images
UN
UN
ရွေးကောက်ပွဲအကြို NO VOTE နဲ့ CAN'T VOTE အရှုပ်တော်ပုံ
မောင်ငြိမ်းသူ(ကြို့ပင်ကောက်) Thursday, 30 July 2020
ယခုတလော အပြောများ ရေပန်း စားလာတဲ့ စကားက''CAN'T VOTE'' မဲမပေးကြဖို့ လှုံ့ဆော်စကားပါပဲ။ ဘယ် သူက ကုလားဖန်ထိုးပြီး ကိုယ့်ဖဲကိုယ်ဝေ လိုက်တယ်တော့မသိဘူး။ ကာတွန်းဆရာ တွေကလည်း ကိုယ့်အမြင် ကိုယ့်အယူ အဆတွေနဲ့ ထောက်ပြကြ၊ ဝေဖန်ပြကြ၊ သရော်လှောင်ပြောင်ကြနဲ့ ၂ဝ၂ဝ ရွေး ကောက်ပွဲ မတိုင်မီမှာ စီစီညံအောင် ထွက်လာတဲ့အသံတွေပါ။
ပါတီစုံရဲ့ သဘာဝအတိုင်း မဲဆွယ် စည်းရုံးမှု နည်းဗျူဟာအစုံနဲ့ မက်လုံး အမျိုးမျိုးပေးနေကြပြီး ပြည်သူတွေ ကိုယ့် ပါတီဘက်ပါအောင် ဆွဲဆောင်ကျုံးသွင်း နေကြပါတယ်။ ပြည်သူတွေကလည်း တစ်ခါသေဖူး ပျဉ်ဖိုးနားလည်နေကြလို့ မဲပေးကြရမှာကို ငြီးငွေ့ စိတ်ကုန်နေကြ ပါပြီ။
ပါတီကြီး တစ်ပါတီက ပါတီအပေါ် သစ္စာရှိသူတွေကိုပဲ ရွေးတယ်လို့ ထုတ် ဖော်ပြောလိုက်တော့''ကာတွန်းဆရာ မိုးသွင်''က ''ပြည်သူအပေါ်လည်း သစ္စာရှိဖို့ပြောပေးပါ''လို့ လှောင်ပြောင် ခဲ့ပါတယ်။ အလွန်ပဲ မှန်ကန်လှပါတယ်။ ပါတီရဲ့ မျက်နှာကိုပဲ ကြည့်ကြမှာလား။ ပြည်သူရဲ့ ဒုက္ခတွေကို အဓိကမထားကြ တော့ဘူးလား။ ပြည်သူတွေကို ငဲ့ညှာ သနားခြင်းအလျှင်းမရှိကြဘဲ ပြောရဲ ပြောရက်လိုက်ကြတာများ အံ့အားသင့် ဖွယ်ပါ။ အံ့သြကုန်နိုင်ဖွယ်ပါ။
ဒါကြောင့် ဧရာဝတီတိုင်းဒေသကြီး ထဲက မြို့နယ်တစ်မြို့နယ်ရှိစာရေး ဆရာ တစ်ဦးက သူဘာမှမသိဘဲ မြို့ဖိမြို့ဖ အဖြစ်အရွေးခံရပြီး ကိုယ်စားလှယ် လောင်းတွေ ရွေးချယ်ကြတော့ပတ်ဝန်း ကျင်က ''ခင်ဗျားပါ ပါလျက်သားနဲ့ ဒီလူတွေကိုမှ ရွေးရသလားဗျာ''လို့ ဝိုင်း ပြီး ထေ့ကြ ငေါ့ကြတယ်တဲ့။ ဒီတော့ သူက ''ကျွန်တော် ဘာများတတ်နိုင်ဦး မှာလဲဗျာ။ ကျွန်တော်က အဲဒီမြို့သား ဖြစ်နေတာကိုး''လို့ ဆောင်းပါးမှာ အဆုံး သတ် သရော်ထားပါတယ်။
၂၅-၇-၂ဝ၂ဝ ရက်နေ့ထုတ် စံတော် ချိန်နေ့စဉ်သတင်းစာမှာ''ကာတွန်းဆရာ ဝင်းမျင့်''ကလည်း ''ကိုယ်ကြိုက်တဲ့ ကစားသမားမပါဘူးဗျာ'' ''နည်းပြ ကောင်းရဲ့ လျှို့ဝှက်အကွက်တွေ စောင့် ကြည့်ပါဦးလေ''လို့ တစ်မျိုး''ကာတွန်း ဆရာ ကာလူး''ကလည်း ''၂ဝ၂ဝမှာ အမုန်းဆွဲမယ်ဟေ့''''ဘုရား.... အမွဲဆုံး တော့ မလုပ်လိုက်ပါနဲ့တော်''လို့ တစ်ဖုံ ဂုဏ်မြောက်စွာ ထောက်ပြထားပါတယ်။
