်္ဃန်းကျွန်းတစ်မြို့နယ်လုံးက လည်း သိကြတယ်။
အခု ၂ဝ၂ဝ ကျတော့လည်း အခုကျွန်တော့် မဲစာရင်း မပါလာဘူးဆိုတော့ ကျွန်တော်အံ့သြသွားတယ်၊၊သင်္ဃန်း ကျွန်းမြို့နယ်(ဇ)ရပ်ကွက်ကဥက္ကဋ္ဌတို့ ဆိုတာ ကျွန်တော်နဲ့ ဒီရပ်ကွက်ထဲ မှာ အတူနေခဲ့တဲ့သူတွေဖြစ်တဲ့ အတွက်ကြောင့် ကျွန်တော်ကိုယ် တိုင်လည်း အခုဒီမှာနေတာ နှစ် ပေါင်း ၅ဝ ရှိပြီ။ အခုမြို့နယ်အနေ နဲ့ကလည်း ကျွန်တော့်ကိုကော်မရှင် ရုံးက ပါတီကိစ္စနဲ့လာနေတဲ့အတွက် ကျွန်တော့်ကိုအမျိုးသားဒီမိုကရေစီ ပါတီသစ်ဥက္ကဋ္ဌသင်္ဃန်းကျွန်းမြို့ နယ်မှာ နေထိုင်သူဆိုတာ သူတို့ ရုံးဝင်ရုံးထွက်ကော အိမ်ကောမြင် တွေ့ဖူးတဲ့အတွက် သူတို့ သိပြီး သားပဲလေ။ အဲဒီတော့ ဘာဖြစ်လို့ ကျွန်တော့်နာမည်မပါလဲဆိုတော့ ကျွန်တော့်ဇနီးနာမည်ပါတယ်။ကျွန် တော့်ရဲ့သားကြီးနာမည်ပါတယ်။ ကျွန်တော့်အိမ်တင်မကဘူး တစ် ခြံလုံးမှာရှိတဲ့အိမ်တွေက လူတွေ အကုန်ပါတယ်။ ကျွန်တော့်နာမည် ကို ချန်ခဲ့တယ်ဆိုတာကတော့ ကျွန်တော် အချက်နှစ်ချက်ပဲလို့ ယူဆတယ်။ တစ်ချက်ကတော့ ဘာပြောပြောလေ ဒီကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေဟာ လွတ်လပ်တဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ အလားအလာ နည်းတယ် ဆိုတာ ကျွန်တော်တွေ့တဲ့ သက် သေခံချက် အထောက်အထားတွေ ပေါ်တိုင်း ကျွန်တော် ထောက်ပြခဲ့ တဲ့သူဖြစ်တယ်။ ဒီအတွက်များ ကျွန်တော့်အပေါ်မှာ တစ်စုံတစ်ရာ တုံ့ပြန်သလား၊ဒါလည်းကျွန်တော် စဉ်းစားတယ်။ နောက်တစ်ချက်က ဘာဖြစ်ဖြစ် အခုရွေးကောက်ပွဲမှာ မနေ့က ၂၉ရက်နေ့မှာ ပုံစံ ၃ (ခ)နဲ့ ကျွန်တော်တင်လိုက်ပြီ။ တကယ် တမ်းပြောရင် ရွေးကောက်ပွဲမှာ စာရင်းတွေသွင်းဖို့ ပေးထားတဲ့ ရက်က ဘာမှ မကျန်တော့ဘူး၊ တကယ်တော့ကျွန်တော်ကဇူလိုင်၃ဝ၊ ၃၁ အဲဒီရက်မှာ ကျွန်တော် ငွေ စာရင်းသွင်းမယ်။ အချိန်မီရင် ၃ဝ၊ ၃၁အလွန်အကျွံသြဂုတ်၁ရက်နေ့မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် သင်္ဃန်းကျွန်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကျွန်တော် လျှောက်လွှာ တင်ဖို့ စီစဉ်ထားတယ်။ အခုတော့ ဘယ်လိုဖြစ်ဖြစ် ကျွန်တော် လျှောက်လွှာတင်တဲ့ဟာအတွက် ကျွန်တော် အခက်အခဲဖြစ်သွားပြီ။ အကယ်၍ ဒီနေ့မှ မထုတ်ပြန် သေးရင် မနက်ဖြန် ဘဏ်မှာသွား ပြီးတော့ငွေစာရင်းချလန်သွင်းမယ့် ဟာတွေ မလုပ်နိုင်တော့ဘူး။ အဲဒီ တော့ ဒီဟာက ဘာရည်ရွယ်ချက် လဲ၊ ကျွန်တော်က လွှတ်တော်နဲ့ ပတ်သက်ပြီး အစဉ်အလာ ဆောင် ရွက်ခဲ့တယ်။ အခု ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးလည်း ကျွန်တော်တို့ ပါတီက သုံးနေရာဝင်ပြိုင်မယ် မဝင်လို့ မရဘူး။ အဲဒီတော့ အခုက သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်၊သင်္ဃန်း ကျွန်းမြို့နယ် တိုင်းဒေသကြီး မဲ ဆန္ဒနယ် အမှတ် (၁)၊ မင်္ဂလာဒုံမြို့ နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)၊ သုံးနေရာ ဝင်မယ် ဆိုတာလည်း ကျွန်တော် ဒီနေ့ ထုတ်ပြောပြတယ်။
အဲဒါကြောင့် ကျွန်တော်တို့ ပုံစံ၃(ခ)နဲ့ တင်ခဲ့တဲ့ အပေါ်မှာ ဘယ်လိုအဖြေပေး မလဲ။ လွှတ်တော်ကိုယ်စားလှယ် လောင်း တစ်ယောက်အနေနဲ့ သာမန်ပြည်သူနဲ့မတူဘူး။ သာမန် ပြည်သူတွေက အောက်တိုဘာလ ဒုတိယအပတ်မှာမှ သူတို့စာရင်း ထုတ်ပြန်တဲ့အခါမှာပါမပါ ထပ် ကြည့်လို့ရမယ်။ လွှတ်တော်ကိုယ် စားလှယ်က သူ့သတ်မှတ်ရက် အတိုင်းတင်ရမယ်လေ။ သတ်မှတ် ရက်အတိုင်းမှာ ကျွန်တော်ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် တင်ဖို့ပေါ့။ အလျင်အမြန် ဆောင်ရွက်ပေးခြင်း မရှိဘူးဆိုရင် ဒါလွတ်လပ်တဲ့တရားမျှတဲ့ ရွေး ကောက်ပွဲဆိုတဲ့ ခေါင်းစဉ်ကြီး အတွက် အင်မတန်ကြီးမားတဲ့ အမည်းစက်တွေ စွန်းလာလိမ့်မယ် လို့တော့ ကျွန်တော် ပြောပါရစေ။
မေး။ ဆရာ့ဇနီးကကွယ်လွန်
သွားခဲ့ပြီးလေ။ ဘာ ကြောင့် ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲစာရင်းထဲ ဘာဖြစ်လို့ပါနေပြီး ဆရာ့အမည်ကျတော့ ဘာဖြစ်လို့ ကျန်နေခဲ့တာပါလဲခင်ဗျ။
ဖြေ။ ဟုတ်ပါတယ်။ကျွန်တော့်
ဇနီးဒေါ်ခင်အေးနာမည် ပါတယ်လေ။ ကွယ်လွန်သူဒေါ်ခင် အေးနာမည်ပါတယ်လေ။ ဒေါ်ခင် အေးက မနှစ်က စက်တင်ဘာ ၂၇ ရက်နေ့ကကွယ်လွန်သွားပါတယ်။ ခုနကျွန်တော်ပြောခဲ့တဲ့ အချက် နှစ်ချက်ပေါ့။ အစောက ကျွန်တော့် ကို သူတို့တုံ့ပြန်သလား။ နောက် အခု၂ဝ၂ဝရွေးကောက်ပွဲ ကျွန်တော့် ဝင်ဖို့ရာ အနိမ့်ဆုံးပေါ့ဗျာ။ ကိုယ် စားလှယ်လောင်းတင်သွင်းဖို့ရာ တစ်ရက် သို့မဟုတ်နှစ်ရက်လော လောဆယ်တော့နှစ်ရက်နောက်ကျ သွားတယ်။ ကျွန်တော် စောစော တင်ချင်တယ်။ ကျွန်တော့်မူလ ရည်မှန်းချက်က ၃ဝ၊ ၃၁ လွန်က ကျွံက သြဂုတ်လ ၁ ရက်နေ့မှာ အပြီးတင်ဖို့ ကျွန်တော်ရည်စူး ထားတယ်လေ။ အဲဒီအတွက် လုပ်နိုင်ဖို့က ကျွန်တော့်အတွက်က မဲစာရင်းနံပါတ်ရမှ ပုံစံဖြည့်လို့ရမှာ ကိုး။ အခုထိကျွန်တော် မဲစာရင်း နံပါတ်မရသေးဘူးလေ။