images
UN
UN
မိုင်းယောင်း၌ ငွေကျပ် ၁၉ သိန်းကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ
စိုင်းယောင်းခမ်း Thursday, 30 July 2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့ ညနေပိုင်းက ငွေကျပ် ၁၉၅၈ဝဝဝ တန်ဖိုးရှိ စိတ်ကြွရူး သွပ်ဆေးပြားများ ၁၉၅၈ ပြား (အလေးချိန် ၁၉၅ ဒသမ ၈) ဂရမ်အား သိမ်းဆည်းရမိကြောင်း မိုင်းယောင်းမြို့မရဲစခန်းမှ သိရ သည်။
ဖြစ်စဉ်မှာ မူးယစ်တပ်ဖွဲ့စု (၃ဝ) တာချီလိတ်မှ ရဲအုပ်စောခိုင်၊ မိုင်းယောင်းမြို့မရဲစခန်းမှနယ်ထိန်း ဒုတပ်ကြပ် မျိုးဆွေနှင့် ရဲတပ်ဖွဲ့ ဝင်များပါဝင်သော ဌာနဆိုင်ရာပူး ပေါင်းအဖွဲ့သည် ယမန်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်က ဝမ်တပ်ကျေး ရွာရှိ နွဲ့ခမ့်(ခ)အိုက်ခမ့် နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၄င်းနှင့်အတူ အိုက်ဥတို့ နှစ်ဦးအား တွေ့ရှိရပြီး အိုက်ဥလွယ်ထားသည့် အစိမ်း ရောင် ချည်လွယ်အိတ်အတွင်းမှ အဖြူရောင်ကော်ဘူးအတွင်း ထည့် ထားသည့် WY စာတန်းပါလိမ္မော် ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄ ပြားနှင့် အစိမ်းရောင်တစ်ပြားကို လည်းကောင်း၊ နွဲ့ခမ့်(ခ)အိုက်ခမ့် ၏ အိပ်ရာခေါင်းရင်းကြမ်းပြင် ပေါ်မှ အဖြူရောင်ကော်ဘူးအတွင်း အပြာရောင်ပလတ်စတစ်ကပ်ခွာ အိတ်ငယ်ဖြင့်ထည့်လျက် WY စာတန်းပါ လိမ္မော်ရောင်စိတ်ကြွ ရူးသွပ်ဆေးပြား ၁၄၃ ပြားကို လည်းကောင်း၊ ဟွေထမ်ကျေးရွာ ရှိ အိုက်ဥနေအိမ်အား သွားရောက် ရှာဖွေရာနေအိမ်အောက် ကြက်ခြံ ပေါ်မှြေ>ွမရေခွံအိတ်အတွင်း လည် ရှည်သားရေဖိနပ်အတွင်း ထည့် ထားသည့် အပြာရောင်ပလတ် စတစ်ကပ်ခွာအိတ်ငယ်ဖြင့် ထည့် လျက် WY စာတန်းပါ လိမ္မော် ရောင်စိတ်ကြွရူးသွပ်ဆေးပြား တစ် ထုပ်လျှင် ဆေးပြား အပြား ၂ဝဝ ပါ ကိုးထုပ် စုစုပေါင်း စိတ်ကြွ ရူးသွပ်ဆေးပြား ၁၈ဝဝ ကိုလည်း အသီးသီးရှာဖွေသိမ်းဆည်းရမိခဲ့ သည်။
အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မူးယစ်ဆေးဝါးများနှင့် အတူဖမ်းဆီးရမိသူ နွဲ့ခမ့်(ခ)အိုက် ခမ့်(၃၆ နှစ်)နှင့် အိုက်ဥ(၂၆)နှစ်တို့ နှစ်ဦးအား မိုင်းယောင်းမြို့မရဲစခန်း မှ မယ(ပ)၁၅/၂ဝ၂ဝ၊ မူး/စိတ် ပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။