၂၅-၇-၂ဝ၂ဝ ရက်နေ့ထုတ်7 DAY NEWS နေ့စဉ်ထုတ်သတင်းစာမှာတော့ ''ကာတွန်းဆရာ ဒိုးကလေး''က ''NO VOTE လုပ်နေတာမဟုတ်ဘူးဗျ။ တိုက်ပွဲ တွေကြောင့် ပြေးလွှားနေရလို့ CAN'T VOTE ဖြစ်နေတာ''လို့ ကျည်ဆန်တွေ ကြားမှာ အထုပ်ကလေးထမ်းပြီး ကြောက် ရွံ့ပြေးလွှားနေသူရဲ့ ပုံလေးနဲ့ ထောက်ပြ ထားတာ အလွန်ပဲပီပြင်ပြောင်မြောက်လှ ပါတယ်။
ကိုယ့်အမြင် ကိုယ့်အယူအဆအရ ရေးသားကြ၊ ထောက်ပြကြတဲ့နေရာမှာ ကြားနေသူ၊ သူ့လူကိုယ့်လူ၊ သူ့ဘက် ကိုယ့်ဘက်ရှိနေကြမှာပါပဲ။ အနာပေါ် တုတ်ကျသလို အခံရခက်နေကြသူတွေ လည်း မလွဲမသွေရှိနေကြမှာပါပဲ။ ဘယ် လိုပဲဖြစ်ဖြစ် စိတ်မညစ်၊ စိတ်မကွက်၊ အမျက်မထွက်ကြဘဲ လွဲမှားနေရင် ပြင်ကြ၊ ဆင်ခြင်သုံးသပ်ကြပြီး အမှန် လမ်းပေါ်ရောက်အောင် စွမ်းဆောင်ကြိုး ပမ်းကြသင့်ပါတယ်။


''ငါတို့ဟာ ပြည်သူတွေရဲ့ အသည်း ကြားက မဲတစ်ပြားစီရယူခဲ့ကြပြီး ပြည်သူ တွေကို ပြန်ကြည့်ခဲ့၊ ငဲ့ညှာခဲ့ကြရဲ့လား။ ပြည်သူတွေကို အလုပ်အကျွေးပြုနိုင် ကြရဲ့လား။ ပြည်သူတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်နေကြရဲ့လား။ ရယူ ထားကြတဲ့လစာတွေနဲ့ ဝန်ဆောင်မှု တွေဟာ ငါတို့နဲ့ထိုက်တန်ကြရဲ့လား။ ငါတို့ပေးခဲ့ကြတဲ့ နှုတ်ကတိတွေဟာ အလုပ်သဘောနဲ့မညီကြလို့၊ တချို့ဆို ကတိလုံးဝမတည်ကြလို့ ကိုယ့်ကိုယ် ကိုယ် လိပ်ပြာလုံကြရဲ့လား။ အဓိက အချက်က ပါတီအပေါ်ပဲ သစ္စာရှိပြီး ပြည်သူအပေါ်သစ္စာမရှိကြတော့ဘူးလား။ ကိုယ့်ပါတီဝင်အချင်းချင်း အပြုသဘောနဲ့ ဝေဖန်သုံးသပ်အကြံပေးကြတာကိုတောင် ကက်ကက်လန်ရန်စောင်တုံ့ပြန်ပြီး ပထုတ် နေကြတော့ ခံနိုင်ရည်မရှိကြတော့ဘူး လား။ လုပ်ပိုင်ခွင့်လေးကို လက်လွှတ် ရမှာကြောက်နေကြသလား''။လားပေါင်း များစွာနဲ့ စဉ်းစားပြီး အဖြေရှာကြစေချင် ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ဝေဖန်တော့ ကြက် မွေးလေးနဲ့ ဝါဂွမ်းကလေးနဲ့ ဖွဖွကလေး ပွတ်သပ်နေကြသလို ညှာတာနေကြပြီး၊ တခြားသူကို ဝေဖန်တော့မှ ကျားလျှာနဲ့ တရကြမ်းဆွဲတိုက်သလို၊ ပျားပိတုန်းတွေ ဝဲသလို ထိုးနှက်နေကြရင်တော့မိုးဦးလေ ဦးကျမှာ တစ်ညလုံး ''အုံးအင် အုံးအင်'' လို့ အော်ဟစ်နေလေ့ရှိကြတဲ့ ဖားခုံညင်း ကြီးတွေကို မစားကောင်းလို့ ဥပေက္ခာ ပြုထားကြသလို တစ်ခါသေဖူး ပျဉ်ဖိုး နားလည်နေကြတဲ့ ပြည်သူတွေကတော့NO VOTE ပါပဲ။
NO VOTE ပြဿနာက ပါတီ တစ်ခုချင်းကို လက်ညှိုးထိုးမနေကြဘဲ ပါတီစုံနဲ့လည်းဆိုင်ပါတယ်။ရွေးကောက် ပွဲ ကော်မရှင်နဲ့လည်း ဆိုင်ပါတယ်။
ဒီနေရာမှာ ၁၃-၁၁-၂ဝ၁၉ ရက်နေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ ဧည့်ခန်းမဆောင်မှာ တပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်နဲ့ ဂျပန်နိုင်ငံ Yomiuri Shimbun သတင်းဌာန အာရှ ဒေသဆိုင်ရာ အထွေထွေဗျူရိုအကြီးအကဲ ဖြစ်သူ Mr.Norimasa Tahara တို့ တွေ့ ဆုံဆွေးနွေးမေးမြန်းဖြေကြားခဲ့တာတွေကို ပြန်လည်သတိရနေမိပါတယ်။
အမေးအဖြေများစွာရှိတဲ့အထဲက ''၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲအခြေ အနေ''ကို လက်ရှိအခြေအနေတွေနဲ့ စပ် လျဉ်းနေလို့ ကောက်နုတ်ဖော်ပြပေးလိုက် ပါတယ်။
''၂ဝ၂ဝ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက နိုင်မယ်ထင်ပါသလား။ တပ်မတော်နဲ့ထိတွေ့မှုများတဲ့ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက နိုင်သွား နိုင်မလား။ ဒီအပေါ်မှာ အဆွေတော်အနေ နဲ့ဘယ်လိုမြင်ပါသလဲ။ သိချင်ပါတယ်'' လို့မေးတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က''အမုန်းစကားတွေ လုံးဝမပါဘဲ၊ အမှန်တရား၊ လွတ်လပ်မှုနဲ့ တရားမျှ တမှုရှိလှတဲ့ အနှစ်သာရပါစကားတွေ'' ကိုသာ ဖြေကြားသွားခဲ့ပါတယ်။
''ရွေးကောက်ပွဲဆိုတာ ပြည်သူကနေ
ပြီးတော့ အစိုးရတစ်ရပ်ကို နိုင်ငံ့ခေါင်း ဆောင်တစ်ယောက်ကို ရွေးချယ်တဲ့လုပ် ငန်းဖြစ်ကြောင်း၊ ပြည်သူရဲ့အခွင့်အရေး တစ်ခု၊ ဒီအခွင့်အရေးကို ပြည်သူက မှန်မှန်ကန်ကန်အသုံးချနိုင်မယ်ဆိုရင်တော့ အင်မတန်ကိုအကျိုးရှိတဲ့ ကောင်းတဲ့ဟာ တစ်ခုပါ။ ''ရွေးကောက်ပွဲသည် လွတ် လပ်မှုနှင့် တရားမျှတမှုရှိဖို့လိုအပ်ပါ တယ်။ မြန်မာနိုင်ငံမှာ မဲပေးမှုတွေကြည့် တဲ့အခါ ၂ဝ၁ဝပြည့်နှစ် ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၇၇ ရာခိုင်နှုန်းကျော် လောက်မဲပေးခဲ့ပေမယ့် ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲမှာ မဲပေးခွင့်ရှိသူရဲ့ ၆၉ရာခိုင် နှုန်းလောက်ပဲ မဲပေးတာကိုတွေ့ရတယ်။ ၂ဝ၁၈ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကျ တော့ မဲပေးခွင့်ရှိသူရဲ့ ရာခိုင်နှုန်း ၅ဝ အောက်ကျပြီး မဲပေးတော့တယ်။ ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲမှာ ရာခိုင်နှုန်း ၁ဝကျော် ၁၅ရာခိုင်နှုန်းလောက်ပဲ မဲပေးကြပါတော့ တယ်။ တဖြည်းဖြည်းနဲ့ မဲပေးသူတွေကျ ဆင်းလာတဲ့အတွက် ရွေးကောက်ပွဲအပေါ်
ယုံကြည်မှုအားလျော့လာတာကိုတွေ့ရပါ တယ်။ အောင်မြင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့ ဆိုတာ လူအများစု မဲပေးတဲ့ရွေးကောက်ပွဲ မျိုးဖြစ်ဖို့လိုတယ်။ NLD ဖြစ်လာနိုင် သလား၊ USDP ဖြစ်နိုင်မလားဆိုတာထက် ရွေးကောက်ပွဲကို တကယ်အကျိုးရှိရှိ ရွေး ကောက်ပွဲဖြစ်ဖို့က ပိုအရေးကြီးတယ်။
''ပြည်သူလူထုကတော့ သူတို့အကျိုး ဖော်ဆောင်နိုင်တဲ့အစိုးရကို ရွေးမှာပါပဲ။ ပထမအကြိမ် ပြည်သူ့လွှတ်တော်သက် တမ်းမှာUSDP အစိုးရအနေနဲ့ အောင် မြင်တာတွေရှိသလို မအောင်မြင်တာတွေ ရှိတယ်။ လက်ရှိ NLD အစိုးရအနေနဲ့ လည်းအောင်မြင်တာတွေရှိသလို မအောင် မြင်တာတွေရှိတယ်။ တော်တော်လေးကို စိန်ခေါ်မှုတွေ ပြင်းထန်တာတွေ တွေ့ရပါ တယ်။ ပြည်သူက ဆုံးဖြတ်မယ့်ကိစ္စဖြစ် တော့ ကျွန်တော့်အနေနဲ့ထင်မြင်ချက်ပေးဖို့ ခက်ပါတယ်။ နှစ်ပါတီပဲ ရည်ညွှန်းပြီး မေးသွားတော့မြန်မာနိုင်ငံမှာ ပါတီပေါင်း တစ်ရာကျော်ရှိတယ်။ (ထိုအချိန်က) ရွေးကောက်ပွဲမှာ အနည်းဆုံး သုံးမြို့နယ်ပဲ ဝင်ပြိုင်မယ့်ပါတီလည်းရှိတယ်။ တချို့ လည်း အားကောင်းတဲ့ပါတီတွေရှိနေ တယ်။ အထူးသဖြင့် တိုင်းရင်းသားနယ် မြေတွေထဲမှာ တိုင်းရင်းသားပါတီတွေ ဟာ ပိုပြီးတော့ အားကောင်းနိုင်တဲ့အနေ အထားမျိုးကို တွေ့ရပါတယ်။ ပါတီကြီး နှစ်ခုတင်မဟုတ်ဘဲ တခြားပါတီတွေ လည်း အလားအလာရှိနေတယ်ဆိုတာ လည်း ပြောချင်တာပါ''
ကာကွယ်ရေးဦးစီးချုပ်ရဲ့ ရှင်းလင်း ဖြေကြားချက်တွေထဲမှာ ဒီနေ့လက်ရှိကြုံ တွေ့နေကြရတာတွေနဲ့ တစ်ထပ်တည်း
ကျနေပါတယ်။ ဒါကြောင့် ကျွန်တော်က ''အမုန်းစကားများ လုံးဝမပါတဲ့ အမှန် တရား၊ လွတ်လပ်မှုနဲ့တရားမျှတမှုကို ဖော်ထုတ်လိုက်တဲ့ကာကွယ်ရေးဦးစီးချုပ် ရဲ့ရင်တွင်းစကား'' ရယ်လို့ သတ်မှတ် ထားခဲ့ပါတယ်။